• ဂျီဟိုက ဂျွန်ပျိုကို ကျော်တက်ပြီး နံပါတ် (၁) ဖြစ်လာ
    ဂျီဟိုက ဂျွန်ပျိုကို ကျော်တက်ပြီး နံပါတ် (၁) ဖြစ်လာ
    မြန်မာ့ရုပ်သံ ပရိတ်သတ် အသည်းစွဲ Boys Over Flowers ရုပ်သံဇတ်လမ်းမှ အဓိက သရုပ်ဆောင် Lee Min-ho (ဂူဂျွန်ပျို) အား ၎င်းနှင့် တွဲဖက် သရုပ်ဆောင် SS501 တေးဂီတ အဖွဲ့ခေါင်းဆောင် Kim Hyun Joong (ယွန်ဂျီဟို) က TV ကြော်ငြာများတွင် ကျော်တက်သွားပြီဟု စစ်တမ်း တစ်စောင်အရ သိရသည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»
  • ငွေဆောင်ကမ်းခြေ ၁၀ နှစ်မြောက် ပွဲတော် ကျင်းပ
    ငွေဆောင်ကမ်းခြေ ၁၀ နှစ်မြောက် ပွဲတော် ကျင်းပ
    မတ်လ ၂၅ မှ စ၍ ဧရာဝတီတိုင်း အတွင်းရှိ ငွေဆောင် ကမ်းခြေတွင် ကမ်းခြေ အပန်းဖြေစခန်း ၁၀ နှစ်မြောက် အထိမ်းအမှတ် ပွဲတော်ကျင်းပမည်ဟု ငွေဆောင်ကမ်းခြေ လုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားသည်။ ၎င်းပွဲတော်တွင် မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း (ငွေဆောင်ဇုန်) မှ ကြီးမှုကျင်းပသည့် Miss Ngwe Saung 2010 ရွေးချယ်ပွဲ ၊ LazyClub တေးဂီတဝိုင်းနှင့်အတူ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ နှင့်အတူ အခြားပျော်ပွဲရွှင်ပွဲ အစီအစဉ်များပါဝင်မည်ဟု သိရသည်။
    Miss Ngwe Saung 2010 ရွေးချယ်ပွဲ ကျင်းပမည့်စင်
    ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်းသည် ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူ၍ အနောက်ရိုးမ တောင်ခြေတွင် တည်ရှိပြီး ဖြူဖွေးလှပသော သဲသောင်ပြင်နှင့်အတူ မပျက်စီးသေးသော သဘာဝ အလှအပများကြောင့် ပြည်တွင်း ပြည်ပ ဧည့်သည်များ အများဆုံးလာရောက် လည်ပါတ်ကြသည့် ကမ်းခြေတစ်ခုလည်းဖြစ်သည်။ ရှည်လျား လှပသည့် ကမ်းခြေရှိခြင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း စသည့် အားသာချက်များကြောင့် ဧရာဝတီတိုင်း အတွင်းရှိ ယခင်က နာမည်ကျော် အပန်းဖြေစခန်းဖြစ်သော ချောင်းသာ ကမ်းခြေထက် လာရောက်လည်ပါတ်သူများ ပိုမိုနှစ်သက်ကြသည်ဟု သိရသည်။
    ငွေဆောင်ကမ်းခြေ တစ်နေရာရှိ သာယာလှပသော ချစ်သူများကျွန်း
    အုန်းခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုသော သာယာလှပသည့် ငဆော်ရွှာ အား လွန်ခဲ့သော ၁၀ နှစ်ခန့်က ငွေဆောင်ကမ်းခြေ ဟု အမည်ပြောင်းလဲကာ ကမ်းခြေ အပန်းဖြေစခန်း အဖြစ် နိုင်ငံတော်မှ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။  ၉ မိုင်ခန့် ရှည်လျားသော ငွေဆောင် ကမ်းခြေသည် မြန်မာနိုင်ငံ၏ အရှည်လျားဆုံး ကမ်းခြေ အပန်းဖြေစခန်း တစ်ခုလည်းဖြစ်သည်။
