• ဆောင်းဟေဂို ၏ 2010 နွေရာသီ ဖက်ရှင် စတိုင်များ

    ဆောင်းဟေဂို ၏ 2010 နွေရာသီ ဖက်ရှင် စတိုင်များ

    တောင်ကိုရီးယား မင်းသမီး ဆောင်းဟေဂို သည် မကြာသေးမီက ကိုရီးယား ဖက်ရှင် လုပ်ငန်း Roem အတွက် ပန်းအလှများနှင့် အရောင်လွင်လွင်များကို ဝတ်ဆင်လျက် 2010 Roem Summer Collection အဖြစ် နွေရာသီ ဖက်ရှင်ပုံများ ရိုက်ကူးခဲ့ရာ သူမ၏ အပြစ်ကင်းစင်၍ ကျက်သရေရှိသော အလှကို မြင်တွေ့ရသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • 2010 နွေရာသီ အတွက် ဦးထုပ် ဆောင်း ဖက်ရှင်

    2010 နွေရာသီ အတွက် ဦးထုပ် ဆောင်း ဖက်ရှင်

    ဒီနှစ်နွေရာသီက အားလုံးသိကြတဲ့အတိုင်း အတော်ပူပြင်းပါတယ်။ ရေဘူးနဲ့ ဖိနပ်မပါ နွေခါမှသိ ဆိုတဲ့ ဆိုရိုးလိုပဲ ဒီနေ့ခေတ် မှာတော့ ရေဘူးနဲ့ ဖိနပ်တင် မကပါဘူး ဒီအပူရှိန်အောက်မှာ သွားရ လာရတဲ့ လူတွေအဖို့ ထီးတို့ ဦးထုပ်တို့ နေကာမျက်မှန်တို့လည်း မမေ့သင့်ပါဘူး။ မိန်ကလေး တော်တော်များများက ထီးဆောင်းဖို့ ဝန်မလေးပေမယ့် ထီးကောက်ကြီး ကန့်လန့်ကန့်လန့် နဲ့သွားရမယ့် အလုပ်ကို ယောက်ျာလေးတွေ မနှစ်မျို့တာ အမှန်ပါပဲ။ ပေါ့ပေါ့ပါးပါးလည်းမရှိ သလို စိတ်ထဲမှာ စတိုင်ပျက်တယ်လို့လဲ ထင်ကြမယ်လေ။

    ကဲ.. အခုတစ်ပါတ် ဖက်ရှင် အစီအစဉ်အတွက် နွေရာသီမှာ မပါမဖြစ် လိုအပ်မယ့် ဦးထုပ်လေးတွေကို တင်ဆက်လိုက်ပါတယ်။ ပေါ့ပါးစတိုင်ကျတဲ့ ဦးထုတ်လေးတွေနဲ့ နွေရာသီမှာ လန်းလိုက်ရအောင်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ကမ္ဘာတစ်လွှား စစ်တပ်တွင်းက အလှတရားများ

    ကမ္ဘာတစ်လွှား စစ်တပ်တွင်းက အလှတရားများ

    ချောမောပြေပြစ်သော ရုပ်ရည်နှင့် အသွင်အပြင် ပိုင်ဆိုင်ရုံသာမက အံ့မခန်းသော သတ္တိ နှင့် ထက်မြက်မှုများလည်း ရှိကြသည်။ သူတို့ကိုယ်သူတို့ အလှအပ ပြင်ဆင်မည့်အစား စစ်ဘက်ဆိုင်ရာ သင်ကြားရေး နှင့် လေ့ကျင့်ရေး အလုပ်များတွင် အချိန်မြုတ်နုံထားကြသည်။ သို့သော် သူတို့၏ တစ်ရောင်တည်းသော စစ်ဝတ်စုံ နှင့် နှစ်လိုဖွယ် အပြုံးများသည် ပုရိသအများစုကို စွဲမက်စေလျက် ရှိဆဲပင် ဖြစ်သည်။ သူတို့သည် အမျိုးသမီးစစ်သား (စစ်သမီး) များဖြစ်ကြပြီး လူအများစုကတော့ စစ်တပ်တွင်းက အလှတရားများ ဟု ခေါ်ကြပြီး ပုရိသဆန်လွန်းသော တပ်တွင်းကမ္ဘာ၏ တောက်ပနှစ်လိုဖွယ် အကောင်းဆုံး မြင်ကွင်းလည်းဖြစ်သည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • 2010နွေရာသီဖက်ရှင်

    2010နွေရာသီဖက်ရှင်

    2010ထုတ် အာရှနာမည်ကျော် Brand ထဲမှ မြန်မာ့ ရာသီဥတုနှင့် ကိုက်ညီမယ့် ဒီဇိုင်းလေးများကို စုစည်း တင်ဆက်လိုက်ပါတယ်။ ညီမငယ်လေးတွေအတွက် ပေါ့ပေါ့ပါးပါး ဂါဝန်လှလှ ဒီဇိုင်းဆန်းလေးတွေနဲ့ အလှဆင်ယင်း ပူပြင်းတဲ့ နွေရာသီကို ဖြတ်သန်းလိုက်ကြရအောင်….။

