• အဝေးပျံငှက် – အပိုင်း (၇)

    အဝေးပျံငှက် – အပိုင်း (၇)

    အဝေးပျံငှက် - အပိုင်း (၇)

    ပန်းရိပ်နွယ်တွင် အလုပ်ဝင်ဖြစ်တော့ ဖြူ သည်အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးကပြလေသည်။ အနုပညာကို အဆန်းတကြယ်မကပြရလျှင်နေပါစေ။ မဖွယ်မရာတော့ မကနိုင်ပါ။ သင်္ကြန်သီချင်းဖြစ်စေဦး..ကကြိုး ကကွက် တွေကိုတော့  မခိုမကပ်သေချာ က ချင်သည်။ ဖြူ ခတ်ချင်လှသော ဗလာထမီလေးကတော့ တစ်ပတ်တွင် နှစ် ရက်သာအခွင့်ရသည်။ “သောကြာ၊ စနေ မြန်မာ့ယဉ်ကျေးမှု ဖျော်ဖြေ တင်ဆက်ပွဲ” တဲ့။ ဆိုင်ရှေ့မျက်နှာမှာ ပြူးပြူး ပြဲပြဲရေးထားသေးသည်။ သို့ငြား ဖြူ တို့စီစဉ်ခဲ့ရသော သီချင်းတို့၏ အဓိပ္ပာယ်၊ အနှစ်သာရကိုပင် ဦး အောင်ဘ ညို ခမျာ နားလည်ဟန်မတူပါ။ ဆရာကိုယ်တိုင် ရေးစပ်သီကုံးခဲ့သော “မြနှင်းဖြူ” ဟူသည့် နာမည်ပါဝင်သည့် သီချင်းကိုတော့ သဘောတွေ့ဟန်တူသည်။

    “ကောင်းတယ်….မြူးတယ်..မြနှင်းဖြူ ကတာလည်း လှတယ် ”တဲ့

    ဘာပဲဖြစ်ဖြစ် ဒီစကားတစ်ခွန်းလောက်နှင့် ဖြူ တို့ပန်းသမျှ ဖြေရပါသည်။ ဖြူ ကနေတာသည် မီးရောင်တော့ မီးရောင်အောက်ပင်။ သို့ပေမယ့် ညမို့ထိန်လင်းအောင် မီးရောင်ထွန်းထားရသည် မဟုတ်။ နေ့လည်ဘက်….. အတန်ငယ် အရိပ်ကျသော ဆိုင်အတွင်းပေမို့ အလင်းရောင်ခပ်ဖျော့ဖျော့သာ ပေးထားသော မီးရောင်အောက် စင်မြင့်ထက်ဆီမှသာ ဖြစ်သည်။ လက်ခုက်သြဘာသံတွေ ဟိန်းထအောင် မမျှော်လင့်သော်လည်း ဇွန်းသံ၊ ပန်းကန်သံ၊ စားပွဲဝိုင်းများမှ လည်ပြန်ခေါင်းများကိုတော့ များစေချင်သားပင်။ က ချင်လှသည် ဆိုသည့်တိုင် တစ်ကိုယ်တည်း စင်မြင့်ထက်တွင်ထက် ပရိသတ် သြဘာသံကိုတော့ ရရှိလှပါသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အဝေးပျံငှက်-အပိုင်း (၆)

    အဝေးပျံငှက်-အပိုင်း (၆)
    အဝေးပျံငှက်-အပိုင်း (၆)

    ( ၁၂ )

    အများသုံး P.C.O ဖုန်းရုံလေးများ၏ ရှေ့မှဖြတ်တိုင်း ဖြူ့ ခြေလှမ်းတွေ တုံ့ဆိုင်းတတ်ပါသည်။

    မြို့နယ် ကုဒ်ရှေက ခံလျှက် ဂဏန်းငါးလုံးကို နှိပ်လိုက်လျှင်.. ဟိုးး အဝေးက ဖြူ သိပ်ချစ်ရသော မိသားစုလေးထံ ချက်ချင်း ရောက်ရှိသွားတော့မည်။ ညက မေမေ့ကို အိပ်မက်မက်သည်။

