• စလင်းဒီယွန် မှာ အမေရိကန်၏ လူကြိုက်အများဆုံး ဂီတသမားဖြစ်

    စလင်းဒီယွန် မှာ အမေရိကန်၏ လူကြိုက်အများဆုံး ဂီတသမားဖြစ်

    အမေရိကန် ဈေးကွက်သုတေသန ကုမ္ပဏီ Harris Interactive ၏ မဲခွဲ စစ်တမ်းကောက်ယူမှုအရ တိုက်တန်းနစ် သီချင်း အဆိုတော် စလင်းဒီယွန် (Celine Dion) သည် The Beatles ၊ U2 နှင့် Elvis Presley  တို့ကို ဖြတ်ကျော်၍ အမေရိကန်၏ လူကြိုက်အများဆုံး ဂီတသမား စာရင်းတွင် ထိပ်ဆုံးက ရပ်တည်နေသည်။

    စလင်းဒီယွန် နောက်တွင် အိုင်ယာလန် Rock ဂီတအဖွဲ U2 က ဒုတိယနေရာ ၊Rock N Roll ဘုရင်ဟု တင်စားခံရသော  အမေရိကန် အဆိုတော် Elvis Presley နှင့် အင်္ဂလိပ် Rock ဂီတအဖွဲ့ The Beatles တို့က ပူးတွဲ၍ တတိယနေရာ ရလျက်ရှိသည်။


    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Super Junior အဖွဲ့ မေလ (၁၃) ရက်နေ့တွင် အဖွဲဝင် (၁၀) ဦး ဖြင့်သာ ပြန်လာတော့မည်

    Super Junior အဖွဲ့ မေလ (၁၃) ရက်နေ့တွင် အဖွဲဝင် (၁၀) ဦး ဖြင့်သာ ပြန်လာတော့မည်

    တောင်ကိုရီးယား လူငယ်အဆိုတော် အဖွဲ Super Junior သည် သူတို့၏ စတုထ္ထမြောက် Album အသစ်နှင့်အတူ  မေလ ၁၃ရက်နေ့ ပရိတ်သတ်ရှေ့မှောက်ကို ပြန်လည် ထွက်ပေါ်လာမည်ဟု တရားဝင် ပြောကြားလိုက်သည်။ လူအများ ကြိုတင် ခန့်မှန်းထား သကဲ့သိုပင် ၎င်းတို့၏ အနုပညာအလုပ်များကို Kangin ၊ Hankyung နှင့် Kibum ဟူသော အဖွဲ့ဝင် (၃)ဦးမပါဝင်တော့ဘဲ ကျန် (၁၀)ဦးနှင့် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သည်။

    မူလက အဖွဲ့ဝင် (၁၃) ဦးရှိသော လူငယ်အဆိုတော် အဖွဲ Super Junior

    “စစ်မှုထမ်းရတော့မှာ ဖြစ်တဲ့ Kangin ရယ် ၊ သရုပ်ဆောင်အလုပ်ဘက်ကိုပဲ ပိုပြီးအားရုံစိုက် လုပ်ချင်တဲ့ Kibum ရယ် နဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ Hankyung ရယ်က လွဲပြီး ကျန်တဲ့ Super Junior အဖွဲ့ဝင်တွေအကုန်လုံး ဒီထုတ်လုပ်ရေးမှာ ပါမှာပါ။ ဒီ အဖွဲ့ဝင် ၁၀ ယောက်က ဒီ album ကို ကောင်းကောင်း လုပ်နိုင်ပါလိမ့်မယ်” ဟု အေဂျင်စီ ဖြစ်သော SM Entertainment က ထုတ်ဖော် ပြောကြားသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • တောင်ကိုရီးယား အဆိုတော် Rain ကလေးအဖေ အဖြစ် စွပ်စွဲခံရ သည်ကို ဖြေရှင်း

    တောင်ကိုရီးယား အဆိုတော် Rain ကလေးအဖေ အဖြစ် စွပ်စွဲခံရ သည်ကို ဖြေရှင်း

    တောင်ကိုရီးယား နာမည်ကျော် အဆိုတော် သရုပ်ဆောင် Rain သည် မိမိအား စိတ်ဝေဒနာ ခံစားနေရသော အမျိုးသမီး တစ်ဦးက ကလေးအဖေအဖြစ် စွပ်စွဲခြင်းကို ခံခဲ့ရကြောင်း SBS TV Show တစ်ခုတွင် မကြာမီက ထုတ်ဖော် ပြောကြားလိုက်သည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • အိုင်းရစ် အမှတ်(၂) IRIS 2 ကို ၂၀၁၁ခုနှစ် အောက်တိုဘာလတွင် ထုတ်လွှင့်မည်

    အိုင်းရစ် အမှတ်(၂) IRIS 2 ကို ၂၀၁၁ခုနှစ် အောက်တိုဘာလတွင် ထုတ်လွှင့်မည်

    နာမည်ကျော် ကိုရီးယား ရုပ်/သံ ဇတ်လမ်းတွဲ အိုင်းရစ်(IRIS) ၏ နောက်ဆက်တွဲ IRIS 2 ကို လာမည့် ၂၀၁၁ အောက်တိုဘာလတွင် KBS2TV မှ ထုတ်လွှင့်မည်ဟု Taewon Entertainment ကပြောကြားသည်။ ဇတ်လမ်းအဆက် အတွက် စတင် လုပ်ဆောင်နေပြီဖြစ်ပြီး မူလ အိုင်းရစ်မှ ခွဲထွက်ကာ Athena (စစ်ပွဲ၏ နတ်သမီး) ဟု အမည် ပေးထားကြောင်း သိရသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • တောင်ကိုရီးယား သရုပ်ဆောင် လီဂျွန်ကီ တပ်ထဲဝင်ပြီ

    တောင်ကိုရီးယား သရုပ်ဆောင် လီဂျွန်ကီ တပ်ထဲဝင်ပြီ

    ဆယ်ကျော်သက်များ အသည်းစွဲ တောင်ကိုရီးယား သရုပ်ဆောင် လီဂျွန်ကီ (Lee JunKi) သည် ကိုရီးယာနိုင်ငံ၏ စစ်မှုမထမ်းမနေရ ဥပဒေအရ တပ်တွင်းသို့ မေလ ၃ ရက်နေ့တွင် ၀င်ရောက် အမှုထမ်းရတော့မည် ဖြစ်သောကြောင့် အနုပညာအလုပ်များ ရပ်နားလိုက်ရပြီဟု သိရသည်။

    “အစကတော့ ဒီနှစ်ကုန်လောက်မှ တပ်ထဲဝင်ဖို့ပါ။ ဒါမှလည်း မပြီးသေးတဲ့ ရိုက်လက်စ ဇတ်လမ်းတွေမှာ ဆက်ပြီးသရုပ်ဆောင်လို့ အဆင်ပြေမှာ။ ဒါပေမယ့် တပ်မတော် ပြည့်သူအင်အား ကွပ်ကဲရေးဌာနက အကြောင်းကြားစာ ပို့လာပါတယ်။ အဲဒါကြောင့် အနုပညာ အလုပ်တွေ ဆက်လုပ်ဖို့ အဆင်မပြေတော့ဘူး။  သူက အခုလာမယ့် မေလ ၃ ရက်နေ့မှာ တပ်ထဲဝင်ရတော့မှာပါ” ဟု သူ၏ သရုပ်ဆောင် အေဂျင်စီမှ ပြောကြားပါသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • မင်းသမီး Li Bingbing ၏ အလှကို Vogue China မဂ္ဂဇင်းတွင် ဖော်ပြ

    မင်းသမီး Li Bingbing ၏ အလှကို Vogue China မဂ္ဂဇင်းတွင် ဖော်ပြ

    တရုတ် ရုပ်ရှင် မင်းသမီး Li Bingbing ၏ ပုံရိပ်ကို Vogue China မဂ္ဂဇင်း ၏ ဧပြီလထုတ် စာအုပ်တွင် ဖော်ပြထားသည်။

    အသက် ၃၇ နှစ် ရှိပြီဖြစ်ပြီး လက်ရှိ Snow Flower and the Secret Fan ရုပ်ရှင်ကားတွင် သရုပ်ဆောင်နေသည့် မင်းသမီး၏ ကျက်သရေရှိသော အလှကို ကို အစိမ်းရောင် ဧကရီ ဟု ၎င်း မဂ္ဂဇင်းက တင်စားထားကြောင်း China Daily တွင် ဖော်ပြထားသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • ဂျီဟိုက ဂျွန်ပျိုကို ကျော်တက်ပြီး နံပါတ် (၁) ဖြစ်လာ