  • TV platform အတွက် Google ၊ Intel နှင့် Sony တို့ ပူးပေါင်း
    TV platform အတွက် Google ၊ Intel နှင့် Sony တို့ ပူးပေါင်း
    အင်တာနက် အင်အားကြီး ကုမ္ပဏီ Google နှင့် Intel တို့သည် Google TV ဟုခေါ်ဆိုသော အင်တာနက် အား ရုပ်/သံ တီဗွီ များဆီသို့ ခေါ်ဆောင်လာမည့် TV မျိုးဆက်တစ်ခုကို အကောင်အထည်ဖော်ရန် အတွက် Sony နှင့် ပူပေါင်းလိုက်ကြောင်း New York Times သတင်းစာကဆိုသည်။
    သတင်းစာတွင် ဖော်ပြထားချက်အရ Google က အင်တာနက် ၀ဘ်နည်းပညာများကို TV ဆီသို့ တိုက်ရိုက်ပူးပေါင်းနိုင်မည့် TV set-top box တစ်ခုပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ရုပ်/သံ နည်းပညာသည် Google ၏  Android မိုဘိုင်းဖုန်း operating system ပေါ်တွင် အခြေခံမည်ဖြစ်ပြီး Intel ၏ နောက်ဆုံးပေါ် Atom chips ကိုအသုံးပြုမည်ဟု သိရသည်။
    Google ၏ TV software သည် ကြည့်ရှုသူအား အင်တာနက် လုပ်ဆောင်ချက်များပါဝင်သော TV မြင်ကွင်းတစ်ခုအား ဖော်ပြပေးမည်ဖြစ်ပြီး YouTube ကဲ့သို့သော videos များကိုကြည့်ရှုနိုင်မည်ဖြစ်သည်။ ၎င်းအပြင် games ကစားခြင်းနှင့် လူမှုကွန်ယက် social networks များအသုံးပြုခြင်း အစရှိသည့် Web အခြေပြု အသုံးချလုပ်ငန်းများ ကိုလည်း TV ပေါ်မှပင်ပြုလုပ်နိုင်မည်ဟု ဆိုသည်။
    Google က set-top box technology ကို  a satellite TV provider များနှင့် စတင်စမ်းသပ်နေပြီဖြစ်ကြောင်း၊ Google ၊ Intel နှင့် Sony တို့သည် ၎င်းစနစ်တွင် တွဲဖက်အသုံးပြုမည့် keyboard အသေးစားတစ်ခုပါဝင်သော remote control တစ်ခုထုတ်လုပ်ရန် Logitech နှင့်လည်း ပူးပေါင်းထားကြောင်း သိရသည်။
    Web Enable TV တစ်ခုအား တွေ့ရစဉ်
    Web Enable TV တစ်ခုအား တွေ့ရစဉ်
    Source: channelnewsasia
  • စပိန် သရုပ်ဆောင် Penelope Cruz ပင်လယ် ဓါးပြ ဖြစ်လာ
    စပိန် သရုပ်ဆောင် Penelope Cruz ပင်လယ် ဓါးပြ ဖြစ်လာ
    Johnny Depp  သည် Pirates of the Caribean: On Stranger Tides, ရုပ်ရှင်ဇတ်ကားတွင် Keira Knightley နှင့် Orlando Bloom တိုးအား လက်လွှတ် လိုက်ရသော်လည်း Penelope Cruz အား လက်တွဲဖော်အဖြစ် ရရှိခဲသည်ဟု သိရသည်။ အော်စကာဆုရ မင်းသမီးက ၎င်းရုပ်ရှင်တွင် လူဆိုးကြီး Blackbeard’s  ၏သမီးအဖြစ် သရုပ်ဆောင် မည်ဖြစ်ပြီး ၂၀၀၃ ခုနှစ် (ပထမဆုံးဇတ်လမ်း စတင်ရိုက်ကူးစဉ်) ကတည်းက တစ်ကိုယ်ရေ ရွှက်လွှင့်ခဲ့သော အဓိကဇတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုး (Johnny Depp ) နှင့် ချစ်ကျွမ်းဝင်သည့် ဇတ်ကွက်များ ရိုက်ကူးမည့် ပထမဆုံး သရုပ်ဆောင်လည်းဖြစ်သည်။