    အိပ်မက်ထဲမှာ မေမေက ဖြူ့ဆံနွယ်တွေကို ညင်ညင်သာသာ ပွတ်သပ်ပေးလျှက် နူးညံ့သောအပြုံးတို့နှင့် စကားတွေဆိုလျှက် ရှိသည်တဲ့။ အိပ်မက်မှ ရုတ်တရက် နိုးထသော် ဖြူ့ ပါးပြင်မှာ မျက်ရည်စတွေနှင့်..။   ပြန်၍လည်း အိပ်မပျော်။ အလင်းရောင်သဲ့သဲ့ပင် မထွက်ပေါ်သေးသော နံနက်ခင်းအမှောင်ထုကို ခပ်ကြောင်ကြောင် ငေးကြည့်ရင်း ဖြူ့ ရင်တွင်းမှာ တနင့်နင့် လှိုက်မောလာသည်။ ဘာလိုလိုနှင့် ဖြူ ရန်ကုန်ရောက်ခဲ့တာ ခြောက်လကျော်ခဲ့ပြီ။

    မေမေ……ဖြူ အင်္ဂလိပ်စာမေဂျာ ယူပါတယ်။ ဖြူ့ အမှတ်တွေ အများကြီးပဲ မေမေ။ ဒါပေမယ့် ဖြူ တက္ကသိုလ် မတက်နိုင်ခဲ့ပါဘူး။ ဖြူ သိပ်တက်ချင်တဲ့ ယဉ်ကျေးမှုတက္ကသိုလ် လည်း မတက်ဖြစ်ဘူး မေမေ။ အဝေးသင်ပထမနှစ်ဝက်ရဲ့ စာစဉ်တွေ တင်ပြီးပါပြီ မေမေ။ ဖြူ အခု လိမ်လိမ်မာမာနေပါတယ်…။

    မေမေ့ကို အသံတိတ် တိုင်တည်ရင်း ဖြူ့ ရင်သည် ဆို့နင့်လျှက်ရှိသည်။ မေမေ့ကို ဖြူ လွမ်းလှသည်။   ဖေဖေ၊ မမကြီး၊ မောင်ငယ်လေး…အကုန်လုံးကိုလွမ်း လှပါသည်။ အိမ်ကို ဖုန်းဆက်ဖို့ကြိုးစားတိုင်း   ဖြူ့ ခြေလှမ်းတွေ တုန်ရီလျှက်ပင်။ ပြီးလျှင် နောက်ပြန်လှည့်ခဲ့ရသည်သာ။ ဟင့်အင်း…… ဖြူ သတ္တိ မရှိသေးပါဘူး။ အခုလောက်ဆို ဖြူတို့ပို့လိုက်သော စာရှည်ကြီးတွေ အိမ်တွေက ဖတ်ပြီးကြလောက် ပါပြီ။ စိတ်ဆိုးနေကြတုန်း ဆိုရင်တောင် နားတော့ လည်လောက်ကြပြီ ထင်ပါရဲ့။ ထင်တာပဲ… ထင်တာပါပဲလေ။ ကြာရှည် မတွေး ချင်တော့သလို ခေါင်းကို ခပ်သွက်သွက် ယမ်းမိသည်။ ဖြူ အခုခြေထောက်နှစ်ချောင်း အပေါ်မှာ စုံရပ်နိုင်ဖို့၊ မယိမ်းယိုင်ဖို့ ကြိုးစားနေတယ်။   ပြီးရင်   ခြေလှမ်းစလှမ်းရဦးမှာ။ အားမာန်တွေ မပျော့ညံ့ဖို့ မျက်ရည်တော့ မကျနှင့်။ ကိုယ့်ကိုကိုယ် အားပေးရင်း အံကိုသာ ဖြူတင်းတင်း ကြိတ်မိပါသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အဝေးပျံငှက် အပိုင်း (၅)

    အဝေးပျံငှက် အပိုင်း (၅)

    အဝေးပျံငှက် အပိုင်း (၅)

    (၁၀)

    မြစ်ရေပြင်၏ လှိုင်းအရိုက်အပုတ်ဒဏ်ကို ကြောက်ရွံ့သော ဖြူသည် အပြောကျယ်လှသော သမုဒ္ဒရာရေပြင်သို့ ထွက်ခဲ့ပေပြီ။ ဖြူ အိမ်ကို မပြန်တော့ချေ။ ပုလဲငွေရောင်ဇာတ်အဖွဲ့ ရန်ကုန်အ၀င်၌ မိုးခိုင်သည် သူ ၀ါဿနာပါသော ဂီတအဖွဲ့နှင့် ဆက်စပ်မိသွားသည်။ မိုးခိုင်က ပုလဲငွေရောင်နှင့် ဆက်မလိုက်တော့ဘဲ ရန်ကုန်မှာ နေရစ်ခဲ့စေဖို့ ဆုံးဖြတ်သောအခါ ဖြူ လည်းကျန်ရစ်ခဲ့ဖို့သာ ရှိတော့သည်။

