• ရှာ

    ရှာ

    ရှာ

    (၁)

    ကျုပ်မှာ သူငယ်ချင်းတယောက်မှ မရှိဘူး။ စကားပြောစရာ၊ တိုင်ပင်စရာ ဘယ်သူမှ မရှိဘူး။ ကျုပ်ကို အရေးတယူ အဖက်လုပ်ပြီး ခင်မင်မယ့်သူ တယောက်မှ မရှိဘူး။ လူတွေအားလုံးဟာ အတ္တ ကြီးမားကြတယ်။ ဂုဏ်မက်ကြတယ်။ သာတဲ့သူကိုပဲ ကိုးကွယ်ကြတယ်။ ကျုပ်ကိုတော့ သူတို့လိုတဲ့အခါ အသုံးချဘို့ သတ္တဝါ တကောင်လောက်လိုပဲ သဘောထားကြတယ်။

    တကယ်တော့လည်း ကျုပ်မှာ စာတော်တာက လွဲပြီး လူတွေလက်ခံနိုင်စရာ ဘာတခုမှ မရှိဘူး။ ဆင်းရဲတယ်။ ရုပ်ဆိုးတယ်။ မွဲပြာ ပိန်ခြောက်တဲ့ ခန္ဓာကိုယ်နဲ့ညှင်းသိုးသိုး မှုန်တေတေ မျက်နှာပေါက်ကို လူတိုင်းက မျက်နှာလွှဲသွားကြတာချည်းပါပဲ။ လူကြီးတွေ ဆရာ/မ တွေကအစ မကောင်းပါဘူး၊ မျက်နှာလိုက်ကြတယ်။ ချမ်းသာတဲ့သူ ရုပ်ရည်တင့်တယ်တဲ့သူကိုပဲ ပြောဆို ဆက်ဆံ ကူညီချင်ကြတယ်။ အားလုံးရယ်မော ပျော်ရွှင်နေချိန်မှာ ကျုပ်ကတော့ တယောက်ထည်း ခပ်ကုပ်ကုပ်ထောင့်လေး တနေရာမှာ။ ကျုပ် လူတွေအားလုံးကို မုန်းတယ်။

    စာအုပ်တွေကပဲ ကျုပ်ရဲ့ အဖော်မွန် ဖြစ်လာတာ မဆန်းဘူး။ ကျုပ်ကို စကားပြောမယ့် အရေးတယူလုပ်မယ့်သူ မရှိတဲ့ဘဝမှာ စာအုပ်တွေဟာ ကျုပ်ရဲ့ အဖော် ကျုပ်ရဲ့ ကိုယ်ရံတော် ကျုပ်ဘဝ စိတ်ခံစားမှု ထွက်ပေါက်တွေ သက်သာငြိမ်းအေးစရာ ဖြစ်ခဲ့တယ်။ ကျုပ် စာတွေချည်းဖတ် စာကြိုးစား စာတော်တော့လည်း ကျုပ်ကို မနာလိုကြပြန်ရော။ အချင်းချင်း မနာလိုကြတာ ထားပါအုန်း၊ ဆရာ/မ တွေရဲ့ အကြည့်တွေကလည်း မလွဲသာလို့ ဆက်ဆံနေရပေမယ့် မင်းက ဘာဖြစ်လို့ ဒါတွေ သိနေတတ်နေတာလဲ ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ မျက်လုံးတွေဆီက လာနေကြတယ်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • လွယ်

    လွယ်

    လွယ်

    (၁)

    ကျနော်နဲ့ မမခင်ရှိန် ပုသိမ်တမြို့လုံးဆိုင်ရာ ကျောင်းပေါင်းစုံ အမျိုးသားနေ့ စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲမှာ ဆုံပါသည်။ ကျနော်က ပထမဆု၊ မမခင်ရှိန်က ဒုတိယဆု၊ ကိုတင်အေး (တိုးဝေ)က တတိယဆု။ အမှတ်(၂) အထက (နေရှင်နယ်)ကျောင်းမှာ ဂုဏ်ပြုညစာ စားပွဲနဲ့ ဆုပေးပွဲလုပ်သည်။ ဘာကြောင့် ဘယ်လိုမသိပါ။ ကျနော်တို့ ဆုတွေတက်ယူပြီး ဖွင့်ကြည့်ကြသောအခါ ကျနော့် ပထမဆုမှာ ထမိန်၊ မမခင်ရှိန်ရဲ့ ဒုတိယဆုမှာ ပုဆိုးဖြစ်နေပါသည်။ ထို့ ကြောင့် ကျနော်တို့ အချင်းချင်း ဆုချင်းလဲရန် သဘောတူကြသည်။