    စပိန် သရုပ်ဆောင် မင်းသမီး Penelope Cruz
    ပင်လယ်ဓါးပြ ဖြစ်လာမယ့် စပိန် သရုပ်ဆောင် မင်းသမီး Penelope Cruz
    ချစ်ကျွမ်းဝင်တဲ့အခန်းတွေကို သေချာအတည်မပြုရသေးပါဘူး။ ဂျက်စပဲရိုး နဲ့ ခရုစ် တို့ကြား romance လေးတွေတော့ ပါလိမ့်မယ်။ ခရုစ်က တက်ကြွတဲ့သူပါ ဒီဇတ်ကောင်အတွက် ပျော်ရွှင်စရာတွေ အများကြီး သူယူဆောင်လာလိမ့်မယ် ဟု Pirates ဇတ်လမ်းတွဲများ၏ ထုတ်လုပ်သူ Bruckheimer က MTV News သို့ပြောကြားပါသည်။
    နာမည်ကျော် ဇတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုး
    နာမည်ကျော် ဇတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုး
    ပင်လယ်ဓါးပြဇတ်လမ်းတွဲ Pirates of the Caribbean ကို ၂၀၀၃ ခုနှစ်က စတင်ရိုက်ကူးပြီး ယခု ရိုက်ကူမည့် Pirates of the Caribbean: On Stranger Tides သည် Pirates  ဇတ်လမ်းများ၏ စတုတ္ထမြောက် ရုပ်ရှင်လည်းဖြစ်သည်။ ၎င်းဇတ်လမ်းများ၏ အဓိက ဇတ်ကောင် ကပ္ပတိန် ဂျက်စပဲရိုးသည် ကမ္ဘာတစ်ဝှမ်း လူကြိုက်အလွန်များသော ဇတ်ကောင် ဖြစ်ပြီး စတင်ရိုက်ကူးသော ပထမဆုံးဇတ်ကားမှစ၍ ဟောလိဝုဒ် သရုပ်ဆောင် Johnny Depp က ပင်တိုင် သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
    Johnny Depp နှင့် Orlando Bloom တို့၏ သရပ်ဆောင်ကွက်
    Johnny Depp နှင့် Orlando Bloom တို့၏ သရုပ်ဆောင်ကွက်
    ထွက်ရှိပြီးသော ဇတ်လမ်း ၃ ခုစလုံးတွင် ဂျက်စပဲရိုး နှင့် အတွဲညီခဲ့သော ဗြိတိသျှ သရုပ်ဆောင် Keira Knightley နှင့် Orlando Bloom တို့ Pirates  ဇတ်လမ်းများမှ ထွက်သွားပြီးနောက် စပိန် သရုပ်ဆောင် မင်းသမီး Penelope Cruz က ကပ္ပတိန် ဂျက်စပဲရိုး ၏လက်တွဲဖော် ဖြစ်လာခြင်းဖြစ်သည်။
    ယခင်က အတွဲညီခဲ့သော Orlando Bloom ၊  Keira Knightley နှင့် Johnny Depp
    ယခင်က အတွဲညီခဲ့သော Orlando Bloom ၊ Keira Knightley နှင့် Johnny Depp
    Source : YahooMovie
  • ရသစာပေ, ဝထ္ထုတို
    Posted on March 23rd, 2010
    Written by PatheinCity
    Tags
    ထာဝရ ရှင်သန်ခွင့်
    ထာဝရ ရှင်သန်ခွင့်
    - ၁ -
    မိုးစက် မှုန်မှုန်တွေက ရင်ထဲက အလွမ်းတွေကို ပိုမိုအားဖြည့် ပေးနေသလိုပါပဲ။ အဲဒီ မိုးစက်တွေရယ်.. ကျွန်တော်ရယ်.. သူမရယ်..။ ဒီကနေ့မှ သူမကို ပိုလွမ်းနေမိတယ်။ ဦးတည်ချက်မဲ့ ခြေလှမ်းတွေက တဖြည်းဖြည်းချင်း သူမအိမ်ဘက် ခြေဦးလှည့် လို့…။