    မိုးခိုင်မရှိဘဲ ပုလဲငွေရောင်တွင် ဆက်လက်ရှင်သန်ရန် မ၀ံ့စားလှပါ။ မိုးခိုင်၏ အရိပ်ကို ခိုဝင်ခြင်း မမည်ပေမယ့် ကိုယ့်ကံကြမ္မာကို လွတ်လပ်စွာ ဖန်တီးနိုင်ဖို့၊ ကိုယ့်သမိုင်းကို တတ်နိုင်သမျှ အညစ်အကြေး ကင်းစင်အောင်ရေးထိုးဖို့ တာဝန်အရှိဆုံးသူမှာ ဖြူ ကိုယ်တိုင်ပင်ဖြစ်ကြောင်း နားလည်ခဲ့ပြီဖြစ်သည်။ အမိအဖ အသိုက်အမြုံနှင့် ဝေးခဲ့ပြီ။ ထိုသို့ဝေးခဲ့အောင် ဖန်တီးခဲ့သူမှာ မည်သူ လဲ။ ဖြူကိုယ်တိုင်ပင်။ ဘ၀ရှေ့စာမျက်နှာတွင် ခြေတစ်ချက် ချော်ခဲ့မိပြီးမှတော့ ကျန်လမ်းတလျှောက်ကို မယိမ်းမယိုင် ဆက်လျှောက်ရန် စိတ်မာန်တို့တင်း ရပြီ။ ရေမနစ်သေးပေမယ့် မိုးခိုင်က ဖြူ့အတွက် ကောက်ရိုးတစ်မျှင်ပင်။

    “နင့်မှာ ပိုက်ဆံ ဘယ်လောက်ရှိသေးလဲ ဖြူ”

    “ငါက ညကြေးရယ်လို့ သတ်သတ်မှတ်မှတ် ရလို့လား။ နင့်လို ပရိသတ်က ဆုတွေချ၊ မင်းသားက ချစ်ခင်ပြီး ညကြေးအမြဲရနေတဲ့သူ မဟုတ်ဘူး မိုးခိုင်”

    ထိန်းထားသည့်ကြားမှပင် ဖြူ့အသံတို့ ခပ်ဆတ်ဆတ်။ မိုးခိုင်က ဇဝေဇ၀ါနှင့် ဖြူ့ကို မေးသည်။

    “ဘယ်လို ဖြူ…ကိုနိုင်က နင့်ကို ဘာမှ မပေးဘူးလား”

    “တစ်ခါတလေ မုန့်ဖိုးပေးတာကလွဲလို့..ညကြေးဆိုပြီး ငါ့ကို တစ်ခါမှ မပေးဘူး။ ပုလဲငွေရောင်မှာ ငါ ဘယ်လိုရပ်တည်နေရလဲ၊ နင် ငါ့ကို နည်းနည်းလေးမှ လှည့်မကြည့်ခဲ့ဘူးမလား မိုးခိုင်”

    မြိုသိပ်ထားခဲ့ရသမျှ ဖွင့်ဟဖြစ်ပြန်သောအခါ ဖြူ တသိမ့်သိမ့် ရှိုက်ငိုမိတော့သည်။ မိုးခိုင်က သက်ပြင်းတစ်ချက်ချကာ စိတ်မကောင်း နောင်တရဟန်ဖြင့် အသာငေးကြည့်နေသည်။ အတန်ကြာမှ-
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အဝေးပျံငှက် အပိုင်း (၄)

    အဝေးပျံငှက် အပိုင်း (၄)

    အဝေးပျံငှက် အပိုင်း (၄)

    ဖြူ့ရင်သည် တဒိတ်ဒိတ် ခုန်နေသည်။ လက်ဖျားသည် ချွေးစေးတို့ဖြင့် စေးထန်းလျှက်၊ ခြေလှမ်း ကို တတ်နိုင်သမျှ သွက်ရင်း မောဟိုက်လာသလိုပင်၊ ပတ်ဝန်းကျင်သည် အမှောင်ထုကို ကြောက်လန့်ဖွယ် ရာ ၀ါးမြိုထားသည်။ ဖြူသည် အမှောင်ရိပ်ကို တစ်ချက်စိုက်ကြည့်ရင်း နောက်ကိုလည်ပြန် လှည့်ကြည့်မိ ပြန်သည်။