    ဂျီဟိုက ဂျွန်ပျိုကို ကျော်တက်ပြီး နံပါတ် (၁) ဖြစ်လာ

    မြန်မာ့ရုပ်သံ ပရိတ်သတ် အသည်းစွဲ Boys Over Flowers ရုပ်သံဇတ်လမ်းမှ အဓိက သရုပ်ဆောင် Lee Min-ho (ဂူဂျွန်ပျို) အား ၎င်းနှင့် တွဲဖက် သရုပ်ဆောင် SS501 တေးဂီတ အဖွဲ့ခေါင်းဆောင် Kim Hyun Joong (ယွန်ဂျီဟို) က TV ကြော်ငြာများတွင် ကျော်တက်သွားပြီဟု စစ်တမ်း တစ်စောင်အရ သိရသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • စပိန် သရုပ်ဆောင် Penelope Cruz ပင်လယ် ဓါးပြ ဖြစ်လာ

    စပိန် သရုပ်ဆောင် Penelope Cruz ပင်လယ် ဓါးပြ ဖြစ်လာ

    Johnny Depp  သည် Pirates of the Caribean: On Stranger Tides, ရုပ်ရှင်ဇတ်ကားတွင် Keira Knightley နှင့် Orlando Bloom တိုးအား လက်လွှတ် လိုက်ရသော်လည်း Penelope Cruz အား လက်တွဲဖော်အဖြစ် ရရှိခဲသည်ဟု သိရသည်။ အော်စကာဆုရ မင်းသမီးက ၎င်းရုပ်ရှင်တွင် လူဆိုးကြီး Blackbeard’s  ၏သမီးအဖြစ် သရုပ်ဆောင် မည်ဖြစ်ပြီး ၂၀၀၃ ခုနှစ် (ပထမဆုံးဇတ်လမ်း စတင်ရိုက်ကူးစဉ်) ကတည်းက တစ်ကိုယ်ရေ ရွှက်လွှင့်ခဲ့သော အဓိကဇတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုး (Johnny Depp ) နှင့် ချစ်ကျွမ်းဝင်သည့် ဇတ်ကွက်များ ရိုက်ကူးမည့် ပထမဆုံး သရုပ်ဆောင်လည်းဖြစ်သည်။

    စပိန် သရုပ်ဆောင် မင်းသမီး Penelope Cruz

    ပင်လယ်ဓါးပြ ဖြစ်လာမယ့် စပိန် သရုပ်ဆောင် မင်းသမီး Penelope Cruz

    ချစ်ကျွမ်းဝင်တဲ့အခန်းတွေကို သေချာအတည်မပြုရသေးပါဘူး။ ဂျက်စပဲရိုး နဲ့ ခရုစ် တို့ကြား romance လေးတွေတော့ ပါလိမ့်မယ်။ ခရုစ်က တက်ကြွတဲ့သူပါ ဒီဇတ်ကောင်အတွက် ပျော်ရွှင်စရာတွေ အများကြီး သူယူဆောင်လာလိမ့်မယ် ဟု Pirates ဇတ်လမ်းတွဲများ၏ ထုတ်လုပ်သူ Bruckheimer က MTV News သို့ပြောကြားပါသည်။

    နာမည်ကျော် ဇတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုး

    နာမည်ကျော် ဇတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုး

    ပင်လယ်ဓါးပြဇတ်လမ်းတွဲ Pirates of the Caribbean ကို ၂၀၀၃ ခုနှစ်က စတင်ရိုက်ကူးပြီး ယခု ရိုက်ကူမည့် Pirates of the Caribbean: On Stranger Tides သည် Pirates  ဇတ်လမ်းများ၏ စတုတ္ထမြောက် ရုပ်ရှင်လည်းဖြစ်သည်။ ၎င်းဇတ်လမ်းများ၏ အဓိက ဇတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုးသည် ကမ္ဘာတစ်ဝှမ်း လူကြိုက်အလွန်များသော ဇတ်ကောင် ဖြစ်ပြီး စတင်ရိုက်ကူးသော ပထမဆုံးဇတ်ကားမှစ၍ ဟောလိဝုဒ် သရုပ်ဆောင် Johnny Depp က ပင်တိုင် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    Johnny Depp နှင့် Orlando Bloom တို့၏ သရပ်ဆောင်ကွက်

