• အားကစား

    Posted on August 14th, 2010

    Written by AyeyawaddyThar

    Tags

    ,

    အငြင်းပွားဖွယ် ဂိုးကြောင့် သရေ (၁) မှတ်သာ ရရှိခဲ့သည့် ဒယ်လ်တာ ယူနိုက်တက်

    အငြင်းပွားဖွယ် ဂိုးကြောင့် သရေ (၁) မှတ်သာ ရရှိခဲ့သည့် ဒယ်လ်တာ ယူနိုက်တက်

    ရန်ကုန် – August 14, 2010

    ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ ပွဲဦးထွက် ပွဲစဉ်တွင် ဒယ်လ်တာ ယူနိုက်တက် အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ တဘက် ၃ ဂိုးစီ သရေကျသွားကြောင်း သိရသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

  • တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များ ၂၉ ခု သတ်မှတ်

    တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များ ၂၉ ခု သတ်မှတ်

    နေပြည်တော်-August 11, 2010

    တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်အမှတ် (၈၈/၂၀၁၀) ထုတ်ပြန်၍ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။


    အပြည့်အစုံ ဆက်ဖတ်ရန်»

  • အားကစား

    Posted on June 12th, 2010

    Written by AyeyawaddyThar

    Tags

    ,

    လက်ရှိ ချန်ပီယံ ရတနာပုံနှင့် အသည်းအသန် ကစားပြီး Delta United အသင်းရှုံးနိမ့်

    လက်ရှိ ချန်ပီယံ ရတနာပုံနှင့် အသည်းအသန် ကစားပြီး Delta United အသင်းရှုံးနိမ့်

    မန္တလေး၊ June 12, 2010

    ယနေ့ ညနေပိုင်းက မန္တလေး ဗထူးကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၁) ၌ လက်ရှိ ချန်ပီယံ ရတနာပုံ အသင်းနှင့် ဒုတိယ ရရှိထားသည့် Delta United အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ အကြိတ်အနယ် ဖြစ်ခဲ့ပြီး ရတနာပုံ အသင်းက ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိ သွားသည်။


    အပြည့်အစုံ ဆက်ဖတ်ရန်»

  • အားကစား

    Posted on June 7th, 2010

    Written by AyeyawaddyThar

    Tags

    ,

    တစ်ယောက်လျော့ Southern Myanmar ကို ဂိုးပြတ်ရှုံးနိမ့် ခဲ့သည့် Delta United

    တစ်ယောက်လျော့ Southern Myanmar ကို ဂိုးပြတ်ရှုံးနိမ့် ခဲ့သည့် Delta United

    ရန်ကုန်၊ June 7, 2010

    ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့်  မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၀) တွင် တနင်္သာရီတိုင်း ကိုယ်စားပြု Southern Myanmar အသင်းက ဧရာဝတီတိုင်း ကိုယ်စားပြု Delta United အသင်းကို ၂ ဂိုး – ဂိုး မရှိဖြင့် အနိုင်ရ သွားသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

  • အားကစား

    Posted on May 31st, 2010

    Written by AyeyawaddyThar

    Tags

    ,

    ဒယ်လ်တာ ယူနိုက်တက် အသင်း ဥဿာ ယူနိုက်တက်ကို အနိုင် ကစား၍ အဆင့် (၅) သို့ ရောက်လာ

    ဒယ်လ်တာ ယူနိုက်တက် အသင်း ဥဿာ ယူနိုက်တက်ကို အနိုင် ကစား၍ အဆင့် (၅) သို့ ရောက်လာ

    ရန်ကုန်- May31, 2010

    ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် အသင်းသည် ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၉)၌ ပဲခူးတိုင်း ကိုယ်စားပြု ဥဿာ ယူနိုက်တက် အသင်းအား ၂ ဂိုး – ၁ ဂိုး ဖြင့် အနိုင်ရရှိ၍ အမှတ်ပေး ဇယား အဆင့်(၅) နေရာသို့ တက်လှမ်း လာနိုင်ခဲ့သည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

