မြို့တော်ပုသိမ် ပရိသတ်ကြီး မင်္ဂလာပါ။
ဝါလကင်းလွတ်လို့ သတင်းကျွတ်ပြန်ပါပြီ။ အခုလိုအချိန်မှာ စမိုင်း တို့လို့ အပျိုကြီးတွေအတွက် အမေးခံရဆုံးနဲ့ မကြားချင်းဆုံး စကားကတော့ “အပျိုကြီးရေ.. ဘယ်တော့စားရမလဲ.. ဝါကျွတ်ပြန်ပြီနော်” ဆိုတဲ့ စကားပါပဲ။ ပြောတဲ့လူတွေကလည် နောက်ပြောင်လို့တစ်မျိုး အတည်ပြောသလိုနဲ့ တစ်သွယ် စကြ နောက်ကြ ပါတယ်။
စမိုင်းကတော့ ဟန်ကိုယ့်ဖို့ ဆိုသလို ဘာမှမပြောဘဲ ခပ်ပြုံးပြုံးလေးပဲ နေလိုက်ပါတော့တယ်။ သဘောကျသလို အဓိပ္ပါယ် ကောက်ကြပါစေပေါ့။ ကိုယ်ကအပျိုကြီး ဆိုပေမယ့် သတို့သမီး ဝတ်စုံ လှလှလေးတွေကို မြင်ရင်တော့ မငေးပဲ မနေနိုင်အောင် သဘောကျမိသား။ မင်္ဂလာသီချင်း နောက်ခံနဲ့ လက်ထပ်ဝတ်စုံ လှလှလေးဝတ်ပြီး လျောက်လာတဲ့ သတို့သား သတို့သမီးလေးတွေကို တွေ့ရင် အပျိုကြီး မမစမိုင်းတစ်ယောက် ဘယ်လိုကြည်နှုးမိမှန်း မသိပါဘူး။
တစ်ကယ်တော့ လက်ထပ်မင်္ဂလာ ဝတ်စုံ ဆိုတာ မိန်းကလေး တစ်ယောက်အတွက် တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်း ဘဝတစ်လျောက်လုံး အတွက် အလှဆုံး ကျက်သရေအရှိဆုံး အရေးကြီးဆုံး ဖြစ်တဲ့ လက်ထပ်မင်္ဂလာပွဲမှာ ဝတ်ဆင်ကြတဲ့ ဝတ်စုံလေးတွေဖြစ်လို့ တစ်သက်လုံး အမှတ်တရ ဖြစ်နေလောက်အောင် ကြွရွ လှပနေတာကတော့ မဆန်းပါဘူး။
အပြည့်အစုံ ဆက်ဖတ်ရန်»