    “အိမ်မှာ အပ်ချုပ်စက်ရှိတယ်။ မမချုပ်ပေးလိုက်မယ်”

    သူ့ကိုယ်သူ “မမ”လို့  သုံးလိုက်တာလေး ကျနော့် နားထဲစွဲဝင်သွားသည်။ နောက်တရက်တွင်  ကျနော် မမခင်ရှိန်နေရာ နေရှင်နယ်ကုန်း (ထောင်ကုန်းလမ်းနဲ့ အမှတ် ၂ အထက ကျောင်းထောင့်) ကို ပုဆိုးယူဘို့ရောက်ခဲ့သည်။ မမခင်ရှိန်က တခါထည်း ဝတ်ကြည့်ဘို့ပြောသည်။ ရှက်၍ ကျနော် မဝတ်ကြည့်ခဲ့ပါ။

    မမခင်ရှိန်က ငပုတောက လာပြီး အထက (၃)မှာ တက်သည်။ ကျနော့်လိုပဲ ဆယ်တန်း။ မြန်မာစာနဲ့ ဘိုင်အိုက လွဲပြီး ကျန်တဲ့ဘာသာတွေ အားနည်းမှန်း ကျနော်သိခဲ့သည်။ ကျနော်က ဘာသာအားလုံးကို စိတ်ဝင်စားသည်။ ကြိုက်သည်။ ကြိုးလည်းကြိုးစားသဖြင့် အတန်းထဲမှာ ထိပ်ဆုံးကချည်းနေခဲ့သည်။

    နောက်ပိုင်းတွင် စနေ တနင်္ဂနွေနေ့တိုင်းနီးပါး  မမခင်ရှိန်ဆီရောက်ပြီး အယ်လ်ဂျီဘရာ ဂျီရော်မေတြီ ဖစ်ဇစ်တွေ ပြပေးရသည်။  မမခင်ရှိန်က ကျက်အားတော့သန်သည်။ ခယ်မစ်စတြီ ဆိုပါစို့။ အီကွေးရှင်း တရာကျော်ကို အလွတ်ရသည်။ ဗေလင်စီပါ ပါအောင်ကျက်ထားသည်။ ကျနော်က ဗေလင်စီညှိနည်းကို သင်ပေးပေမယ့်  မမခင်ရှိန်နားမလည် စိတ်မဝင်စား။ အင်္ဂလိပ်စာဆိုလည်း ရှော့ ကွယ်ရှင်၊ လောင်း ကွယ်ရှင်၊ အက်ဆေးတွေ အကုန်လုံးကျက်ထားသည်။ အဓိပ္ပါယ်တော့ သူမသိ။ ကိုယ့်ဖာသာကိုယ် နားလည်အောင် လွယ်လွယ်လေးနဲ့ ရေးဖို့ ကျနော်ပြောသည်။ မမခင်ရှိန် မလုပ်နိုင်။

    ကျနော်တတ်နိုင်သလောက် မမခင်ရှိန်ကို သင်ပေးပါသည်။ ထိုအချိန်များက မမခင်ရှိန် ကျွေးသော လ္ဘက်သုတ် ပုဇွန်ခြောက်သုတ်များကို ကျနော် ဘယ်တော့မှ မမေ့နိုင်ပါ။

    ဆယ်တန်းဖြေပြီးပြီးချင်း မမခင်ရှိန် သူ့ဇာတိ ငပုတောကို ပြန်တော့၊ ကျနော် မမခင်ရှိန်ကို သဘောင်္ဆိပ်လိုက်ပို့ သည်။

    “မမတော့ အောင်မှာမဟုတ်ဘူး။ အိမ်မှာပဲစက်ချုပ်ဆိုင်ဖွင့်ပြီး လင်ယူတော့မယ်”

    မမခင်ရှိန် ပြုံးစိစိဖြင့် ကျနော့်ကိုပြောသည်။ ကျနော့်ရင်ထဲ ဝမ်းနည်းသလိုလို ဖြစ်မိသည်။

    “ကံကောင်းရင်လည်း အောင်မှာပေါ့ မမရယ်”

    ကျနော်ပြောလိုက်သည်။

    မမခင်ရှိန် မျက်နှာလေးကို ကျနော် အတော်ကြာ ကြည့်နေမိသည်။ မမခင်ရှိန်ကလည်း ကျနော့်ကို ကြည့်နေပါသည်။