    သူမအိမ်ရောက်ပြီမို့ ခြံထဲကိုမျှော်ကြည့်လိုက်တယ်။ သူမ အမေနဲ့အဖေ အပြင်ကို သွားမဲ့ဟန်နဲ့ထွက်လာတယ် (အရင်ကလို ဆိုရင်တော့ ကျွန်တော့်ကို မမြင်စေရန် ပုန်းကွယ်နေမှာဖြစ်သော်လည်း ယခုတော့ ပုန်းကွယ်မနေချင်တော့)။ ခြံရှေ့မှာ ရပ်နေတဲ့ ကျွန်တော့်ကိုဂရုမစိုက်၊ အဖက်မတန်၊ အရေးမပါတဲ့သဘောနဲ့ ကျွန်တော့်ဘက်ကို တစ်ချက်ပင်စောင်းငဲ့မကြည့်…။ ကျွန်တော့်ကို   ခြံစောင့်ကပါ အဖက်မလုပ်ဘဲ သူမအဖေနဲ့အမေ ကားနဲ့ထွက်သွားသွားချင်း ခြံတံခါးပိတ်လိုက်ပြီ။
    အင်းပေါ့လေ… ဒီ မိသားစုဟာ အစကတည်းက ကျွန်တော့်ကို ကြည်ဖြူခဲ့ခြင်းမှ မရှိခဲ့ပဲ။ ညလေညှင်းရယ်…ငါနင့်ကို အရမ်းလွမ်းတယ်..။ ကျွန်တော် ရင်ထဲမှ တီးတိုးတမ်းတရုံအပြင် ဘာမှမတတ်နိုင်ခဲ့ပါ။ သူမ မရှိပေမဲ့လည်း သူမခြံရှေ့ရောက်လျင်ပဲ ရင်ထဲက အလွမ်းတို့က ထက်ဝက်နီးနီးသက်သာရာရတော့ သူမကိုလွမ်းတဲ့အခါ သူမခြံရှေ့လာရင်းအလွမ်းဖြည်ခဲ့ရတယ်။ ခပ်ဖျော့ဖျော့ တိုက်ခတ် လိုက်တဲ့ မိုးလေပြည်ကြားက မြေရနံ့ခပ်သင်းသင်းက ငါ့ကို ပိုရူးသွပ်စေတယ် ညလေရယ်.. ယောက်ျားလေးမို့ မျက်ရည်မကျသင့်ဘူးလို့ တော့.. တဆိတ်လှောင်ရယ်မပစ်နဲ့ဟာ.. ငါပျော့ညံ့လွန်းလို့မဟုတ်ဘူး.. လွမ်းလွန်းလို့ပါ လေးလံတဲ့ ခြေလှမ်းတွေက ကျွန်တော့်ကို အိမ်သို့ပြန်လည် သယ်ဆောင်သွားကြတယ်…။
    အပြည့်အစုံ ဆက်ဖတ်ရန်»
  • Zac Efron မှ Robert Pattinson ကို လေးစား အားကျကြောင်း ထုတ်ဖော်
    Zac Efron မှ Robert Pattinson ကို လေးစား အားကျကြောင်း ထုတ်ဖော်
    Twilight ရှပ်ရှင်ဇတ်ကားအား အရူးအမူးစွဲလမ်းသည့် မိန်းကလေးများသာမက ဟောလိဝုဒ် စတား Zac Efron မှ လည်း Robert Pattinson အား စူပါစတား တစ်ဦးအဖြစ် လေးစားအားကျမိသည်ဟု ဆိုသည်။
    High School Musical စတား ဇက် အက်ဖရွှန် (Zac Efron) သည် Twilight ရုပ်ရှင်ဇတ်ကားဖြင့် ကျော်ကြားလာသော အသက် ၂၃ နှစ်အရွယ် ဗြိတိသျှသရုပ်ဆောင် ရောဘတ် ပတ်တင်ဆန် (Robert Pattinson) အား ၎င်း၏ ဂုဏ်သတင်း ကျော်ဇောမှု အပေါ် အထင်ကြီး လေးစားမိကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း Access Hollywood ကဖော်ပြခဲ့သည်။
    High School Musical သရုပ်ဆောင် ဇက် အက်ဖရွှန်
    “ရောဘတ်ဟာ တစ်ကယ့်ကို အံ့မခန်းပါပဲ။ သူဟာ အကောင်းဆုံးတွေကို ရွေးချယ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ ရွေချယ်သမျှ အရာရာကိုလည်း အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မယ့်လူဗျ။ သူက တကယ့် စူပါစတား တစ်ယောက်ပါ။ သူရခဲ့တဲ့ ကျော်ဇောမှုတွေနဲ့ တစ်ကယ် ထိုက်တန်တဲ့လူပါ ” ဟု အသက် ၂၂ နှစ်အရွယ် High School Musical ဇတ်ကားများ၏ သရုပ်ဆောင် ဇက် အက်ဖရွှန်က ပြောကြားခဲ့သည်။