  • အားကစား

    Posted on May 23rd, 2010

    Written by AyeyawaddyThar

    Tags

    ,

    အသင်းသစ် မနောမြေ ကို ဂိုးပြတ် ရှုံးနိမ့် ခဲ့သည့် ဒယ်လ်တာ ယူနိုက်တက်

    အသင်းသစ် မနောမြေ ကို ဂိုးပြတ် ရှုံးနိမ့် ခဲ့သည့် ဒယ်လ်တာ ယူနိုက်တက်



    မန္တလေး-May 23, 2010
    ယနေ့ ညနေပိုင်းက မန္တလေး ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်(၈)တွင် ဒယ်လ်တာ ယူနိုက်တက် အသင်းသည် ယခုနှစ် ဘောလုံးရာသီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အသင်းသစ် မနောမြေ အသင်းအား ဂိုးပြတ် ရှုံးနိမ့် ခဲ့ရကြောင်း သိရသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

  • ရန်ကုန်ကဆရာဝန်

    ရန်ကုန်ကဆရာဝန်

    ရန်ကုန်မှာ ဆရာဝန် လုပ်ရတာ ကောင်းတဲ့ အချက်တွေ အများကြီး ရှိသည်။ စာအုပ်၊ စာတမ်း reference စုံလင်သည်။ လိုအပ်ပါက အလွယ်တကူ ရှာဖွေ ၀ယ်ယူလို့ရသည်။ အင်တာနက် တွင်လည်း အချက်အလက်၊ အကိုးအကား ရှာဖွေနိုင်သည် (ကွန်နက်ရှင်ကိုတော့ နည်းနည်း စိတ်ရှည်ရသည်၊ ဒါက သိပ်ပြဿနာ မဟုတ်တော့)။ ကိုယ့် စီနီယာ၊ ဆရာတွေ အများကြီး ရှိ၍ မေးနိုင် မြန်းနိုင်သည်။ အကြံဉာဏ်တောင်း နိုင်သည်။ ဆေးရုံမှာ အတွေ့အကြုံရင့် ဆရာဝန်ကြီးတွေအောက်မှာ လုပ်ရသဖြင့် ပညာရသည်။

    သို့သော် ရန်ကုန်တွင် ဆရာဝန် လုပ်ရတာ အခက်အခဲတွေလည်း ရှိပြန်သည်။ မိဘအစဉ်အဆက် ချမ်းသာသူ ဖြစ်လျှင်တော့ အခက်အခဲ သိပ်မရှိနိုင်၊ ဆေးရုံနှင့် အိမ်ကို ကားလေးနှင့် အေးအေးလူလူ သွား၍၊ ကိုယ့်စာကိုယ် ဖတ်ရင်း ဆရာဝန်လုပ်နိုင်သည်။ ကျွန်တော်တို့လို ဆရာဝန်ပေါက်စ လူမွဲများ အတွက်ကား ရန်ကုန်တွင် ဆရာဝန် လုပ်ရခြင်း၏ အခက်အခဲမှာ စားဝတ်နေရေးပင် ဖြစ်လေသည်။ နယ်မှာတုန်းကလို ဆေးရုံကို လမ်းလျှောက်သွား၍ မရ၊ မနက်အိပ်ယာထ၍ ဆေးရုံသွားတော့ မည် ဆိုတာနဲ့ ဘတ်စကားခ က စကုန်တော့သည်။ ဒါတောင် မိသားစုနှင့် အတူနေ၍ တော်သေးသည်။ မနက်စာကို အိမ်က စားသည်၊ နေ့လည်စာ အတွက် ထမင်းချိုင့်ထည့်သည်။ မိဘအိမ်မှာ ကပ်စားနေပေမယ့် ဆရာဝန်ဖြစ်မှ မုန့်ဖိုးအထိတော့ အိမ်က မတောင်းချင်တော့။ ဒီတော့ ကိုယ့်လခနှင့် မလောက်ငှတော့ အပိုဝင်ငွေ ရှာရသည်။


    အပြည့်အစုံ ဆက်ဖတ်ရန်»

  • နယ်စပ်ကဆရာဝန်

    နယ်စပ်ကဆရာဝန်

    ရောက်သည့် အချိန်က ဖေဖေါ်ဝါရီလ။ ဆောင်းတွင်းမို့ အေးလို့ကောင်းတုန်း။ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်ပေါ်ဒေသ ဆိုတော့လည်း အေးတာပေါ့ဗျာ။ ငှက်ဖျား ကလည်း ဒီဒေသက နာမည်ကြီး ဆိုတော့ ကြောက်လည်းကြောက်သည်။ မလာခင် ကတည်းက ကာကွယ်ဆေးကြိုသောက်ခဲ့ သော်လည်း စိတ်မချရ။ တခါလောက် ဖြစ်ပြီးသွားတော့ မှပဲ ဒီဒေသတွင် နေနိုင်သွားသည်ဟု ဆိုသည်။