    ဘုရားသိကြားမလို့ ဖေဖေတို့ မသိကြပါစေနဲ့ဦး။ သည်အချိန်မှာ  ဖြူ့ကိုတွေ့သွားလျှင် ဖေဖေ့ ဒေါသက မတွေးဝံ့စရာ၊ ဖြူ အပြီးထွက်လာတာ မဟုတ်ပါဘူး ဖေဖေ၊ တစ်နှစ်လောက် ပွဲကပြီးရင် ဖြူ အိမ် ပြန်လာမှာပါ။ ပြီးရင်ဖေဖေ့ စိတ်ကြိုက် ဘွဲ့နှစ်ခု ယူပေးမယ်လေ၊ ဖြူ ကျောင်းဆရာမလေး ဒါမှမဟုတ် သူနာ ပြုဆရာမလေး လုပ်မှာပေါ့။

    မေမေလည်း သိပ်ငိုမနေနဲ့ဦး ဖြူပြန်လာတဲ့အခါကျ မင်းသမီးလေး မြနှင်းဖြူရဲ့ အောင်မြင်မှုတွေကို မေမေ့ ကို တဖွဲ့တနွဲ့ပြောပြနေမှာ။ အဲဒီအခါကျ မေမေပြုံးနေရမှာပါ နော့ ….. သမီးငယ်ငယ်က သီချင်းဆိုပြီး က ပြရင် မေမေပြုံးတဲ့ အပြုံးမျိုးနဲ့ပေါ့။

    မမကြီးကကော ဖြူ့ကို လွမ်းနေမှာလား၊ တဖျစ်တောက်တောက် ပြောနေဦးမည် ထင်တာပဲ။ မောင် ငယ်ကတော့ သူ့မမလေးကို မေးနေတော့မှာပဲ။ ကြာတော့လည်း ရိုးသွားမှာပါ၊ သိပ်လည်းမကြာပါဘူး။ မမလေး ပြန်လာမှာပါ၊ မောင်ငယ့်ကိုသီချင်းဆိုသိပ်ဦးမှာ။

    ခပ်လှမ်းလှမ်းတွင် ထွက်ခွာဟန်ပြင်နေသော ကားကိုမြင်ခိုက်  ဖြူ အားတက်သွားသည်။ ခြေလှမ်းကို ဖြူ သွက်လိုက်သည်။ ကားနှင့် မှီလုမှီခင်မှာပင် ကားကစက်နှိုးကာ ထွက်ခွာစ ပြုနေသည်။ ဖြူ့ရင်သည် ဒိန်းကနဲ ဖြစ်သွားသည်။ မောဟိုက်နေသည့် ကြားမှပင် အားစိုက်ကာ ဟစ်အော်ရပြန်သည်။

    “ခဏနေကြပါဦး”

    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အဝေးပျံငှက် အပိုင်း (၃)

    အဝေးပျံငှက် အပိုင်း (၃)

    အဝေးပျံငှက် အပိုင်း (၃)

    ဖြူ့စကားဆုံးသော် မေမေသည်ဖြူ့ကို ကြောင်တောင်တောင်နှင့် ကြည့်နေသည်။ မေမေ့အသွင်ကို မြင်ရသည်မှာ မမြင်ဖူးသော သူစိမ်းတစ်ယောက်ကို စူးစူးစိုက်စိုက် ကြည့်သည့်သဏ္ဌန်မျိုး။

    ကြာသော် ဖြူ မနေတတ်တော့ချေ။ မေမေ့လက်မောင်းကို လှုပ်ရမ်းကာဖြူမူနွဲ့တော့ မေမေသည် အသိဝင်လာသူ တစ်ယောက်လို ရှိုက်ကြီးတငင် ငိုတော့သည်။ မေမေငိုသည်မှာ သည်းထန်စွာရှိုက်ကာ၊ ရှိုက်ကာနှင့်ဆို့ဆို့နင့်နင့် ငိုခြင်းဖြစ်သည်။ အတော်နှင့် အတောမသပ်နိုင်ပေ။

