Ning မှ ဒေါ်လာ ၄ ဘီလီယံခန့် ဈေးကွက် အခွင့်အလမ်းရှိဟု ယုံကြည်
ပြီးခဲ့သောလအတွင်း လူမှုကွန်ရက် ဝဘ်ဆိုက်ဖန်တီးသူ Ning က ၎င်း၏ Ning ကွန်ရက်များအား အခကြေးငွေ ပေးသွင်းရတော့မည့် ဝန်ဆောင်မှုများအဖြစ် ပြောင်းလဲတော့မည်ဟု ကြေငြာခဲ့သည်။ ထိုသို့ပြောင်းလဲရခြင်းမှာ မိမိတို့သည် Ning.com မှ ဈေးကွက်ရနိုင်ချေ အခွင့်အလမ်း ဒေါ်လာ ၄ ဘီလီယံ ခန့်ရှိသည်ဟု ယုံကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု Ning ၏ CEO Jason Rosenthal ကပြောကြားပါသည်။
Ning ၏ အမူဆောင်အရာရှိချုပ် (CEO) ဟောင်း Gina Binachini သည် ပြီးခဲ့သော ၂ လခန့်မှစ၍ CEO ရာထူးမှရပ်ဆိုင်းခဲ့သည့် နောက်ပိုင်း ကုမ္ပဏီအတွင်း ဝရုန်းသုန်းကား အခြေအနေများ ပေါ်ပေါက်ခဲ့ပြီးနောက် ၀န်ထမ်းအရေအတွက် ၄၀% လျော့ချလိုက်ရပြီး Ning ကိုလည်း အခကြေးငွေ ပေးသွင်းရမည့် premium ဝန်ဆောင်မှုအဖြစ် ပြောင်းလဲခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဆက်ဖတ်ရန်»



















