• ရှာ

    ရှာ

    ရှာ

    (၁)

    ကျုပ်မှာ သူငယ်ချင်းတယောက်မှ မရှိဘူး။ စကားပြောစရာ၊ တိုင်ပင်စရာ ဘယ်သူမှ မရှိဘူး။ ကျုပ်ကို အရေးတယူ အဖက်လုပ်ပြီး ခင်မင်မယ့်သူ တယောက်မှ မရှိဘူး။ လူတွေအားလုံးဟာ အတ္တ ကြီးမားကြတယ်။ ဂုဏ်မက်ကြတယ်။ သာတဲ့သူကိုပဲ ကိုးကွယ်ကြတယ်။ ကျုပ်ကိုတော့ သူတို့လိုတဲ့အခါ အသုံးချဘို့ သတ္တဝါ တကောင်လောက်လိုပဲ သဘောထားကြတယ်။

    တကယ်တော့လည်း ကျုပ်မှာ စာတော်တာက လွဲပြီး လူတွေလက်ခံနိုင်စရာ ဘာတခုမှ မရှိဘူး။ ဆင်းရဲတယ်။ ရုပ်ဆိုးတယ်။ မွဲပြာ ပိန်ခြောက်တဲ့ ခန္ဓာကိုယ်နဲ့ညှင်းသိုးသိုး မှုန်တေတေ မျက်နှာပေါက်ကို လူတိုင်းက မျက်နှာလွှဲသွားကြတာချည်းပါပဲ။ လူကြီးတွေ ဆရာ/မ တွေကအစ မကောင်းပါဘူး၊ မျက်နှာလိုက်ကြတယ်။ ချမ်းသာတဲ့သူ ရုပ်ရည်တင့်တယ်တဲ့သူကိုပဲ ပြောဆို ဆက်ဆံ ကူညီချင်ကြတယ်။ အားလုံးရယ်မော ပျော်ရွှင်နေချိန်မှာ ကျုပ်ကတော့ တယောက်ထည်း ခပ်ကုပ်ကုပ်ထောင့်လေး တနေရာမှာ။ ကျုပ် လူတွေအားလုံးကို မုန်းတယ်။

    စာအုပ်တွေကပဲ ကျုပ်ရဲ့ အဖော်မွန် ဖြစ်လာတာ မဆန်းဘူး။ ကျုပ်ကို စကားပြောမယ့် အရေးတယူလုပ်မယ့်သူ မရှိတဲ့ဘဝမှာ စာအုပ်တွေဟာ ကျုပ်ရဲ့ အဖော် ကျုပ်ရဲ့ ကိုယ်ရံတော် ကျုပ်ဘဝ စိတ်ခံစားမှု ထွက်ပေါက်တွေ သက်သာငြိမ်းအေးစရာ ဖြစ်ခဲ့တယ်။ ကျုပ် စာတွေချည်းဖတ် စာကြိုးစား စာတော်တော့လည်း ကျုပ်ကို မနာလိုကြပြန်ရော။ အချင်းချင်း မနာလိုကြတာ ထားပါအုန်း၊ ဆရာ/မ တွေရဲ့ အကြည့်တွေကလည်း မလွဲသာလို့ ဆက်ဆံနေရပေမယ့် မင်းက ဘာဖြစ်လို့ ဒါတွေ သိနေတတ်နေတာလဲ ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ မျက်လုံးတွေဆီက လာနေကြတယ်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • သူဖွဲ့သီရာ သူ့ကဗျာ (ဝေးခဲ့ပါပြီ ဆောင်းရာသီ)

    သူဖွဲ့သီရာ သူ့ကဗျာ (ဝေးခဲ့ပါပြီ ဆောင်းရာသီ)

