ပုသိမ်- May 20, 2010
ပုံမှန်ထက် အပူချိန်လွန်ကဲပြင်းထန်သော နွေရာသီကြောင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများတွင် ရေတွင်း ရေကန်များခန်းခြောက် ကုန်သောကြောင့် သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရာ မေလ ၂၀ ရက်နေ့တွင် သုမင်္ဂလာ ဖေါင်ဒေးရှင်းမှ ဦဆောင်ပြီး ရေငံပိုင်းဒေသများသို့ ရေဂါလံ တစ်သိန်းကျော် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါသည်။
သုမင်္ဂလာ ဖေါင်ဒေးရှင်းမှ ဦဆောင်မှုဖြင့် မြင့်မြတ်အလင်း သာသနာ့ အကျိုးဆောင် အဖွဲ့နှင့် ရွှေစင်ကြယ်ရေယာဉ်မိသားစုတို့ ပူးပေါင်းထားသော ရေလှူဒါန်ရေး အဖွဲ့သည် ရွှေစင်ကြယ် (၂) ရှပ်ပြေး သင်္ဘောပေါ်တွင် ရေဂါလံတစ်သိန်းကျော် တင်ဆောင်ပြီး မေလ ၂၀ ရက်နေ့တွင် ပုသိမ်မြို့မှ စတင်ထွက်ခွာပြီး ကျုံကူးရွာ ၊ ရဲခေါင်ကြီးရွာ ၊ ကန့်ဘလာရွာ ၊ ဘုရားတောင် -တောင်ရွာ ၊ ဘုရားတောင်-မြောက်ရွာ ၊ ရေကျော်ရွာ ၊ တူးမြောင်းရွာ ၊ ကျောက်ငူရွာ ၊ ချောင်းဝရွာ စသည့်ရွာများသို့ ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဆက်ဖတ်ရန်»