    Johnny Depp နှင့် Orlando Bloom တို့၏ သရုပ်ဆောင်ကွက်

    ထွက်ရှိပြီးသော ဇတ်လမ်း ၃ ခုစလုံးတွင် ဂျက်စပဲရိုး နှင့် အတွဲညီခဲ့သော ဗြိတိသျှ သရုပ်ဆောင် Keira Knightley နှင့် Orlando Bloom တို့ Pirates  ဇတ်လမ်းများမှ ထွက်သွားပြီးနောက် စပိန် သရုပ်ဆောင် မင်းသမီး Penelope Cruz က ကပ္ပတိန် ဂျက်စပဲရိုး ၏လက်တွဲဖော် ဖြစ်လာခြင်းဖြစ်သည်။

    ယခင်က အတွဲညီခဲ့သော Orlando Bloom ၊  Keira Knightley နှင့် Johnny Depp

    ယခင်က အတွဲညီခဲ့သော Orlando Bloom ၊ Keira Knightley နှင့် Johnny Depp

    Source : YahooMovie

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Zac Efron မှ Robert Pattinson ကို လေးစား အားကျကြောင်း ထုတ်ဖော်

    Zac Efron မှ Robert Pattinson ကို လေးစား အားကျကြောင်း ထုတ်ဖော်

    Twilight ရှပ်ရှင်ဇတ်ကားအား အရူးအမူးစွဲလမ်းသည့် မိန်းကလေးများသာမက ဟောလိဝုဒ် စတား Zac Efron မှ လည်း Robert Pattinson အား စူပါစတား တစ်ဦးအဖြစ် လေးစားအားကျမိသည်ဟု ဆိုသည်။

    High School Musical စတား ဇက် အက်ဖရွှန် (Zac Efron) သည် Twilight ရုပ်ရှင်ဇတ်ကားဖြင့် ကျော်ကြားလာသော အသက် ၂၃ နှစ်အရွယ် ဗြိတိသျှသရုပ်ဆောင် ရောဘတ် ပတ်တင်ဆန် (Robert Pattinson) အား ၎င်း၏ ဂုဏ်သတင်း ကျော်ဇောမှု အပေါ် အထင်ကြီး လေးစားမိကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း Access Hollywood ကဖော်ပြခဲ့သည်။

    High School Musical သရုပ်ဆောင် ဇက် အက်ဖရွှန်

    “ရောဘတ်ဟာ တစ်ကယ့်ကို အံ့မခန်းပါပဲ။ သူဟာ အကောင်းဆုံးတွေကို ရွေးချယ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ ရွေချယ်သမျှ အရာရာကိုလည်း အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မယ့်လူဗျ။ သူက တကယ့် စူပါစတား တစ်ယောက်ပါ။ သူရခဲ့တဲ့ ကျော်ဇောမှုတွေနဲ့ တစ်ကယ် ထိုက်တန်တဲ့လူပါ ” ဟု အသက် ၂၂ နှစ်အရွယ် High School Musical ဇတ်ကားများ၏ သရုပ်ဆောင် ဇက် အက်ဖရွှန်က ပြောကြားခဲ့သည်။

    ဗြိတိသျှသရုပ်ဆောင် ရောဘတ် ပတ်တင်ဆန် သည် ယခင်က ဟယ်ရီပေါ်တာ ဇတ်လမ်းတွဲများတွင် မထင်မရှား ဇတ်ရံတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး နာမည်ကျော်ဇတ်လမ်း Twilight တွင် သွေးစုတ်ဖုတ်ကောင် Edward Cullen အဖြစ် သရုပ်ဆောင်ရာမှ ဟောလိဝုဒ်တွင်သာမက ကမ္ဘာတစ်ဝှမ်း ဆက်ကျော်သက်များ၏ အသည်းစွဲ သရုပ်ဆောင်တစ်ယောက် အဖြစ် အလွန်အမင်း ကျော်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။

    Twilight ရုပ်ရှင်ဇတ်ကား မှ ရောဘတ် ပတ်တင်ဆန် ၏ ဇတ်ဝင်ခန်းတစ်ခု

    Source: AccessHollywood

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Page 12 of 12« First...89101112