    ဖြူသည် သူပါ ၀မ်းနည်းသလိုဖြစ်ကာ မေမေ့ကိုလည်း နားမလည်နိုင်တော့။ နားမလည်နိုင်ခြင်း ကြားမှပင် သူ့အကြံ မအောင်တော့ပြီိကို နားလည်ကာ ၀မ်းနည်းရပြန်သည်။ ဖြူသည် ယောက်ယက်ခတ် အတွေးများကြားကပင် စိတ်ရှုပ်ထွေးသလို ဖြစ်လာသည်။

    မေမေ …… သမီးကလေးတော့ ငိုရခြင်း အကြောင်းရင်းကို မတွေးတတ်နိုင်အောင်ပါပဲ၊ မေမေ ငိုတာကို မကြည့်ပါရစေနဲ့ မေမေ။ မငိုပါနဲ့ မေမေရယ်။ ဖြူသည်စိတ်ထဲမှ စကားများစွာပြောကာ မချမ်းမြေ့လှပေ ။

    အတန်ကြာအောာင် ငိုကြွေးပြီးမှ မေမေသည် မသက်ဆိုင်သည့်စကားတစ်ခွန်းကို ကောက်ကာငင်ကာ ပြောတော့သည်။

    “သမီးကို မေမေ ပုံပြင်တစ်ပုဒ် ပြောပြမယ်”


    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အဝေးပျံငှက် အပိုင်း (၂)

    အဝေးပျံငှက် အပိုင်း (၂)

    အဝေးပျံငှက် အပိုင်း (၂)

    (၅)

    ပြောရမည်ဆိုလျှင် ဖြူ့ မေမေမျိုးရိုးသည် သဘင်သည်။ ဖြူ သည် ရုပ်ဆင်းအင်္ဂါ ဖေဖေနှင့် တူစေကာမူ ဖြူ့ကိုယ်ထဲ လှည့်ပတ်စီးဆင်းနေသည်ကတော့ မေမေ့သွေး စစ်စစ်ပင်။ မေမေ့ထံမှ ဖြူ သည် အနုပညာ၊ ပါရမီ၊ ၀ါဿနာ၊ ဗီဇ တို့ကို အပြည့်အ၀ လက်ခံရရှိခဲ့သည်။ “မငွေကျော့” ရယ်လို့ တစ်ချိန်က လင်းလက် ခဲ့သည့် မေမေဟာ ဖြူ ငယ်စဉ်ဘ၀ကတည်းက အကပညာကို လက်ထပ် သင်ကြားပေးခဲ့ရင်း အမွေပေးခဲ့ သည်။ သားသမီးသုံးယောက် ရှိသည့်အနက်မှ ဖြူ တစ်ယောက်တည်းသာ အနုပညာဝါဿနာ ပါသူဖြစ်ခဲ့ သည်လေ။

    မင်းသမီးလေး မငွေကျော့ကို ချစ်ခင်နှစ်သက်လွန်း၍ ပွဲကရာမြို့များသို့ တကောက်ကောက်လိုက် ပိုးပန်း ခဲ့ငြား လက်ထပ်အပြီးတွင် ဖေဖေသည် မေမေ့ကို မင်းသမီးဘ၀အား စွန့်လွှတ်စေခဲ့သည်။ ဖေဖေ့ကို ချစ် သောစိတ်ဖြင့် မျိုးရိုးတလျှောက် သဘင်သည်ဘ၀ဖြင့် အသက်မွေးခဲ့သော်လည်း မေမေ့လက်ထက်တွင်မူ “မငွေကျော့” ဘ၀ကို တိကနဲစခန်းရပ်ကာ ဖေဖေ့ဇနီး မခင်ကျော့အဖြစ် ပြောင်းလဲခဲ့တာ ဖြူတို့ တစ်သက်ပါပဲ။

    မျိုးရိုး၏ အနုပညာကို မကွယ်သုဉ်းစေရန် အကပညာကို ဖြူ့အား အမွေပေးခဲ့ငြား မေမေသည်ဖြူ ကျောင်း ကပွဲ၌ ကသည်ကိုပင် သိပ်မနှစ်မြို့လှပေ။ သဘင်သည် ဖြစ်ဖို့ကတော့ ဝေးစွပင်။ သို့ပေမယ့် ဖြူသည် မေမေ့သမီးပဲလေ။ ၀ါဿနာကိုရပ်တန့်နိုး ဗီဇသွေးကိုတော့ ဖြူ ဖျောက်ဖျက်မရ ချင်ပါ။ ဖြူ့နှလုံးသွေးတွေသည် ဂီတသံကြားရလျှင် ကဖို့အဆင်သင့် ဖြစ်နေတော့တာပါပဲ။ နို့ဒီသွေး တွေက မေမေ့သွေးတွေပဲမဟုတ်လားကွယ်။

