၂၀၁၀ ကမ္ဘာဖလား ဘောလုံးပွဲကို တောင်အာဖရိက အသင့်ကြိုဆို
ကမ္ဘာတစ်လွှားမှ အားကစား ချစ်သူများ စိတ်လှုပ်ရှားစွာ မျှော်လင့် စောင့်စားနေသော ၂၀၁၀ ကမ္ဘာဖလား ဘောလုံးပွဲကြီးကို တောင်အာဖရိက နိုင်ငံတစ်ဝှမ်း မှ အားကစားကွင်းကြီး ၁၀ ခုတွင် ၂၀၁၀ ဇွန်လအတွင်း စတင် ယှဉ်ပြိုင် ကစားတော့မည် ဖြစ်သည်။ ကမ္ဘာဖလား ကွင်းဖွင့်ပွဲနှင့် နောက်ဆုံး ဗိုလ်လုပွဲကို တောင်အာဖရိက အကြီးဆုံးမြို့တော် ဂျဟာနစ်ဘတ့် (Johannesburg) တွင်ကျင်းပမည်ဖြစ်သည်။
အခြား ပွဲစဉ်များလက်ခံကျင်းပမည့် မြို့တော်များမှာ Bloemfontein ၊ Cape Town ၊ Durban ၊ Nelspruit ၊ Polokwane ၊ Port Elizabeth ၊ Pretoria နှင့် Rustenberg စသည့် မြို့ကြီးများ ဖြစ်ကြသည်။

ကမာ့ဖလား ကျင်းပမည့် မြို့ကြီးများရှိ အားကစားကွင်းများ
အားကစားကွင်းကြီး ၁၀ကွင်း တွင် လူပေါင်း ၅သိန်း ၄သောင်းကျော် ကြည့်ရှုနိုင်ကြပြီး ခေတ်မှီပစ္စည်းကရိယာများ ကမ္ဘာအဆင့်မှီ လုံခြုံရေးအစီအမံများထားရှိသည်။ ထို့အပြင် လက်ခံကျင်းပမည့် မြို့တော်တိုင်းတွင် ကြည့်ရှုအားပေးသူများအတွက် နေရာထိုင်ခင်းများ စီစဉ်ထားပြီး ၊ တောင်အာဖရိက ရိုးရာအစားအစာများ နှင့် အဖျော်ယမကာများ ရရှိနိုင်မည်ဖြစ်သောကြောင့် လာရောက်သော ဧည့်သည်များအနေဖြင့် ကမ္ဘာဖလားပွဲအပြင် ဒေသဆိုင်ရာ အတွေအကြုံများ၊ တောင်အာဖရိကသူ တောင်အာဖရိကသားတို့၏ ဧည့်ဝတ် ကျေပြွန်မှုများကိုပါ ရရှိခံစားနိုင်မည် ဖြစ်သည်။

ပွဲလက်ခံကျင်းပမည့် အဓိက မြို့တော် ဂျဟာနစ်ဘတ့်
ပွဲလက်ခံကျင်းပမည့် အဓိက မြို့တော် ဂျဟာနစ်ဘတ့် (Johannesburg) တွင် Soccer City နှင့် Ellis Park ဟူသော အားကစားကွင်းကြီး နှစ်ကွင်းရှိပြီး ၂၀၁၀ ကမ္ဘာဖလားအတွက် ကွင်းဖွင့်ပွဲ ၊ ဆီမီးဖိုင်နယ် နှင့် ဖိုင်နယ် ပွဲစဉ်များ ကို လက်ခံကျင်းပသွားမည် ဖြစ်သည်။
အပြည့်အစုံ ဆက်ဖတ်ရန်»

















