• ယခုနှစ်အတွင်း အလုပ်အကိုင် ၁၀၀,၀၀၀ ကျော် အသစ်ခန့်ထား နိုင်မည်ဟု စင်္ကာပူ မျှော်မှန်း

    ယခုနှစ်အတွင်း အလုပ်အကိုင် ၁၀၀,၀၀၀ ကျော် အသစ်ခန့်ထား နိုင်မည်ဟု စင်္ကာပူ မျှော်မှန်း

    စင်္ကာပူ-May 2, 2010

    ယခုနှစ်အတွင်း စီးပွားရေးအခြေအနေသည် ခန့်မှန်းထားသကဲ့သို့ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ တိုးတက်လာပါက စင်္ကာပူနိုင်ငံသားများအဖို့ အလုပ်အကိုင် အခွင့်အလမ်း နေရာသစ်များ ၁၀၀၀၀၀ (တစ်သိန်း)ကျော် ဖန်တီးပေးနိုင်မည်ဟု ဝန်ကြီးချုပ် လီရှန်လွန်း ကပြောကြားလိုက်သည်။

    သို့သော် အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းများ၏ တစ်စိတ်တစ်ပိုင်းကို နိုင်ငံခြားသား အလုပ်သမားများနှင့် ဖြည့်တင်းရမည် ဖြစ်ကြောင်း သိရသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Expo 2010 Shanghai ရှန်ဟိုင်း ကမ္ဘာ့ ကုန်စည် ပြပွဲကြီး ၂၀၁၀ စတင် ဖွင့်လှစ်

    Expo 2010 Shanghai ရှန်ဟိုင်း ကမ္ဘာ့ ကုန်စည် ပြပွဲကြီး ၂၀၁၀ စတင် ဖွင့်လှစ်

    ရှန်ဟိုင်း-May 1, 2010

    Expo 2010 ဟု အမည်ရပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျ ခံထားသော ကမ္ဘာသမိုင်း တစ်လျောက် ကုန်ကျစရိတ် အကြီးမားဆုံး ဖြစ်သည့် ၂၀၁၀ ကမ္ဘာ့ ကုန်စည် ပြပွဲကြီး ကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

    ဧပြီလ ၃၀ ရက်နေ့ညက ပြပွဲကျင်းပရာကွင်းတွင် ပြစ်လွှတ်ခဲ့ကြသော မီးရှုးမီးပန်းများ
    Photograph: Xinhua/Wang Song

    ကမ္ဘာ့အကြီးဆုံး LED Screen ရှေ့တွင် ပြပွဲဝင်နိုင်ငံများ၏ အလံများကို သယ်ဆောင်လာသာ လှေများ
    Photograph: Philippe Lopez/AFP/Getty Images

    ဖွင့်ပွဲမီးရှုးမီးပန်းများ ပစ်လွှတ်မှုကို ကြည့်ရှုရန် စောင့်ဆိုင်းနေသူများ
    Photograph: Feng Li/Getty Images

    ရှန်ဟိုင်းည ကောင်းကင် နှင့် ဖွင့်ပွဲ မီးရှုးမီးပန်းများ အလှ
    Photograph: Philippe Lopez/AFP/Getty Images


    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • နိုင်ငံခြားသားများ အိမ်ရာဝယ်ယူမှု ဆိုင်ရာ ဥပဒေများကို သြစတေးလျ တင်းကြပ်

    နိုင်ငံခြားသားများ အိမ်ရာဝယ်ယူမှု ဆိုင်ရာ ဥပဒေများကို သြစတေးလျ တင်းကြပ်

    ဆစ်ဒနီ, April 24, 2010

    အာရှဒေသများမှ စီးဆင်းငွေများ  အလျင်အမြန် ၀င်ရောက်လာပြီး သြစတေးလျ အိမ်ရာ ဈေးကွက်အား ကမ္ဘာ့ ဈေးနှုန်း အမြင့်မားဆုံး ဈေးကွက် ဖြစ်လာစေခြင်း နှင့် ပါတ်သက်၍ မကျေနပ်ချက်များ ထွက်ပေါ်လာပြီးနောက် နိုင်ငံခြားသား အိမ်ရာဝယ်ယူမှု ဆိုင်ရာ ဥပဒေများကို သြစတေးလျ အစိုးရက ပိုမိုတင်းကြပ်လိုက်သည်။