    ကျောင်းကပွဲတိုင်းတွင် စဉ်ဆက်မပြတ် ပါဝင်ခဲ့သော ဖြူ့အမည်သည် ကျောင်းကုန်းမြို့ အထက်တန်း ကျောင်းတွင်သာမက ကျောင်းကုန်း တစ်မြို့လုံးကိုပါ ဖုံးလွှမ်းစေခဲ့သည်။ ကျောင်းသားတို့ ပါးစပ်ဖျားဝယ် “မြနှင်းဖြူ” သည် တရရနှင့်။ ဖြူ့ရဲ့ ရုပ်ရည်ရူပကာထက် ဖြူ့ အနုပညာကြောင့်သာ ကျော်ကြားရခြင်း ဖြစ်သည်ဟု ဖြူ ယုံကြည်သည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အဝေးပျံငှက် အပိုင်း(၁)

    အဝေးပျံငှက် အပိုင်း(၁)

    အဝေးပျံငှက် အပိုင်း (၁)

    (၁)

    ငယ်စဉ်က အော်တိုစာအုပ်လေးထဲတွင် သူငယ်ချင်းတစ်ယောက် ရေးပေးခဲ့ဖူးတာ သတိရသည်။

    “လေထဲမှာ ငှက်ကလေးတွေ ပျံဝဲနေတာကို

    သဘောကျခဲ့ရင်

    ဘ၀မှာ လူတကာရဲ့ ထိပ်ကို ရောက်နိုင်အောင် ကြိုးစားပါ” တဲ့

    ဒီတုန်းကတော့ ထိုစာသားလေးကို နှစ်ခြိုက်ခဲ့သည်ပါပဲ။ ဒါဆို ဖြူ ငှက်ကလေးတွေ ပျံဝဲနေတာကို သဘောကျသည်ပေါ့။

    ငှက်ကလေးတွေ ပျံဝဲနေတာကို သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ဖြူသည် လွတ်လွတ်လပ်လပ် ပျံသန်းချင်သည်ကား အမှန်ပင်။

    ဖြူသည် ပန်းပွင့်ကလေးများကို ချစ်သည်။ ဂီတကိုချစ်သည်။ အနုပညာကိုချစ်သည်။ နူးညံ့သိမ်မွေ့ခြင်း ကို ချစ်သည်။ ဘ၀ဆိုတာ ကောင်းကင်ပြင်ကြီး ဖြစ်လျှင် ဒီကောင်းကင်ပြင်ကြီးမှာ ဖြူ အားပါးတရ ပျံသန်း လိုက်မည်ဖြစ်သည်။

    ထိုသို့သာ . . . . . . . .။

    ********

    (၂)

    တိတ်ဆိတ်လွန်းသောညသည် ကြယ်တွေကို တစ်ပွင့်ချင်းခြွေချနေသည်။ ဟင်းလင်းဖွင့်ထားသော ပြတင်း တံခါးမှ စိမ်းနုရောင်ခန်းဆီးစသည် လေအသွဲ့ဝယ် ခပ်နွဲ့နွဲ့။ ကစဥ့်ကလျား ဖွင့်ထားခြင်းခံရသော ဒိုင် ယာရီစာအုပ်နှင့် တရုတ်ပြည်ဖွား ဘောပင်တစ်ချောင်းသည် စားပွဲထက်ဝယ် ခြေပစ်လက်ပစ်နိုင်လှသည်။

    ဖြူ သက်ပြင်းကို ခပ်ဖွဖွချလိုက်သည်။

    “အဆင်ပြေတယ်ဆိုတဲ့ တစ်ကြောင်းတလေနဲ့တော့ မေမေတို့ စိတ်မအေးနိုင်ဘူးပေါ့ သမီး။ တကယ်အဆင်ပြေတယ်ဆိုလည်း ကျောင်းကုန်းကို တစ်ခေါက်တော့ ပြန်လာစေချင်တယ်”

    ဟိုးးအဝေးက ကောင်းကင်ယံရှိ လက်ကနဲ တောက်ပနေသော ကြယ်ကလေး အောက်တည့်တည့်တွင် ဖြူ ရဲ့ မြို့လေးရှိသည်။ ဖြူ ချစ်ခင်ရသော မိသားစု ရှိသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay