• ရသစာပေ, ဝထ္ထုတို

    Posted on April 5th, 2010

    Written by PatheinCity

    Tags

    စံပယ်တစ်ပွင့် ခရေတစ်ကုံး

    စံပယ်တစ်ပွင့် ခရေတစ်ကုံး

    ကျောင်းဆရာ အလုပ်ကို ၀ါဿနာအကြီးဆုံး ၊စကားလုံး မြင့်မြင့်တွေနဲ့ အတွေးအခေါ်ပိနေသူကို ပြပါဆိုရင် ကျွန်တော်တို့ အုပ်စုထဲမှာ စိုးမြင့်ကိုပဲ ပြရမယ်…။ သူများတကာတွေ (ကျွန်တော် အပါအ၀င်ပေါ့ ) ကျောင်းအားခိုက် ဟိုယောင် သည် ယောင်ဖြစ်နေတုန်း စိုးမြင့်က ရိုးမဘက် ခပ်ကျကျ ရွာလေးတစ်ရွာရဲ့  တွဲဖက်ကျောင်းမှာ ဆရာလုပ်ဖို့ စီစဉ်ပြီးသွားပြီ…။ ဒီတုန်းက ကျွန်တော်တို့ အုပ်စုရှိရာ မြောက်ကြွမြောက်ကြွနဲ့ ရောက်လာတဲ့ စိုးမြင့်ပုံကို မှတ်မိနေသေးတယ်….။

    “ဟေ့ကောင်တွေ …..ငါ အလုပ်ရပြီကွ...”

    နည်းနည်း အံ့သြသွားပေမယ့် စိုးမြင့်ပုံကို အမြင်ကတ်တာနဲ့ သူတို့ တတွေ မသိသယောင်ဆောင်နေကြတယ်….။ဟိုကောင် လင်းလင်းကလည်း အာပေါင်အာရင်းသန်သန် နဲ့  ဘယ်နိုင်ငံမှာ ဘာတွေ ဖြစ်နေကြောင်း ဟုတ်တာ မဟုတ်တာ အသာထား စကားဆက် မပြတ်အောင် ဆက်ပြောနေတယ်…..။ စိုးမြင့်ကလည်း မှုတယ် မထင်ပါဘူး….။သူပြောချင်တာပဲ ဆက်ပြောပြီး စကားဝိုင်းထဲ ၀င်လာတယ်…..။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ရသစာပေ, ဝထ္ထုတို

    Posted on March 23rd, 2010

    Written by PatheinCity

    Tags

    ထာဝရ ရှင်သန်ခွင့်

    ထာဝရ ရှင်သန်ခွင့်

    - ၁ -

    မိုးစက် မှုန်မှုန်တွေက ရင်ထဲက အလွမ်းတွေကို ပိုမိုအားဖြည့် ပေးနေသလိုပါပဲ။ အဲဒီ မိုးစက်တွေရယ်.. ကျွန်တော်ရယ်.. သူမရယ်..။ ဒီကနေ့မှ သူမကို ပိုလွမ်းနေမိတယ်။ ဦးတည်ချက်မဲ့ ခြေလှမ်းတွေက တဖြည်းဖြည်းချင်း သူမအိမ်ဘက် ခြေဦးလှည့် လို့…။

    သူမအိမ်ရောက်ပြီမို့ ခြံထဲကိုမျှော်ကြည့်လိုက်တယ်။ သူမ အမေနဲ့အဖေ အပြင်ကို သွားမဲ့ဟန်နဲ့ထွက်လာတယ် (အရင်ကလို ဆိုရင်တော့ ကျွန်တော့်ကို မမြင်စေရန် ပုန်းကွယ်နေမှာဖြစ်သော်လည်း ယခုတော့ ပုန်းကွယ်မနေချင်တော့)။ ခြံရှေ့မှာ ရပ်နေတဲ့ ကျွန်တော့်ကိုဂရုမစိုက်၊ အဖက်မတန်၊ အရေးမပါတဲ့သဘောနဲ့ ကျွန်တော့်ဘက်ကို တစ်ချက်ပင်စောင်းငဲ့မကြည့်…။ ကျွန်တော့်ကို   ခြံစောင့်ကပါ အဖက်မလုပ်ဘဲ သူမအဖေနဲ့အမေ ကားနဲ့ထွက်သွားသွားချင်း ခြံတံခါးပိတ်လိုက်ပြီ။

    အင်းပေါ့လေ… ဒီ မိသားစုဟာ အစကတည်းက ကျွန်တော့်ကို ကြည်ဖြူခဲ့ခြင်းမှ မရှိခဲ့ပဲ။ ညလေညှင်းရယ်…ငါနင့်ကို အရမ်းလွမ်းတယ်..။ ကျွန်တော် ရင်ထဲမှ တီးတိုးတမ်းတရုံအပြင် ဘာမှမတတ်နိုင်ခဲ့ပါ။ သူမ မရှိပေမဲ့လည်း သူမခြံရှေ့ရောက်လျင်ပဲ ရင်ထဲက အလွမ်းတို့က ထက်ဝက်နီးနီးသက်သာရာရတော့ သူမကိုလွမ်းတဲ့အခါ သူမခြံရှေ့လာရင်းအလွမ်းဖြည်ခဲ့ရတယ်။ ခပ်ဖျော့ဖျော့ တိုက်ခတ် လိုက်တဲ့ မိုးလေပြည်ကြားက မြေရနံ့ခပ်သင်းသင်းက ငါ့ကို ပိုရူးသွပ်စေတယ် ညလေရယ်.. ယောက်ျားလေးမို့ မျက်ရည်မကျသင့်ဘူးလို့ တော့.. တဆိတ်လှောင်ရယ်မပစ်နဲ့ဟာ.. ငါပျော့ညံ့လွန်းလို့မဟုတ်ဘူး.. လွမ်းလွန်းလို့ပါ လေးလံတဲ့ ခြေလှမ်းတွေက ကျွန်တော့်ကို အိမ်သို့ပြန်လည် သယ်ဆောင်သွားကြတယ်…။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Page 3 of 3123