    သူဖွဲ့သီရာ သူ့ကဗျာ ကဏ္ဍမှာ မြို့တော် ပုသိမ် သတင်းစဉ်ကို ပေးပို့လာတဲ့ ဝါသနာရှင်များရဲ့ ကလောင်စွမ်း ပြထားသော ကဗျာလေးများကို အလျဉ်းသင့်သလို ကောက်နှုတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ယခုတစ်ခေါက်တော့ ပရိသတ်  တစ်ဦး ပေးပို့ထားသော ကဗျာရှင် ye`yy ရဲ့ “ဝေးခဲ့ပါပြီ ဆောင်းရာသီ ဆိုတဲ့ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • လွယ်

    လွယ်

    လွယ်

    (၁)

    ကျနော်နဲ့ မမခင်ရှိန် ပုသိမ်တမြို့လုံးဆိုင်ရာ ကျောင်းပေါင်းစုံ အမျိုးသားနေ့ စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲမှာ ဆုံပါသည်။ ကျနော်က ပထမဆု၊ မမခင်ရှိန်က ဒုတိယဆု၊ ကိုတင်အေး (တိုးဝေ)က တတိယဆု။ အမှတ်(၂) အထက (နေရှင်နယ်)ကျောင်းမှာ ဂုဏ်ပြုညစာ စားပွဲနဲ့ ဆုပေးပွဲလုပ်သည်။ ဘာကြောင့် ဘယ်လိုမသိပါ။ ကျနော်တို့ ဆုတွေတက်ယူပြီး ဖွင့်ကြည့်ကြသောအခါ ကျနော့် ပထမဆုမှာ ထမိန်၊ မမခင်ရှိန်ရဲ့ ဒုတိယဆုမှာ ပုဆိုးဖြစ်နေပါသည်။ ထို့ ကြောင့် ကျနော်တို့ အချင်းချင်း ဆုချင်းလဲရန် သဘောတူကြသည်။

    “အိမ်မှာ အပ်ချုပ်စက်ရှိတယ်။ မမချုပ်ပေးလိုက်မယ်”

    သူ့ကိုယ်သူ “မမ”လို့  သုံးလိုက်တာလေး ကျနော့် နားထဲစွဲဝင်သွားသည်။ နောက်တရက်တွင်  ကျနော် မမခင်ရှိန်နေရာ နေရှင်နယ်ကုန်း (ထောင်ကုန်းလမ်းနဲ့ အမှတ် ၂ အထက ကျောင်းထောင့်) ကို ပုဆိုးယူဘို့ရောက်ခဲ့သည်။ မမခင်ရှိန်က တခါထည်း ဝတ်ကြည့်ဘို့ပြောသည်။ ရှက်၍ ကျနော် မဝတ်ကြည့်ခဲ့ပါ။

    မမခင်ရှိန်က ငပုတောက လာပြီး အထက (၃)မှာ တက်သည်။ ကျနော့်လိုပဲ ဆယ်တန်း။ မြန်မာစာနဲ့ ဘိုင်အိုက လွဲပြီး ကျန်တဲ့ဘာသာတွေ အားနည်းမှန်း ကျနော်သိခဲ့သည်။ ကျနော်က ဘာသာအားလုံးကို စိတ်ဝင်စားသည်။ ကြိုက်သည်။ ကြိုးလည်းကြိုးစားသဖြင့် အတန်းထဲမှာ ထိပ်ဆုံးကချည်းနေခဲ့သည်။

    နောက်ပိုင်းတွင် စနေ တနင်္ဂနွေနေ့တိုင်းနီးပါး  မမခင်ရှိန်ဆီရောက်ပြီး အယ်လ်ဂျီဘရာ ဂျီရော်မေတြီ ဖစ်ဇစ်တွေ ပြပေးရသည်။  မမခင်ရှိန်က ကျက်အားတော့သန်သည်။ ခယ်မစ်စတြီ ဆိုပါစို့။ အီကွေးရှင်း တရာကျော်ကို အလွတ်ရသည်။ ဗေလင်စီပါ ပါအောင်ကျက်ထားသည်။ ကျနော်က ဗေလင်စီညှိနည်းကို သင်ပေးပေမယ့်  မမခင်ရှိန်နားမလည် စိတ်မဝင်စား။ အင်္ဂလိပ်စာဆိုလည်း ရှော့ ကွယ်ရှင်၊ လောင်း ကွယ်ရှင်၊ အက်ဆေးတွေ အကုန်လုံးကျက်ထားသည်။ အဓိပ္ပါယ်တော့ သူမသိ။ ကိုယ့်ဖာသာကိုယ် နားလည်အောင် လွယ်လွယ်လေးနဲ့ ရေးဖို့ ကျနော်ပြောသည်။ မမခင်ရှိန် မလုပ်နိုင်။

    ကျနော်တတ်နိုင်သလောက် မမခင်ရှိန်ကို သင်ပေးပါသည်။ ထိုအချိန်များက မမခင်ရှိန် ကျွေးသော လ္ဘက်သုတ် ပုဇွန်ခြောက်သုတ်များကို ကျနော် ဘယ်တော့မှ မမေ့နိုင်ပါ။

    ဆယ်တန်းဖြေပြီးပြီးချင်း မမခင်ရှိန် သူ့ဇာတိ ငပုတောကို ပြန်တော့၊ ကျနော် မမခင်ရှိန်ကို သဘောင်္ဆိပ်လိုက်ပို့ သည်။

    “မမတော့ အောင်မှာမဟုတ်ဘူး။ အိမ်မှာပဲစက်ချုပ်ဆိုင်ဖွင့်ပြီး လင်ယူတော့မယ်”

    မမခင်ရှိန် ပြုံးစိစိဖြင့် ကျနော့်ကိုပြောသည်။ ကျနော့်ရင်ထဲ ဝမ်းနည်းသလိုလို ဖြစ်မိသည်။

    “ကံကောင်းရင်လည်း အောင်မှာပေါ့ မမရယ်”

    ကျနော်ပြောလိုက်သည်။

    မမခင်ရှိန် မျက်နှာလေးကို ကျနော် အတော်ကြာ ကြည့်နေမိသည်။ မမခင်ရှိန်ကလည်း ကျနော့်ကို ကြည့်နေပါသည်။

    ဖြည်းဖြည်းလေးရွေ့ ကာ ကမ်းကခွာနေတဲ့ သဘောင်္ပေါ်က မမခင်ရှိန်ကို ကျနော် အကြာကြီး ရပ်ကြည့်နေမိသည်။ တဖြည်းဖြည်းခွာဝေးခြင်း ဝေဒနာမှာ ပူလောင်နေကြောင်း ကျနော်သတိထားခဲ့မိသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ခင်ပွန်းသည်ကို ကလေးတွေထက် ပိုပြီးချစ်တာ ဘဝသာယာ ပျော်ရွှင် ခြင်းရဲ့ အောင်မြင်မှု သော့ချက်

    ခင်ပွန်းသည်ကို ကလေးတွေထက် ပိုပြီးချစ်တာ ဘဝသာယာ ပျော်ရွှင် ခြင်းရဲ့ အောင်မြင်မှု သော့ချက်

    “သမီးနဲ့ အဖေနဲ့ ဘယ်သူ့ကို ပိုချစ်လဲ”လို့ ကျွန်မငယ်ငယ်က အမေ့ကိုမေးဘူးတယ်။ “အချစ်ချင်းမတူဘုး”လို့ အမေက ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် အဖေနဲ့အမေတို့တဦးနဲ့တဦး ကြင်နာတဲ့ အနမ်းတွေနဲ့ ဖလှယ်ပြီး၊ တစ်ယောက်လက် တစ်ယောက် အမြဲချိတ်ပြီး သွားလာနေကြတယ်။ ကျွန်မတို့ကလေးတွေကို အဖိုးအဖွားနဲ့ထားပြီး အားလပ်ရက်ရှည် လျှောက်လည်ကြတယ်။ ကျွန်မတို့အဖေကို အမေက ကျွန်မတို့ထက်ပိုပြီး ချစ်ခဲ့တာပါ။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ဇီဇဝါ အိပ်မက်

    ဇီဇဝါ အိပ်မက်

    ဇီဇဝါ အိပ်မက်

    (၁)

    မိုင်ယာမီကို ဟိုတုန်းက သုံးလေးခေါက် ရောက်ဖူးသည်။ အမှတ်တမဲ့၊ ဖြတ်သွား ဖြတ်လာ လောက်သာ စိတ်ထဲရှိခဲ့ပြီး၊ အလေးအနက် မကြည့်ခဲ့မိပါ။ ဒါပမယ့် ပြီးခဲ့တဲ့ ၂ နှစ်က အမျိုသမီး နဲ့ ဗကေးရှင်းသွားတုန်း၊ ယူအက်စ်ဝမ်း လမ်းမကြီး တောက်လျှောက် ကားမောင်းသွားရင်း လမ်းဘေးဝဲယာမှ နီနီရဲရဲ စိန်ပန်း၊ စိမ်းညို့ညို့သရက်၊ အရွက်ဖားဖားအုန်းပင်များတွေ့ရသောအခါ မောင်တို့ဒီမှာ အိမ်လာ ဝယ်ရင် ကောင်းမယ်ဟု လွှတ်ကနဲပြော လိုက်မိသည်။

    ကျနော်တို့လင်မယား မိုင်ယာမီကို ကြိုက်မိပြီ။ နံပါတ်တစ် – ရာသီဥတု ပူသည်။  နံပါတ် နှစ် – သစ်ပင်ပန်းမာလ်များ။  စိန်ပန်းနီ စိန်ပန်းဝါ ငု သရက် အုန်း ဗမာပြည်ကအပင် မှန်သမျှ တွေ့ နိုင်သည်။ နှစ်ကာလ ရှည်လျှားစွာ ရင်ထဲ ပုန်းဝှက် မြိုသိပ်ထားခဲ့သော ဗမာပြည် အလွမ်းစိတ်တွေ ဘွားကနဲပေါ်လာသည်။  ဗကေးရှင်း တလျှောက်လုံး မိုင်ယာမီမှာ အိမ်ဝယ် ဘို့ကိစ္စ ကျနော် တို့  စိတ်ကူးယဉ်ကြသည်။ ဗကေးရှင်းက ပြန်လာ တော့ စိတ်ကူးကို စပြီး အကောင်အထည် ဖော်ကြသည်။  အင်တာနက်မှတဆင့် မိုင်ယာမီမှ ရောင်းရန် အိမ်များကို ရှာတော့သည်။

    တိုတိုဆိုကြပါစို့။  လပိုင်းအတွင်း ကျနော်တို့ကြိုက်သော အိမ်တလုံး ကျနော် တို့ တတ်နိုင်သော ဈေးဖြင့်ဝယ်လိုက်ပါသည်။  ကျနော်တို့နှင့် မိသားစုသဖွယ် ခင်မင်နေ သော ကန်ထရက်တာ တယောက်က မိုင်ယာမီသို့သွား၍ ကျနော်တို့ အိမ်ကို ပြင်စရာ ရှိတာ ပြင်ပေးသည်။  အားလုံး အဆင်သင့်ဖြစ်သောအခါ ကားကြီး ၂ စင်း၊ ကားလေး ၁ စင်းဖြင့် ကျနော်တို့ မိုင်ယာမီသို့ပြောင်းလာခဲ့သည်။  ကိုယ့်နိုင်ငံကိုယ် ပြန်ပြောင်း လာရသလို ခံစား ရသည်။  
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အသက်ထွက်သွားသော စောင့်ထိန်းခြင်း

    အသက်ထွက်သွားသော စောင့်ထိန်းခြင်း

    အသက်ထွက်သွားသော စောင့်ထိန်းခြင်း

    ညသည် တိတ်ဆိတ်စွာ ငြိမ်သက်စ ပြုနေပြီ ဖြစ်သည်။ လမ်းမပေါ်တွင်လည်း လူ အသွားအလာ ကျဲပါးနေပြီ ဖြစ်သည်။ ညသည် လှကောင်း လှပေမည်။ သို့သော် ထို လှပသောညကို ခံစားဖို့ နေနေသာသာ ပင်ပန်းနွမ်းနေသော ခန္ဓာကိုယ်ကို မလျှက်က အိမ်ရောက်ဖို့ တအားလျှောက်ယူ နေရသည်။ ရာသီက ပူရသည့်အထဲ အလုပ် ကလည်း ဒီကနေ့ ပိုပင်ပန်းသဖြင့် သူ အားအင်တွေ ကုန်ခမ်းနေပြီ ဖြစ်သည်။ သူ စီးလာသော ဘတ်စ်ကားကလည်း သူ့ လက်ကျန် အင်အားများကို ယူထားလိုက်ပြီ ဖြစ်သည်။ လူလည်း ဖွတ်သထက် ညစ်နေပြီ။

    တစ်လတစ်လ ရသည့်ငွေနှင့် ဘယ်လိုမှ မကာမိ။ အလုပ်တွင် ရံဖန်ရံခါ အောက်ဆိုက်လေးမှ မရရင် အိမ်က မိန်းမက ခိုသံပေးကာ မတရား ငြီးမည်။ ဒီ ဗိုက်ပြဿနာ ပါးစပ်ပြဿနာကြောင့် ခက်လှသည်။ သို့သော် မဝတ်ဘဲ နေလို့ရသည်။ မစားဘဲ နေလို့ရသည် မဟုတ်။ သားသမီးတွေရဲ့ ပူဆာမှုကိုလည်း ဟိုနေ့ဝယ်ပေးမည် သည် နေ့ ဝယ်ပေးမည်ဟု နေ့ရွှေ ညရွှေ့ လုပ်လာခဲ့သည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိ။ သူတို့သားသမီးများ ကံဆိုးဘိချင်းဟု တွေးမိသည်။ သို့သော် သူ့အစွမ်းက ကုန်ပြီဖြစ်သည်။ သိန်းထီများကလည်း မပေါက်နိုင်။

    သူ သိပ်ပင်ပန်းလာသော ရက်မျိုး စိတ်ကလည်း အထိမခံအောင် တိုနေချိန်မျိုးဆိုက ထိုသို့ကလေးများ ပူဆာသောအခါ အော်ငေါက်ပစ် လိုက်မိမည်ဖြစ်သည်။ သူလည်း အဖေထဲက အဖေ ပင်ဖြစ်၍ သားသမီးအလိုကိုတော့ လိုက်ချင်ပါသည်။ ကလေးနှစ်ယောက် နှင့် သူ့မိသားစု အတွက် သူ တစ်ယောက် တည်း ရုန်းရသည်မှာ လွယ် လှသည်မဟုတ်။ မိန်းမလုပ်သူက အသုတ်ဆိုင်ကလေး ဖွင့်ပြီး သူ့ကိုကူညီလို့သာ သူ အသက်ရှု အ နည်းငယ် ချောင်နေခြင်းဖြစ်သည်။ အငယ်ကောင်လေးက နောက် နှစ်ဆို ကျောင်းထားရ တော့မည်။ အကြီးကောင်က သုံးတန်း။ ကျောင်းစရိတ် ကျူရှင်စရိတ် တွေးပူရရင် ထမင်းပင် စားနိုင်တော့မည် မဟုတ်ပေ။

    အိမ်ပြန် ရောက်ရောက်ချင်း ခြေပစ်လက်ပစ်လှဲ ပစ်ချင်စိတ်သာ လွှမ်းမိုးနေလေသည်။ ခြေသလုံးကြွက်သားများ ကလည်း ညောင်းချိနေသလို ဇက်ကြောကလည်း နောက်မှ ဆွဲထားသလို တင်းနေပုံကြောင့် မအီမသာကြီး ဖြစ်နေလေသည်။ တစ်ကိုယ်လုံးလည်း ချွေးများနှင့် စီးထန်းနေလေ၏။ သူ့ရှေ့မှ ကားတစ်စီး ဝူးကနဲ မောင်းထွက် သွားသည်။ အိမ်ပြန်ချင်စိတ် အားကြီးနေသော သူ…. ရုတ်ရက်မို့ လန့်သွားသည်။ တစ်ပြိုင်နက် ဒေါသကလည်း မဆီမဆိုင် ထွက်သွားသည်။ ပါးစပ်မှလည်း ပက်ကနဲ့ ဆဲမိသွားသည်။

    ကားရပ်ထားခဲ့သော နေရာသို့ရောက်တော့ လမ်းမပေါ်တွင် မည်းမည်း အရာဝတ္တုတစ်ခုကို သူ တွေ့လိုက်ရ သည်။ ဘာများဖြစ်မည်နည်း။ အလင်းရောင်ကလည်း အားနည်းသည်။ သူ အိမ်ကို အနည်းငယ် မေ့သွားသည်။ လေးထောင့် ရှည်မျောမျော အရာတစ်ခု။ ထိုအရာဝတ္တုနားသို့ ရောက်သောအခါ သူ ရပ်တန့်လိုက်ပြီး ဆတ်ကနဲ ကောက်ကြည့်လိုက်သည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ဒီနေ့အတွက်ကဗျာ – “လေ”

    ဒီနေ့အတွက်ကဗျာ – “လေ”

    “ဒီနေ့အတွက်ကဗျာ” ကဏ္ဍမှာ ပုသိမ်သား ကဗျာဆရာ နှစ်ယောက် ဖြစ်တဲ့ (ကို) ချစ်တိုးနွယ် နဲ့ (ကို) တိုးဝေ တို့ရဲ့ကဗျာတွေကို အခါအားလျော်စွာ တင်ပေးသွားမှာ ဖြစ်ပါတယ်။

    ဒီနေ့အတွက်ကတော့..  ဆရာ တိုးဝေ ရဲ့ “လေဆိုတဲ့ ကဗျာလေး တစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အဝေးပျံငှက် – အပိုင်း (၇)

    အဝေးပျံငှက် – အပိုင်း (၇)

    အဝေးပျံငှက် - အပိုင်း (၇)

    ပန်းရိပ်နွယ်တွင် အလုပ်ဝင်ဖြစ်တော့ ဖြူ သည်အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးကပြလေသည်။ အနုပညာကို အဆန်းတကြယ်မကပြရလျှင်နေပါစေ။ မဖွယ်မရာတော့ မကနိုင်ပါ။ သင်္ကြန်သီချင်းဖြစ်စေဦး..ကကြိုး ကကွက် တွေကိုတော့  မခိုမကပ်သေချာ က ချင်သည်။ ဖြူ ခတ်ချင်လှသော ဗလာထမီလေးကတော့ တစ်ပတ်တွင် နှစ် ရက်သာအခွင့်ရသည်။ “သောကြာ၊ စနေ မြန်မာ့ယဉ်ကျေးမှု ဖျော်ဖြေ တင်ဆက်ပွဲ” တဲ့။ ဆိုင်ရှေ့မျက်နှာမှာ ပြူးပြူး ပြဲပြဲရေးထားသေးသည်။ သို့ငြား ဖြူ တို့စီစဉ်ခဲ့ရသော သီချင်းတို့၏ အဓိပ္ပာယ်၊ အနှစ်သာရကိုပင် ဦး အောင်ဘ ညို ခမျာ နားလည်ဟန်မတူပါ။ ဆရာကိုယ်တိုင် ရေးစပ်သီကုံးခဲ့သော “မြနှင်းဖြူ” ဟူသည့် နာမည်ပါဝင်သည့် သီချင်းကိုတော့ သဘောတွေ့ဟန်တူသည်။