    ဖြည်းဖြည်းလေးရွေ့ ကာ ကမ်းကခွာနေတဲ့ သဘောင်္ပေါ်က မမခင်ရှိန်ကို ကျနော် အကြာကြီး ရပ်ကြည့်နေမိသည်။ တဖြည်းဖြည်းခွာဝေးခြင်း ဝေဒနာမှာ ပူလောင်နေကြောင်း ကျနော်သတိထားခဲ့မိသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ဇီဇဝါ အိပ်မက်

    ဇီဇဝါ အိပ်မက်

    ဇီဇဝါ အိပ်မက်

    (၁)

    မိုင်ယာမီကို ဟိုတုန်းက သုံးလေးခေါက် ရောက်ဖူးသည်။ အမှတ်တမဲ့၊ ဖြတ်သွား ဖြတ်လာ လောက်သာ စိတ်ထဲရှိခဲ့ပြီး၊ အလေးအနက် မကြည့်ခဲ့မိပါ။ ဒါပမယ့် ပြီးခဲ့တဲ့ ၂ နှစ်က အမျိုသမီး နဲ့ ဗကေးရှင်းသွားတုန်း၊ ယူအက်စ်ဝမ်း လမ်းမကြီး တောက်လျှောက် ကားမောင်းသွားရင်း လမ်းဘေးဝဲယာမှ နီနီရဲရဲ စိန်ပန်း၊ စိမ်းညို့ညို့သရက်၊ အရွက်ဖားဖားအုန်းပင်များတွေ့ရသောအခါ မောင်တို့ဒီမှာ အိမ်လာ ဝယ်ရင် ကောင်းမယ်ဟု လွှတ်ကနဲပြော လိုက်မိသည်။

    ကျနော်တို့လင်မယား မိုင်ယာမီကို ကြိုက်မိပြီ။ နံပါတ်တစ် – ရာသီဥတု ပူသည်။  နံပါတ် နှစ် – သစ်ပင်ပန်းမာလ်များ။  စိန်ပန်းနီ စိန်ပန်းဝါ ငု သရက် အုန်း ဗမာပြည်ကအပင် မှန်သမျှ တွေ့ နိုင်သည်။ နှစ်ကာလ ရှည်လျှားစွာ ရင်ထဲ ပုန်းဝှက် မြိုသိပ်ထားခဲ့သော ဗမာပြည် အလွမ်းစိတ်တွေ ဘွားကနဲပေါ်လာသည်။  ဗကေးရှင်း တလျှောက်လုံး မိုင်ယာမီမှာ အိမ်ဝယ် ဘို့ကိစ္စ ကျနော် တို့  စိတ်ကူးယဉ်ကြသည်။ ဗကေးရှင်းက ပြန်လာ တော့ စိတ်ကူးကို စပြီး အကောင်အထည် ဖော်ကြသည်။  အင်တာနက်မှတဆင့် မိုင်ယာမီမှ ရောင်းရန် အိမ်များကို ရှာတော့သည်။

    တိုတိုဆိုကြပါစို့။  လပိုင်းအတွင်း ကျနော်တို့ကြိုက်သော အိမ်တလုံး ကျနော် တို့ တတ်နိုင်သော ဈေးဖြင့်ဝယ်လိုက်ပါသည်။  ကျနော်တို့နှင့် မိသားစုသဖွယ် ခင်မင်နေ သော ကန်ထရက်တာ တယောက်က မိုင်ယာမီသို့သွား၍ ကျနော်တို့ အိမ်ကို ပြင်စရာ ရှိတာ ပြင်ပေးသည်။  အားလုံး အဆင်သင့်ဖြစ်သောအခါ ကားကြီး ၂ စင်း၊ ကားလေး ၁ စင်းဖြင့် ကျနော်တို့ မိုင်ယာမီသို့ပြောင်းလာခဲ့သည်။  ကိုယ့်နိုင်ငံကိုယ် ပြန်ပြောင်း လာရသလို ခံစား ရသည်။  
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အသက်ထွက်သွားသော စောင့်ထိန်းခြင်း

    အသက်ထွက်သွားသော စောင့်ထိန်းခြင်း

    အသက်ထွက်သွားသော စောင့်ထိန်းခြင်း

    ညသည် တိတ်ဆိတ်စွာ ငြိမ်သက်စ ပြုနေပြီ ဖြစ်သည်။ လမ်းမပေါ်တွင်လည်း လူ အသွားအလာ ကျဲပါးနေပြီ ဖြစ်သည်။ ညသည် လှကောင်း လှပေမည်။ သို့သော် ထို လှပသောညကို ခံစားဖို့ နေနေသာသာ ပင်ပန်းနွမ်းနေသော ခန္ဓာကိုယ်ကို မလျှက်က အိမ်ရောက်ဖို့ တအားလျှောက်ယူ နေရသည်။ ရာသီက ပူရသည့်အထဲ အလုပ် ကလည်း ဒီကနေ့ ပိုပင်ပန်းသဖြင့် သူ အားအင်တွေ ကုန်ခမ်းနေပြီ ဖြစ်သည်။ သူ စီးလာသော ဘတ်စ်ကားကလည်း သူ့ လက်ကျန် အင်အားများကို ယူထားလိုက်ပြီ ဖြစ်သည်။ လူလည်း ဖွတ်သထက် ညစ်နေပြီ။

    တစ်လတစ်လ ရသည့်ငွေနှင့် ဘယ်လိုမှ မကာမိ။ အလုပ်တွင် ရံဖန်ရံခါ အောက်ဆိုက်လေးမှ မရရင် အိမ်က မိန်းမက ခိုသံပေးကာ မတရား ငြီးမည်။ ဒီ ဗိုက်ပြဿနာ ပါးစပ်ပြဿနာကြောင့် ခက်လှသည်။ သို့သော် မဝတ်ဘဲ နေလို့ရသည်။ မစားဘဲ နေလို့ရသည် မဟုတ်။ သားသမီးတွေရဲ့ ပူဆာမှုကိုလည်း ဟိုနေ့ဝယ်ပေးမည် သည် နေ့ ဝယ်ပေးမည်ဟု နေ့ရွှေ ညရွှေ့ လုပ်လာခဲ့သည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိ။ သူတို့သားသမီးများ ကံဆိုးဘိချင်းဟု တွေးမိသည်။ သို့သော် သူ့အစွမ်းက ကုန်ပြီဖြစ်သည်။ သိန်းထီများကလည်း မပေါက်နိုင်။

    သူ သိပ်ပင်ပန်းလာသော ရက်မျိုး စိတ်ကလည်း အထိမခံအောင် တိုနေချိန်မျိုးဆိုက ထိုသို့ကလေးများ ပူဆာသောအခါ အော်ငေါက်ပစ် လိုက်မိမည်ဖြစ်သည်။ သူလည်း အဖေထဲက အဖေ ပင်ဖြစ်၍ သားသမီးအလိုကိုတော့ လိုက်ချင်ပါသည်။ ကလေးနှစ်ယောက် နှင့် သူ့မိသားစု အတွက် သူ တစ်ယောက် တည်း ရုန်းရသည်မှာ လွယ် လှသည်မဟုတ်။ မိန်းမလုပ်သူက အသုတ်ဆိုင်ကလေး ဖွင့်ပြီး သူ့ကိုကူညီလို့သာ သူ အသက်ရှု အ နည်းငယ် ချောင်နေခြင်းဖြစ်သည်။ အငယ်ကောင်လေးက နောက် နှစ်ဆို ကျောင်းထားရ တော့မည်။ အကြီးကောင်က သုံးတန်း။ ကျောင်းစရိတ် ကျူရှင်စရိတ် တွေးပူရရင် ထမင်းပင် စားနိုင်တော့မည် မဟုတ်ပေ။

    အိမ်ပြန် ရောက်ရောက်ချင်း ခြေပစ်လက်ပစ်လှဲ ပစ်ချင်စိတ်သာ လွှမ်းမိုးနေလေသည်။ ခြေသလုံးကြွက်သားများ ကလည်း ညောင်းချိနေသလို ဇက်ကြောကလည်း နောက်မှ ဆွဲထားသလို တင်းနေပုံကြောင့် မအီမသာကြီး ဖြစ်နေလေသည်။ တစ်ကိုယ်လုံးလည်း ချွေးများနှင့် စီးထန်းနေလေ၏။ သူ့ရှေ့မှ ကားတစ်စီး ဝူးကနဲ မောင်းထွက် သွားသည်။ အိမ်ပြန်ချင်စိတ် အားကြီးနေသော သူ…. ရုတ်ရက်မို့ လန့်သွားသည်။ တစ်ပြိုင်နက် ဒေါသကလည်း မဆီမဆိုင် ထွက်သွားသည်။ ပါးစပ်မှလည်း ပက်ကနဲ့ ဆဲမိသွားသည်။