    Brand: Maypin

    Type  :   Floral Print Chiffon Dress

    Floral Print Chiffon Dress ပန်းဖတ်လွှာပုံစံပိုးထည်ဂါဝန်လေးကလဲ ရိုးရိုးရှင်းရှင်းလေးနဲ့ ကလေးဆန်ဆန် လွှတ်လပ်ပေါ့ပါးတဲ့ ချစ်စရာ ဂါဝန်လေးတစ်တည်ဖြစ်ပါတယ်၊ ဂါဝန်အရှည်မှာ ဒူးအတိဖြစ်သောကြောင့် အရမ်းမတိုလွန်းတဲ့အတွက် သူတစ်ထည်တည်းနှင့်ပင် ၀တ်ဆင်နိုင်ပါတယ်။ မိမိကိုယ်တိုင် ချူပ်ဝတ်လျှင်လည်း လွယ်ကူသက်သာစွာ ၀တ်ဆင်နိုင်မည့် ဒီဇိုင်းလေးဖြစ်ပါတယ်။
    Brand ကတော့ Alice Room ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံထုတ်ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ US$80 ပါ။

    Brand: Alice Room

    Type: Satin Print Dress

    အခုဒီဇိုင်းလေးကတော့ အဖြူနဲ့ အနက်ကို အဆင်ကျကျစပ်ထားတဲ့ ခါးရှည်ဝတ်စုံလေးပါ။ ပိုးသားနဲ့ Polyester အစပ်ဖြစ်ပါတယ်။ ခေတ်ဆန်သလို အမြင်မရိုင်းတဲ့ ဒီဇိုင်းမို့ အပြင်သွားတဲ့ အခါသာမက ပွဲလန်းသဘင်လည်း ၀တ်လို့သင့်တော်ပါတယ်။
    Brand ကတော့ Alice Room ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံထုတ်ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ US$90 ပါ။

    Brand: Orange Style

    Type: Beaded Chiffon Dress

    ဒီ ဒီဇိုင်းကတော့ အရောင်လွင်လွင် Polyester နဲ့ ပြုလုပ်ထားပြီး ရိုးရှင်းတဲ့ နွေရာသီ ၀တ်စုံလေးပါ။  အမြင်ရိုးရိုးလေးနဲ့ စွဲဆောင်မှုရှိတဲ့ တစ်ဆက်တည်း ဂါဝန်ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ပုံစံမျိုးဝတ်လို့ရသလို အပြင်အဆင်ပေါ်မှာ မူတည်ပြီး ထသွားလာသွား ၀တ်လို့လည်းရပါတယ်။ Brand ကတော့ တောင်ကိုရီးယားနိုင်ငံထုတ် Orange Style ဖြစ်ပြီး ဈေးနှုန်းကတော့ US$72 ပါ။

    Brand: Dream Star

    Type: Pattern Satin Dress

    ဂါဝန်တော်တော်များများက အပါးသား အပျော့သားတွေနဲ့ ဒီဇိုင်းတွေထွက်ခဲ့ပါတယ်၊ ဒီ ဒီဇိုင်းလေးကတော့ ဖဲသားကဲ့သို့ အပြောင်ပါပြီး သူ့အသားလေးကတော့ နူးညံ့အိစက်တဲ့အထူးသားလေးနဲ့ ဒီဇိုင်းထုပ်ထားတာဖြစ်ပြီး အမှတ်တမဲ့ ကြည့်လျှင် အပေါ်အောက် တစ်ဆက်တည်းလို့မထင်ရပဲ ခါးတစ်ဝိုက်မှာရှိနေတဲ့ အလစတစ်သား အမဲပြားအရှုံးယူထားတဲ့ ဒီဇိုင်လေးရယ် ခါးအောက်ပိုင်းမှ အိတ်အပိုတစ်ဖက်တစ်လုံးစီပါတာရယ်ကြောင့်  ချစ်စရာအသွင်ဆောင်တဲ့ ဂါဝန်လေးတစ်တည်ဖြစ်လာပါတယ်။
    Brand ကတော့ Dream Star ဖြစ်ပြီး Taiwan နိုင်ငံထုတ်ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ US$32 ပါ။

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • မင်းသမီး Li Bingbing ၏ အလှကို Vogue China မဂ္ဂဇင်းတွင် ဖော်ပြ

    မင်းသမီး Li Bingbing ၏ အလှကို Vogue China မဂ္ဂဇင်းတွင် ဖော်ပြ

    တရုတ် ရုပ်ရှင် မင်းသမီး Li Bingbing ၏ ပုံရိပ်ကို Vogue China မဂ္ဂဇင်း ၏ ဧပြီလထုတ် စာအုပ်တွင် ဖော်ပြထားသည်။

    အသက် ၃၇ နှစ် ရှိပြီဖြစ်ပြီး လက်ရှိ Snow Flower and the Secret Fan ရုပ်ရှင်ကားတွင် သရုပ်ဆောင်နေသည့် မင်းသမီး၏ ကျက်သရေရှိသော အလှကို ကို အစိမ်းရောင် ဧကရီ ဟု ၎င်း မဂ္ဂဇင်းက တင်စားထားကြောင်း China Daily တွင် ဖော်ပြထားသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Page 9 of 9« First...56789