    “ကောင်းတယ်….မြူးတယ်..မြနှင်းဖြူ ကတာလည်း လှတယ် ”တဲ့

    ဘာပဲဖြစ်ဖြစ် ဒီစကားတစ်ခွန်းလောက်နှင့် ဖြူ တို့ပန်းသမျှ ဖြေရပါသည်။ ဖြူ ကနေတာသည် မီးရောင်တော့ မီးရောင်အောက်ပင်။ သို့ပေမယ့် ညမို့ထိန်လင်းအောင် မီးရောင်ထွန်းထားရသည် မဟုတ်။ နေ့လည်ဘက်….. အတန်ငယ် အရိပ်ကျသော ဆိုင်အတွင်းပေမို့ အလင်းရောင်ခပ်ဖျော့ဖျော့သာ ပေးထားသော မီးရောင်အောက် စင်မြင့်ထက်ဆီမှသာ ဖြစ်သည်။ လက်ခုက်သြဘာသံတွေ ဟိန်းထအောင် မမျှော်လင့်သော်လည်း ဇွန်းသံ၊ ပန်းကန်သံ၊ စားပွဲဝိုင်းများမှ လည်ပြန်ခေါင်းများကိုတော့ များစေချင်သားပင်။ က ချင်လှသည် ဆိုသည့်တိုင် တစ်ကိုယ်တည်း စင်မြင့်ထက်တွင်ထက် ပရိသတ် သြဘာသံကိုတော့ ရရှိလှပါသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ကဗျာ

    Posted on June 5th, 2011

    Written by PatheinCity

    Tags

    , ,

    အမြဲနောက်ကျတတ်တဲ့ အခန်း တံခါးဝက ဖိတ်စာလေးတစ်စောင်

    အမြဲနောက်ကျတတ်တဲ့ အခန်း တံခါးဝက ဖိတ်စာလေးတစ်စောင်

    သူဖွဲ့သီရာ သူ့ကဗျာ ကဏ္ဍမှာ မြို့တော် ပုသိမ် သတင်းစဉ်ကို ပေးပို့လာတဲ့ ဝါသနာရှင်များရဲ့ ကလောင်စွမ်း ပြထားသော ကဗျာလေးများကို အလျဉ်းသင့်သလို ကောက်နှုတ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ယခုတစ်ခေါက်တော့ ပရိသတ်  တစ်ဦး ပေးပို့ထားသော ရေးသားသူ cm1se7en ရဲ့ “အမြဲနောက်ကျတတ်တဲ့ အခန်းတံခါးဝက ဖိတ်စာလေးတစ်စောင် ဆိုတဲ့ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အဝေးပျံငှက်-အပိုင်း (၆)

    အဝေးပျံငှက်-အပိုင်း (၆)
    အဝေးပျံငှက်-အပိုင်း (၆)

    ( ၁၂ )

    အများသုံး P.C.O ဖုန်းရုံလေးများ၏ ရှေ့မှဖြတ်တိုင်း ဖြူ့ ခြေလှမ်းတွေ တုံ့ဆိုင်းတတ်ပါသည်။

    မြို့နယ် ကုဒ်ရှေက ခံလျှက် ဂဏန်းငါးလုံးကို နှိပ်လိုက်လျှင်.. ဟိုးး အဝေးက ဖြူ သိပ်ချစ်ရသော မိသားစုလေးထံ ချက်ချင်း ရောက်ရှိသွားတော့မည်။ ညက မေမေ့ကို အိပ်မက်မက်သည်။