    ကားရပ်ထားခဲ့သော နေရာသို့ရောက်တော့ လမ်းမပေါ်တွင် မည်းမည်း အရာဝတ္တုတစ်ခုကို သူ တွေ့လိုက်ရ သည်။ ဘာများဖြစ်မည်နည်း။ အလင်းရောင်ကလည်း အားနည်းသည်။ သူ အိမ်ကို အနည်းငယ် မေ့သွားသည်။ လေးထောင့် ရှည်မျောမျော အရာတစ်ခု။ ထိုအရာဝတ္တုနားသို့ ရောက်သောအခါ သူ ရပ်တန့်လိုက်ပြီး ဆတ်ကနဲ ကောက်ကြည့်လိုက်သည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အချစ်သာပေးပါ ……

    အချစ်သာပေးပါ ……

    အချစ်သာပေးပါ ……

    “ချစ်သူရဲ့ တောင်းဆိုမှုတွေနဲ့ ပင်ပန်းနွမ်းနေပြီလား ……..
    ချစ်သူရဲ့ တားမြစ်မှုတွေနဲ့ မွန်းကြပ်နေပြီလား……..
    ချစ်သူရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော့်မှာ အားအင်တွေရှိပါသေးရဲ့လား …….”

    ချစ်ခင်မြတ်နိုးလွန်း၍ ချစ်ပါရစေဟု ခွင့်ပန်ခဲ့သည်မှာ ကျွန်တော် ကိုယ်တိုင်ပင်ဖြစ်သည်။ သူမကို ချစ်ခွင့်ရလျှင် ကျွန်တော့် ဘဝ အရာရာပြည့်ပြည့်စုံ လုံငသွားလိမ့်မည်ဟုလည်း ယုံကြည်ခဲ့သည်။ ကျွန်တော့် ရင်၌ အချစ်ဟု အများခေါ်ဆိုအပ်သော အရာသည် ထုံးဖွဲ့ရစ်နှောင်စွာ ပေါက်ပွားဖြစ်တည်ခဲ့သည်ဟုလည်း သိရှိခဲ့သည်။ သူမ သာ ကျွန်တော့် ဘဝတွင် မရှိခဲ့ရင် ကျွန်တော် အသက်ရှုလျှက် သေဆုံးနေသောသူ တစ်ယောက် …. ပြုံးနေသော် လည်း ကောင်းစွာ မပျော်ရွှင်ရသူတစ်ယောက် …. ဖြစ်ကောင်းဖြစ်သွားပေလိမ့်မည်။ ကျွန်တော်သေသွားနိုင်တယ် လို့ပြောရင်တော့ အနည်းငယ် ယုတ္တိမတန်ဖြစ်ပေမည်။ ဒီအချက်သည် ကျွန်တော့်အခက်အခဲများ အားလုံး၏ အရင်းအမြစ်ဟုလည်း ဆိုနိုင်ပါသည်။

    အချစ်သည် စတင် ထိတွေ့ဖို့ ကြိုးစားခဲ့ချိန်တွင် အလွန်တရာ ရေငတ်နေသူတစ်ယောက် ရေကို တွေ့ရသည့် ခံစားချက်မျိုးကို ပေးသည် … ဒီရေ ကိုသာ သောက်လိုက်ရရင် ရင်တစ်ခုလုံး အေးအေးမြမြ ဖြစ်သွား လိုက်မည့်ဖြစ် ခြင်း ….. ဒီရေ ကိုသာ သောက်လိုက်ရရင် …. အားတွေ မာန်တွေ တဟုန်းဟုန်း ပေါ်ပေါက်လာလိုက်မည့်ဖြစ်ခြင်း။ အဲဒီရေ ကို သောက်သုံးနေချိန် တွင်လည်း မျှော်လင့်ထားသလို အေးလည်း အေးမြပါ၏ ခွန်အားတွေလည်း ပေါက်ပွားလာပါ၏။ ချစ်လည်း ချစ်လိုက်ရ ပါ၏။ ကျေနပ်မှု ပီတိကိုလည်း လှိုက်ဖို အေးမြခံစားရပါ၏။ …..

