ရောက်သည့် အချိန်က ဖေဖေါ်ဝါရီလ။ ဆောင်းတွင်းမို့ အေးလို့ကောင်းတုန်း။ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်ပေါ်ဒေသ ဆိုတော့လည်း အေးတာပေါ့ဗျာ။ ငှက်ဖျား ကလည်း ဒီဒေသက နာမည်ကြီး ဆိုတော့ ကြောက်လည်းကြောက်သည်။ မလာခင် ကတည်းက ကာကွယ်ဆေးကြိုသောက်ခဲ့ သော်လည်း စိတ်မချရ။ တခါလောက် ဖြစ်ပြီးသွားတော့ မှပဲ ဒီဒေသတွင် နေနိုင်သွားသည်ဟု ဆိုသည်။
ကျောင်းပြီးခါစ ဆရာဝန်ပေါက်စ အတွက် သွားရတဲ့ နေရာက နယ်စပ်ဒေသ ဆိုတော့ ကြောက်လည်းကြောက်မိသည်။ အဲဒီ ဒေသတွေက အခု ငြိမ်းချမ်းနေပြီ ဆိုပေမယ့်၊ ကိုယ့် အတွေ့အကြုံနှင့် ပညာကို မယုံကြည်သောကြောင့် ကြောက်ခြင်းဖြစ်သည်။ ကိုယ့်မှာ အတွေ့အကြုံ မစုံသည် သာမက ကိုယ့်ဆေးရုံမှာ ပစ္စည်းကလည်း မစုံ။ တခုခု များ ရောဂါ ကြီးကြီးမားမားနဲ့ ရောက်လာခဲ့လျှင် တကယ်မလွယ်။ တနေ့နေ့ သတ္တ၀ါ အများ ကျန်းမာချမ်းသာကြပါစေ ကြောင်းမေတ္တာပို့ရတာလည်း အမော။ အထူးသဖြင့် ကိုယ့်ဒေသ က လူတွေကျန်းမာဖို့ စူးစူးစိုက်စိုက်နှင့် မေတ္တာပို့ဖြစ်သည်။ သူတို့ တခုခု ဖြစ်လျှင်ကိုယ့် တာဝန် မဟုတ်လား။ ကိုယ့်အပေါ်မှာ တာဝန် မရှိသေးတဲ့ အချိန်တုန်းကတော့ case များများရရင် ပျော်ဖူးသည်။ အခုတော့ ကြောက်တတ်လာသည် မပြည့်စုံသည့် ပစ္စည်းနှင့် တိုင်ပင်ရမည့်၊ အားကိုးရမည့် ကိုယ့်အထက်စီနီယာ လည်းမရှိခြင်းကြောင့် ယုံကြည်မှု လုံးဝမရှိခဲ့။ ရောက်လာ သမျှလူနာကိုတော့ စိုးရိမ်တကြီးနှင့် အပင်ပန်းခံ ကုသပေးမှုကြောင့် ဒေသခံတွေက ချစ်လာကြသည် (တကယ်တော့ ကိုယ့်ရဲ့ မပြည့်ဝ တဲ့ ပညာကြောင့် လူနာတခုခု ဖြစ်မှာစိုးရိမ်ပြီး၊ လူနာကို နေမကောင်းမချင်း တောက်လျှောက် စောင့်ကြည့်ကာ အပင်ပန်းခံ ကုသပေး ဖြစ်ခြင်းဖြစ် သည်။) ကိုယ် မနိုင်တဲ့ case ရောက်လာလို့ လည်း လွဲပြောင်းကုသရန် ဆယ်သွယ်ရေး ခက်ခဲသော နေရာဖြစ်သည်။ ဒီတော့ ကိုယ်မကယ်တင်နိုင်လောက်တဲ့ လူနာမျိုး ရောက်မလာ စေဖို့ ဆုတောင်းရသည်။
အပြည့်အစုံ ဆက်ဖတ်ရန်»