    ကျောင်းပြီးခါစ ဆရာဝန်ပေါက်စ အတွက် သွားရတဲ့ နေရာက နယ်စပ်ဒေသ ဆိုတော့ ကြောက်လည်းကြောက်မိသည်။ အဲဒီ ဒေသတွေက အခု ငြိမ်းချမ်းနေပြီ ဆိုပေမယ့်၊ ကိုယ့် အတွေ့အကြုံနှင့် ပညာကို မယုံကြည်သောကြောင့် ကြောက်ခြင်းဖြစ်သည်။ ကိုယ့်မှာ အတွေ့အကြုံ မစုံသည် သာမက ကိုယ့်ဆေးရုံမှာ ပစ္စည်းကလည်း မစုံ။ တခုခု များ ရောဂါ ကြီးကြီးမားမားနဲ့ ရောက်လာခဲ့လျှင် တကယ်မလွယ်။ တနေ့နေ့ သတ္တ၀ါ အများ ကျန်းမာချမ်းသာကြပါစေ ကြောင်းမေတ္တာပို့ရတာလည်း အမော။ အထူးသဖြင့် ကိုယ့်ဒေသ က လူတွေကျန်းမာဖို့ စူးစူးစိုက်စိုက်နှင့် မေတ္တာပို့ဖြစ်သည်။ သူတို့ တခုခု ဖြစ်လျှင်ကိုယ့် တာဝန် မဟုတ်လား။ ကိုယ့်အပေါ်မှာ တာဝန် မရှိသေးတဲ့ အချိန်တုန်းကတော့ case များများရရင် ပျော်ဖူးသည်။ အခုတော့ ကြောက်တတ်လာသည် မပြည့်စုံသည့် ပစ္စည်းနှင့် တိုင်ပင်ရမည့်၊ အားကိုးရမည့် ကိုယ့်အထက်စီနီယာ လည်းမရှိခြင်းကြောင့် ယုံကြည်မှု လုံးဝမရှိခဲ့။ ရောက်လာ သမျှလူနာကိုတော့ စိုးရိမ်တကြီးနှင့် အပင်ပန်းခံ ကုသပေးမှုကြောင့် ဒေသခံတွေက ချစ်လာကြသည် (တကယ်တော့ ကိုယ့်ရဲ့ မပြည့်ဝ တဲ့ ပညာကြောင့် လူနာတခုခု ဖြစ်မှာစိုးရိမ်ပြီး၊ လူနာကို နေမကောင်းမချင်း တောက်လျှောက် စောင့်ကြည့်ကာ အပင်ပန်းခံ ကုသပေး ဖြစ်ခြင်းဖြစ် သည်။) ကိုယ် မနိုင်တဲ့ case ရောက်လာလို့ လည်း လွဲပြောင်းကုသရန် ဆယ်သွယ်ရေး ခက်ခဲသော နေရာဖြစ်သည်။ ဒီတော့ ကိုယ်မကယ်တင်နိုင်လောက်တဲ့ လူနာမျိုး ရောက်မလာ စေဖို့ ဆုတောင်းရသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»

  • မိန်းမလှကျွန်း နှင့် သဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး

    မိန်းမလှကျွန်း နှင့် သဘာဝ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး

    မြန်မာနိုင်ငံတွင် ဧက အနည်းငယ်သာ ကျန်ရှိတော့သည့် ဒီရေတောများထဲတွင် အကြီးဆုံးလည်း ဖြစ်သည့် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းမှ မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းသည် ဒီရေတော အမျိုးအစား ဖြစ်ပြီး  ဧရိယာ စတုရန်းမိုင် ( ၅၂.၇၉ ) ကျယ်ဝန်းပါသည်။ ၁၉၈၆ ခုနှစ်တွင် ကြိုးဝိုင်း သစ်တော အဖြစ် စတင်သတ်မှတ်ခဲ့ပြီး ဒီရေရောက်ဒေသ တွေမှာပေါက်ရောက်ရှင် သန်နိုင်သော ဗျူး၊ ဗျူးခြေထောက်၊ လမု၊ လမဲ့၊ ကနစို၊ မဒမ စသော အပင်များ အများဆုံး ပေါက်ရောက်ပါသည်။


    အပြည့်အစုံ ဆက်ဖတ်ရန်»

  • Page 3 of 3123