    အဲဒီအချစ်ကလေးသည် ကဗျာတွေ စာတွေထဲကလို တောင့်တမှု ကင်းမဲ့နေလျှင်ကောင်းမည် …. အေးမြနေလျှင် ကောင်းမည်…. ခွန်အားတွေ ပေးလျှင်ကောင်းမည် ….. ကျွန်တော့် စိတ်ကူးထဲက အချစ်သည် ထိုသို့ဖြစ်၏။ ချစ်ခြင်းသည် ဤမျှ မရိုးစဉ်းပါ။ တွက်ရခက်သော ပုစ္ဆာတစ်ခုလိုလည်း ရှုတ်ထွေးမှု မရှိပါ။ သို့သော် အဖြေကား သိနေလျှက်နှင့် သက်သေပြရ ခက်လွန်း၏။ သူမ ကို ကျွန်တော် ချစ်သားလားဟု မေးလျှင် ချစ်ပါသည် အရမ်းချစ်ပါသည်။ သူမ ကကော ကျွန်တော့်ကို ချစ်ပါသလား။ ချစ်သည်ဟု ထင်ပါသည် ချစ်ကောင်း ချစ်နိုင်ပါသည်ဟု ဖြေရပေမည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ယဉ်ယဉ်လှတဲ့ တင်တင်လှ

    ယဉ်ယဉ်လှတဲ့ တင်တင်လှ

    ယဉ်ယဉ်လှတဲ့ တင်တင်လှ

    ကြည့်စမ်းပါဦး ဒီမိန်းမ အသက် သုံးဆယ့်ငါးနှစ်ဆိုတာ ဘယ်သူ ယုံမလဲ။ မျက်လုံးလေးကို ကြည့်ပါဦး နုပျိုစို လက် နေတာပဲ။ မျက်တောင်ကြီးများကလဲ နက်မှောင် ကော့စင်းလို့။ မျက်ခုံးကြီးများကလည်း စာသံပေသံ နဲ့ပြောရရင် ဇင် ယော်တောင်တွေလို မထူမပါး ကော့ကော့ကြွားကြွားနဲ့။ နှာတံ ပေါ်ပေါ်လေးကလည်း ဖြောင့်လို့ စင်းလို့။ ပါး လေးက မို့နေလိုက်တာများ မွေးကင်းစ ခပ်ဖွံ့ဖွံ့ ကလေးလေးပါးလိုပဲ အိအိကလေး။ သေချာအနား များကပ် ကြည့် လိုက်ရင် မွေးညှင်းနုနုလေးတွေရယ် အကြောစိမ်းစိမ်လေးတွေရယ်နဲ့ ထိရက်ကိုင်ရက်စရာ မရှိ ဘူး။ဟော နှုတ်ခမ်းလေးကိုကြည့်ဦး မလား ပါးပါးလျလျ သွယ်သွယ်ရောင်းရောင်းနဲ့။ ဟောလို ဆေးနီနီလေး များ တင်ထား လိုက်ရင် မပြုံးလိုက်နဲ့ ပြုံးလိုက်တာနဲ့ရှိသမျှ ဖိုသတ္တဝါတွေ တုံးကနဲ လဲသေသွားလောက်တယ် ဟင်း …ဟင်း …။

    ဘယ် ….. ဟို မခင်စန်းဆိုတဲ့ မိန်းမ ကိုကြည့်ပါဦး ကိုယ့်ထက်တောင် သုံးနှစ်လောက် ငယ်သေးတာ။ ရှုံ့တွနေပြီ။ နဖူးရည်တွေတောင် တွန့်တက်နေပြီ။ ဆံထုံးလေးများ မထုံးလိုက်နဲ့အဖွားကြီးအို ပေါက်စလေး ကျနေတာပဲ။ မပြင်မဆင်နဲ့ မခင်စန်းတို့မ ယဉ်လိုက်ပုံများ။ နဂိုကမှ တင်မရှိ ရင်မရှိ ပြားချပ်ချပ်ကို ဝတ်လိုက်ရင် အဖွားကြီး ဆင်တွေချည်းပဲ။ မိန်းမလုပ်ပြီးလူကလည်း ထိုးထိုးထောင်ထောင်နဲ့ လက်ပြင်ကလည်း ကိုင်းပြန်သေးတော့ …… လေးကိုင်းကြီးလိုပဲ။ အိုး …. တင်တင်လှတို့နဲ့များ ကွာပါ့။ ဟောဒီမှာ နဖူးလေးများ အရည်တွန့်ဖို့ မပြောနဲ့ နုလွန်း ညက်လွန်း တင်းလွန်းရင်းလွန်းလို့ ခြင်တွေ ယင်တွေများ နားရင်တောင် မှောက်ရက်လဲသွားနိုင်တယ်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ဗီးယားလ် ချုစ် စင်းဂ် ၀ဲယားလ် ဂွဒ်ဘိုင်