    ဩစတေးလျ အစိုးရသည် ၂၀၀၈ ခုနှစ်မှစ၍ လျော့ရဲလာသော ဥပဒေဖြစ်သည့် နိုင်ငံခြားသားရင်းနှီးမြှုတ်နှံသူမျာသာလျင် အိမ်ရာအသစ်များ ဝယ်ယူနိုင်ပြီး ယာယီ နေထိုင်သူများသည် အိမ်ရာ ၀ယ်ယူရန် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး ၎င်းတို့ပြန်လည်ထွက်ခွာသည့်အခါ ပြန်လည်ရောင်းချခဲ့ရမည် ဆိုသည့်စည်းမျည်းကို ပြည်လည် တင်းကျပ်လိုက်ခြင်းဖြစ်သည်။ ယင်းစည်းမျဉ်းသည် အိမ်ရာပိုင်ရှင်များနှင့် အိမ်ရာအကျိုးဆောင် လုပ်ငန်းများကိုလည်း စည်းကျပ်သွားမည်ဖြစ်သည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • သင်္ကြန်ကာလ အတွင်း ကမ်းခြေ ဟိုတယ်များ ဈေးတက်မည်

    သင်္ကြန်ကာလ အတွင်း ကမ်းခြေ ဟိုတယ်များ ဈေးတက်မည်

    ဧရာဝတီတိုင်း အတွင်းရှိ နာမည်ကျော် ကမ်းခြေ အပန်းဖြေ စခန်းများဖြစ်သော ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေများရှိ ဟိုတယ်အများစုသည် လာမည့် မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ကာလတွင် ပုံမှန်ထက် အခန်းခဈေးနှုန်းများ တိုးမြှင့်မည်ဖြစ်သည်။ အခန်းခ မပြောင်းလဲသော ဟိုတယ်များ ရှိသော်လည်း အများစုမှာ ၃၀% မှ ၅၀% အထိလည်းကောင်း အချို့မှာ ပုံမှန်နှုန်းထားထက် ၂ဆခန့်အထိ လည်းကောင်း ပြောင်းလဲမည်ဟု သိရသည်။

    ကမ်းခြေ ဟိုတယ်များသည် ဧည့်သည် အဝင်များသော ပွင့်လင်းရာသီတွင်သာ လုပ်ငန်းလည်ပါတ်ကြရပြီး မိုးတွင်းကာလတစ်လျောက် ပုံမှန်ပြုပြင်ထိမ်းသိမ်းမှု ပြုလုပ်သည်မှအပ လုပ်ငန်းများ ရပ်ဆိုင်းထားရလေ့ရှိကြောင်း၊ သင်္ကြန်ကာလတွင် အခန်းခများ ပြောင်းလဲသော်လည်း ကမ်းခြေတွင် သင်္ကြန်ကျလိုသူ များသောကြောင့် ပုံမှန်ထက်ပိုမို၍ ဝန်ဆောင်မှု ပေးရလေ့ရှိပြီး ဧည့်သည်ပိုမို ဝင်ရောက်လေ့ရှိကြောင်း၊ သင်္ကြန်တွင်း ကာလဖြစ်၍ အစားအသောက် မှအစ လိုအပ်သော လူသုံးကုန် ဆေးဝါး စသည်များ အသင့်ဖြစ်အောင် ကြိုတင်စီစဉ်ထားရလေ့ရှိကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦးမှ ပြောကြားပါသည်။

    ” ကျွန်တော်တို့မိသားစုကတော့ ဒီနှစ် ငွေဆောင်ကို သင်္ကြန်မတိုင်ခင် သွားမယ်။ မနှစ်ကလည်း ချောင်းသာကို သင်္ကြန်မတိုင်ခင်ရောက်နေတာ သင်္ကြန်လည်းကျရော အခန်းခက ကောက်ခါငင်ခါ ဈေးတက်တော့ ဆက်မနေဖြစ်ဘဲပြန်လာခဲ့တယ်။ သင်္ကြန်တွင်းဆိုရင် အစစအရာရာ ဈေးတက်တော့ ၄ရက်နေမယ့်အစား နှစ်ရက်လောက်ပဲ နေဖြစ်တယ်။ ဒီနှစ်တော့ ငွေဆောင်မှာ သင်္ကြန်မတိုင်ခင်လည်း ပွဲတော်တွေရှိတော့ ပိုပြီးအဆင်ပြေပါတယ် ” ဟု နှစ်စဉ် မိသားစုနှင့် အပန်းဖြေခရီး ထွက်လေ့ရှိသော ခရီးသွားတစ်ဦးမှလည်း ၎င်း၏အမြင်ကို ပြောကြားပါသည်။

    ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေများသည် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ နှစ်စဉ်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လေ့ရှိပြီး ဒေသတွင်းပြည်သူများ၏ ပညာရေး၊ စီးပွားရေး နှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုများ အပေါ်များစွာ အကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
  • Page 6 of 6« First...23456