(၁)
မျက်စိရှေ့မှောက်ရောက်၍ သူ့နှုတ်ကဖွင့်ဟ ပြော၍သာ အလင်းဟုသိရသည်။ အပြင်မှာ ရုတ်တရက် တွေ့လျှင် မှတ်မိနိုင်စရာ အကြောင်းမရှိ။
“ အလင်း … အလင်း နင်ဟုတ်ပါတယ်နော် ”
“ ဂုတ်စာ … ငါမဟုတ်လို့ ဘယ်သူရဲက နင့်လာ ကိုယ်ထင်ပြမတုန်း ”
“ နင်က … ငယ်ငယ်ကနဲ့ မတူဘဲ အရမ်းလှ..”
“ သွားပြီ သွားပြီ တွေ့တာနဲ့ချွတ်ပြီ။ ပြောချင်တဲ့သဘောကတော့ ငယ်ငယ်တုန်းက နှံပြည်စုတ်မို့ ကြီး လာရင် ကြွက်စုတ်ဖြစ်မယ်ထင်လို့ပဲ ဟုတ်တယ်မလား။ မိချို မိချို နင့်လောက်မှ မလည်ရင် ငါ ခင်လင်းနိုင် မလုပ်ဘူး။ နုပါသေးတယ် ချိုကီးရာ နောက်တစ်မျိုး စဉ်းစားလိုက်ဦး ဟဲ ဟဲ”
ရယ်ကျဲကျဲနှင့် နောက်ပြောင်ခေါ်သည့် ငယ်နာမည်လေး ထည့်သွင်းပြောဆိုခိုက်၌ ရင်ဝယ် နွေးခနဲ။ စောစောက ကြောင်တိကြောင်ကန်းနှင့် စိမ်းသက်မှုများသည် တဖြည်းဖြည်း လွင့်ပါးကာ ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ သတိမထားမိလိုက်စဉ်မှာပင် နှုတ်မှ လွင့်ခနဲ အမည်နာမ တစ်ခုသည် ပွင့်အံကျလာသည်။
‘ ပုရွက်လင်း ’
အလင်းမှ အာပါးတရ ရယ်မောလျက် လက်မောင်းကို ဖတ်ဖတ်လာရိုက်သည်။ ကိုယ်ကိုယို့၍ ရှောင် တိမ်းပြီး ‘ ပုရွက်လင်း ’ ‘ ပုရွက်လင်း ’ ဟု ခပ်ကျယ်ကျယ် အော်သည့်အခါ အလင်းနှင့် ကျွန်မတို့၏ ရယ် မောသံများ စည်ဝေပေါင်းစည်းလျက် တဒင်္ဂ အခိုက်အတန့်တွင်မတော့ ငယ်စဉ်ဘ၀ကို ပြန်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
‘ ခွေးသူရဲမ ’
အဆုံးသတ် အလင်း၏ ဆဲရေးသံသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က အတိုင်းပါပဲ။
အဲဒါမှ ပုရွက်လင်း အစစ် …
အပြည့်အစုံ ဆက်ဖတ်ရန်»