    ဗီးယားလ် ချုစ် စင်းဂ် ၀ဲယားလ် ဂွဒ်ဘိုင်

    ဗီးယားလ် ချုစ် စင်းဂ် ၀ဲယားလ် ဂွဒ်ဘိုင်

    အကြောင်းအရာ ရှိပြီးသား ဇာတကလာ ဘုရားဟော ဇာတ်နိပါတ်တော် အကြောင်းအရာ အဟုတ် ကို ဟုတ်အောင်ရေးနိုင် ခြင်းထက် ဘာမဟုတ်တဲ့ ဆီမီးခွက်လေး တစ်ခွက်အကြောင်းကို ဟုတ် အောင် ရေးနိုင်ခြင်းက ပိုပြီးခက်ခဲသည်ဟု ဆရာကြီး ပီမိုးနင်းမှ စာရေးလိုသော် ၀တ္တုတွင် လည်း ကောင်း၊ အစဉ် အမြဲရှင်သန်နေလိုသော ၀တ္တုတိုရေးသမား တစ်ယောက် ဖြစ်လိုပါက အဘိဓာန် တစ်အုပ်ကို လှန်၍ ရရှိလာသော စကားလုံးကို ၀တ္တုတိုဖြစ်အောင် ရေးသားပါဟု ဆရာနေမျိုးမှ လည်းကောင်း  အသီးသီး ချောက်ချခဲ့သည့်အတွက် အဘိဓာန် တစ်အုပ်ကို လှန်လှောကြည့်မိရာမှ ဘာမဟုတ်သည့် စကားလုံးလေးများမှသည် အဖြစ်အပျက်တစ်ခု(သို့) ဘ၀တစ်ခု ဖြစ်တည်လာသည်ကို ရေးသားလိုက်ပါသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ကြုံရဆုံရစော်ဘွားမောင်နှံဘဝ

    ကြုံရဆုံရစော်ဘွားမောင်နှံဘဝ

    ကြုံရဆုံရစော်ဘွားမောင်နှံဘဝ

    အဝေးဆီမှ နိဂြောဓါဗျာဒိတ်ပေး ဘုရားရှင်ကိုယ်တော်မြတ် လှည့်လည်ရေးအဖွဲ့၏ ဗျာဒိတ်ပေးသံများ ခပ်သဲ့သဲ့ထွက်ပေါ်နေသည်။ တစ်အိမ်ပြီး တစ်အိမ် ရွတ်ဖတ်သရဇ္ဇယ်အပြီး လေးတွဲ့တွဲ့ခရုသင်းမှုတ်သံသည် နာရီခြား ထွက်ပေါ်နေသည်။ ဘုရားလူကြီး၏ ဗျာဒိတ်ပေး အဆုံးသတ်အဖြစ် ”ကောင်းချီး ပေးကြပါကုန်သတည်း” ဟူသော အသံကမူ အကျယ်ဆုံး။ နာရီကို ကြည့်လိုက်တော့ ညတစ်ချက်တီးပြီ။ ကျွန်မတို့ လမ်းထဲသို့မူ မကြွချီသေး။

    ကျွန်မတို့လမ်းထဲ၌ မီးထိန်ထိန်လင်းလျက် အိမ်တိုင်းအိမ်တိုင်း ဗျာဒိတ်ခံယူရန် အသင့်အနေအထား ဖြစ်အောင် ပြင်ဆင်နေကြသည်။ မေမေသည်လည်း အိမ်ရှေ့ မြေကွက်လပ်၌ ကော်ဇောအဖြူခင်းကာ ခုံပုလေးတစ်ခုံကို ပိတ်ဖြူခင်းလျှက် ချထားသည်။ ခုံပုလေးပေါ်တွင် လှူဖွယ်ပစ္စည်းတို့ကို စီရရီ တင်ထားပြီး နေရာချထားနေပြီ။ ကျွန်မကမူ ရှေ့တော်ပြေး စက်ဘီးငယ်များကိုပင် မမြင်ရသေးသည့်အတွက် အိမ်အောက်သို့ မဆင်းသေး။

    ”ဒီနှစ်ဘုရားပွဲက တော်တော်စည်တယ်သိလား” ဟုညီမငယ်က အနားသို့လာရပ်ရင်း ပြောသည်။ သူမအပြောကို ခေါင်းညိတ် အသိအမှတ်ပြုရင်း မနှစ်ကကျွန်မတို့အဖွဲ့၏ အဖြစ်အပျက်များကိုတွေးမိကာ ပြုံးမိရသေးသည်။


    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • မိုးမြင့်ထက်ဖျားဆီ . . .