    အိပ်မက်ထဲမှာ မေမေက ဖြူ့ဆံနွယ်တွေကို ညင်ညင်သာသာ ပွတ်သပ်ပေးလျှက် နူးညံ့သောအပြုံးတို့နှင့် စကားတွေဆိုလျှက် ရှိသည်တဲ့။ အိပ်မက်မှ ရုတ်တရက် နိုးထသော် ဖြူ့ ပါးပြင်မှာ မျက်ရည်စတွေနှင့်..။   ပြန်၍လည်း အိပ်မပျော်။ အလင်းရောင်သဲ့သဲ့ပင် မထွက်ပေါ်သေးသော နံနက်ခင်းအမှောင်ထုကို ခပ်ကြောင်ကြောင် ငေးကြည့်ရင်း ဖြူ့ ရင်တွင်းမှာ တနင့်နင့် လှိုက်မောလာသည်။ ဘာလိုလိုနှင့် ဖြူ ရန်ကုန်ရောက်ခဲ့တာ ခြောက်လကျော်ခဲ့ပြီ။

    မေမေ……ဖြူ အင်္ဂလိပ်စာမေဂျာ ယူပါတယ်။ ဖြူ့ အမှတ်တွေ အများကြီးပဲ မေမေ။ ဒါပေမယ့် ဖြူ တက္ကသိုလ် မတက်နိုင်ခဲ့ပါဘူး။ ဖြူ သိပ်တက်ချင်တဲ့ ယဉ်ကျေးမှုတက္ကသိုလ် လည်း မတက်ဖြစ်ဘူး မေမေ။ အဝေးသင်ပထမနှစ်ဝက်ရဲ့ စာစဉ်တွေ တင်ပြီးပါပြီ မေမေ။ ဖြူ အခု လိမ်လိမ်မာမာနေပါတယ်…။

    မေမေ့ကို အသံတိတ် တိုင်တည်ရင်း ဖြူ့ ရင်သည် ဆို့နင့်လျှက်ရှိသည်။ မေမေ့ကို ဖြူ လွမ်းလှသည်။   ဖေဖေ၊ မမကြီး၊ မောင်ငယ်လေး…အကုန်လုံးကိုလွမ်း လှပါသည်။ အိမ်ကို ဖုန်းဆက်ဖို့ကြိုးစားတိုင်း   ဖြူ့ ခြေလှမ်းတွေ တုန်ရီလျှက်ပင်။ ပြီးလျှင် နောက်ပြန်လှည့်ခဲ့ရသည်သာ။ ဟင့်အင်း…… ဖြူ သတ္တိ မရှိသေးပါဘူး။ အခုလောက်ဆို ဖြူတို့ပို့လိုက်သော စာရှည်ကြီးတွေ အိမ်တွေက ဖတ်ပြီးကြလောက် ပါပြီ။ စိတ်ဆိုးနေကြတုန်း ဆိုရင်တောင် နားတော့ လည်လောက်ကြပြီ ထင်ပါရဲ့။ ထင်တာပဲ… ထင်တာပါပဲလေ။ ကြာရှည် မတွေး ချင်တော့သလို ခေါင်းကို ခပ်သွက်သွက် ယမ်းမိသည်။ ဖြူ အခုခြေထောက်နှစ်ချောင်း အပေါ်မှာ စုံရပ်နိုင်ဖို့၊ မယိမ်းယိုင်ဖို့ ကြိုးစားနေတယ်။   ပြီးရင်   ခြေလှမ်းစလှမ်းရဦးမှာ။ အားမာန်တွေ မပျော့ညံ့ဖို့ မျက်ရည်တော့ မကျနှင့်။ ကိုယ့်ကိုကိုယ် အားပေးရင်း အံကိုသာ ဖြူတင်းတင်း ကြိတ်မိပါသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Page 1 of 612345...Last »