    မိုးမြင့်ထက်ဖျားဆီ . . .

    မိုးမြင့်ထက်ဖျားဆီ . . .

    တစ်နေ့ကျတော့
    စာသင်ခန်းထဲမှာ ဆရာမက
    ကျောင်းသားတစ်ယောက်ကို ထခိုင်းပြီး
    မေးခွန်းတစ်ခု မေးတယ်။
    မင်း ကြီးလာရင်ဘာဖြစ်ချင်သလဲတဲ့
    ကျောင်းသားလေးက ထရပ်ပြီး
    ဆရာမကို အကြာကြီးးစိုက်ကြည့်နေတယ်
    ပြီးမှ လေသံတိုးတိုးလေးနဲ့ ဖြေလိုက်ပါရဲ့

    (နားထောင်ကြည့်စမ်းပါ)

    ကျွန်တော်…ခြေတစ်ဖက်ဆာနေတဲ့
    ကောင်လေးတစ်ယောက်ဖြစ်ချင်ပါတယ်တဲ့
    ဆရာမက တအံ့တသြနဲ့
    ကျောင်းသားလေးကို ကြည့်ကာ
    ဘာဖြစ်လို့လဲ သား တဲ့
    ထပ်ပြီးမေးလိုက်ပေါ့
    ဒီတော့ ကျောင်းသားလေးက
    အရည်လဲ့နေတဲ့ မျက်လုံးးကိုပုတ်ခတ်ပြီး
    ဦးခေါင်းကို ငုံ့ကာ
    ဆရာမ ကြားနိုင်ရုံ တိုးတိုးလေး
    ပြောလိုက်တယ်
    ကျွန်တော့် ညီမလေးက
    ခြေတစ်ဖက်မသန်ဘူး ဆရာမ တဲ့

    ….. နေမျိုး …..

    ခပ်ဝေးဝေး သက္ကရာဇ်များက ဖတ်ခဲ့ဖူးသော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ ဖတ်ပြီးပြီးချင်း အဆုံးမဲ့နက်ရှိုင်းသော ချောက်ကမ်းပါးထဲ လွင့်စင်သွားခဲ့ရသလို ခံစားမိခဲ့ရသော ကဗျာလည်းဖြစ်ပါသည်။ ကလေးငယ်၏ အဖြေစကားကို မေးသူဆရာမ ဆွံ့အသွားရလောက်အောင် မျက်ရည်ဝဲသွားခဲ့သည်လား။ ဖတ်သူ ကျွန်မမှာတော့ မျက်ရည်တွေစိုရွှဲလို့။ ကဗျာဆိုတာ ဒါပါပဲကွယ်။ နှလုံးသားတွေကို သိမ်းကြုံးညှို့ယူသွားခဲ့တာ..စာကြောင်းရေ မများလှသော စကားလုံး ဆန်းဆန်းမပါလှသည့် ရိုးရိုးရှင်းရှင်း ကဗျာလေးမှာ အစ်ကိုတစ်ယောက်၏ ညီမတစ်ယောက်အပေါ် ထားသော မေတ္တာတရားးကို အထင်းသား မြင်တွေ့နေရပါသည်။ ညီမလေးနဲ့ အတူတူ ညီတူညီမျှ မျှဝေခံစားချင်သတဲ့လား ကလေးရယ်…။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ဒိုင်ယာဇီပင်

    ဒိုင်ယာဇီပင်

    ဒိုင်ယာဇီပင်

    (၁)

    ရုတ်တရက်တော့ နောက်နေသည်ပဲ ထင်မိသည်။

    သူတို့နှင့် အတူတောင် လိုက်လံ ရယ်မောနေခဲ့သည်။ သည်လို အခြေအနေတွေ ရှိနိုင်တယ်ဟူ၍လည်း ကြိုတင် မမှန်းဆခဲ့..။ ပြီးတော့. . သူ့အပေါ် အပြီးတိုင် ယုံကြည်ထားခြင်းလည်း ပါသည်။

    သို့တိုင်.. အဖြစ်အပျက်အားလုံးက တက်တက်စင်အောင် လွဲမှားခဲ့ပြီ။ ကံတရားက အမှန်တရားကို သူတို့ကြားသို့ လှပသေသပ်စွာ ချပြခဲ့သည်လား။ စုတ်ချက်ကြမ်းသော ပန်းချီကား တစ်ချပ်နှယ်….
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Page 1 of 3123