    ဗြိတိသျှသရုပ်ဆောင် ရောဘတ် ပတ်တင်ဆန် သည် ယခင်က ဟယ်ရီပေါ်တာ ဇတ်လမ်းတွဲများတွင် မထင်မရှား ဇတ်ရံတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပြီး နာမည်ကျော်ဇတ်လမ်း Twilight တွင် သွေးစုတ်ဖုတ်ကောင် Edward Cullen အဖြစ် သရုပ်ဆောင်ရာမှ ဟောလိဝုဒ်တွင်သာမက ကမ္ဘာတစ်ဝှမ်း ဆက်ကျော်သက်များ၏ အသည်းစွဲ သရုပ်ဆောင်တစ်ယောက် အဖြစ် အလွန်အမင်း ကျော်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။
    Twilight ရုပ်ရှင်ဇတ်ကား မှ ရောဘတ် ပတ်တင်ဆန် ၏ ဇတ်ဝင်ခန်းတစ်ခု
    Source: AccessHollywood
  • သင်္ကြန်ကာလ အတွင်း ကမ်းခြေ ဟိုတယ်များ ဈေးတက်မည်
    သင်္ကြန်ကာလ အတွင်း ကမ်းခြေ ဟိုတယ်များ ဈေးတက်မည်
    ဧရာဝတီတိုင်း အတွင်းရှိ နာမည်ကျော် ကမ်းခြေ အပန်းဖြေ စခန်းများဖြစ်သော ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေများရှိ ဟိုတယ်အများစုသည် လာမည့် မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ကာလတွင် ပုံမှန်ထက် အခန်းခဈေးနှုန်းများ တိုးမြှင့်မည်ဖြစ်သည်။ အခန်းခ မပြောင်းလဲသော ဟိုတယ်များ ရှိသော်လည်း အများစုမှာ ၃၀% မှ ၅၀% အထိလည်းကောင်း အချို့မှာ ပုံမှန်နှုန်းထားထက် ၂ဆခန့်အထိ လည်းကောင်း ပြောင်းလဲမည်ဟု သိရသည်။
    ကမ်းခြေ ဟိုတယ်များသည် ဧည့်သည် အဝင်များသော ပွင့်လင်းရာသီတွင်သာ လုပ်ငန်းလည်ပါတ်ကြရပြီး မိုးတွင်းကာလတစ်လျောက် ပုံမှန်ပြုပြင်ထိမ်းသိမ်းမှု ပြုလုပ်သည်မှအပ လုပ်ငန်းများ ရပ်ဆိုင်းထားရလေ့ရှိကြောင်း၊ သင်္ကြန်ကာလတွင် အခန်းခများ ပြောင်းလဲသော်လည်း ကမ်းခြေတွင် သင်္ကြန်ကျလိုသူ များသောကြောင့် ပုံမှန်ထက်ပိုမို၍ ဝန်ဆောင်မှု ပေးရလေ့ရှိပြီး ဧည့်သည်ပိုမို ဝင်ရောက်လေ့ရှိကြောင်း၊ သင်္ကြန်တွင်း ကာလဖြစ်၍ အစားအသောက် မှအစ လိုအပ်သော လူသုံးကုန် ဆေးဝါး စသည်များ အသင့်ဖြစ်အောင် ကြိုတင်စီစဉ်ထားရလေ့ရှိကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦးမှ ပြောကြားပါသည်။
    ” ကျွန်တော်တို့မိသားစုကတော့ ဒီနှစ် ငွေဆောင်ကို သင်္ကြန်မတိုင်ခင် သွားမယ်။ မနှစ်ကလည်း ချောင်းသာကို သင်္ကြန်မတိုင်ခင်ရောက်နေတာ သင်္ကြန်လည်းကျရော အခန်းခက ကောက်ခါငင်ခါ ဈေးတက်တော့ ဆက်မနေဖြစ်ဘဲပြန်လာခဲ့တယ်။ သင်္ကြန်တွင်းဆိုရင် အစစအရာရာ ဈေးတက်တော့ ၄ရက်နေမယ့်အစား နှစ်ရက်လောက်ပဲ နေဖြစ်တယ်။ ဒီနှစ်တော့ ငွေဆောင်မှာ သင်္ကြန်မတိုင်ခင်လည်း ပွဲတော်တွေရှိတော့ ပိုပြီးအဆင်ပြေပါတယ် ” ဟု နှစ်စဉ် မိသားစုနှင့် အပန်းဖြေခရီး ထွက်လေ့ရှိသော ခရီးသွားတစ်ဦးမှလည်း ၎င်း၏အမြင်ကို ပြောကြားပါသည်။
    ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေများသည် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည်နှင့်အမျှ နှစ်စဉ်ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လေ့ရှိပြီး ဒေသတွင်းပြည်သူများ၏ ပညာရေး၊ စီးပွားရေး နှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုများ အပေါ်များစွာ အကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။
  • အသက် ၃၀ အရွယ် ကိုရီးယား အမျိုးသမီးများ အိမ်ထောင် မပြုလို
    အသက် ၃၀ အရွယ် ကိုရီးယား အမျိုးသမီးများ အိမ်ထောင် မပြုလို
    ယနေ့ခေတ် အသက် ၃၀ အရွယ် ကိုရီယား အမျိုးသမီးများသည်  အိမ်ထောင်ပြုရန် ငြင်းဆိုလေ့ရှိကြောင်း အသစ်ထွက် စာအုပ် တစ်အုပ်ဖြစ်သော “The Real Reason Why Single Women in their 30s Refuse Marriage” တွင် အခိုင်အမာ ဖော်ပြထားသည်။
    ယခင်ကာလက အသက် ၃၀ ကျော်သည့်တိုင် လက်ထပ်ထိမ်းမြားခြင်း မရှိသေးသော ကိုရီးယား အမျိုးသမီးများသည် တစ်ခုခုချွတ်ယွင်းချက်ရှိ၍လော၊ ရုပ်ရည်နှင့် ဆွဲဆောင်မှု နိမ့်ကျ၍လော၊ လက်မခံနိုင်သော အမူအကျင့်များ ရှိ၍လော စသဖြင့် အရိုးစွဲနေသည့် လူမူရေးဆိုင်ရာ ကျဉ်းမြောင်းသော အမြင်များနှင့် ရင်ဆိုင်ရလေ့ ရှိသည်ဟုသိရသည်။
    Hankyoreh သတင်းစာက ပြန်လည်သုံးသပ် ပြောကြားချက်အရ ၎င်းစာအုပ်တွင်ပါရှိသော အကြောင်းအရာများသည် ကိုရီးယားရှိ အသက်၃၀ အရွယ် အမျိုးသမီးတစ်ယောက်အတွက် လွတ်လပ်စွာ လက်ထပ်ပိုင်ခွင့် နှင့်အတူ လက်မထပ်ရန် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် တို့ကို ဆွေးနွေးထားသည် ဟုသိရသည်။
    အသက်၃၀ ရှိပြီး အိမ်ထောင်မပြုလိုကြသည့် အမျိုးသမီးများသည်   သူတို့၏လွတ်လပ်သောဘ၀ကို မိသားစုနှင့် ကလေးငယ်များကို ပြုစုစောင့်ရှောက်ခြင်းဖြင့် အချိန်ကို မကုန်ဆုံးချင်ကြသူများ တစ်ကိုယ်ကောင်းဆန်ကြသူများ မဟုတ်ကြသလို မဟာဣတ္ထိယဝါဒီများလည်း မဟုတ်ကြကြောင်း၊ ၎င်းအမျိုးသမီးအများစုမှာ ၁၉၇၀ ဝန်းကျင်ခန့်တွင် မွေးဖွားကြပြီး အများစုမှာ မူလတန်းအရွယ်တည်းက အတန်းထဲတွင် ခေါင်ဆောင်ဖြစ်လာကြပြီး တက္ကသိုလ်ပညာရေး ပြီးဆုံးပြီးနောက် လုပ်ငန်းခွင်သို့ ဆက်တိုက် ဝင်ရောက်ကာ အောင်မြင်မူရရှိကြသူများ ဖြစ်သည်ဟု သိရသည်။
    ယနေ့ခေတ်တွင် အမျိုးသမီးများသည် စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းနယ်ပယ်များတွင် ယခင်ကလထက် ပိုမိုပြိုင်ဆိုင်ခွင့်ရရှိလာကြပြီး ၎င်းတို့၏ လက်ထပ်ရန် မလိုလားမှုနှင့် ငြင်းဆန်မှုများသည် ကိုရီးယား လူမှုအသိုင်းအ၀ိုင်းအတွက် အမျိုးသားလွှမ်းမိုးသော လက်ထပ်မှုစနစ်အား ပြောင်းလဲရန် သတိပေးစရာတစ်ခု ဖြစ်လာသည်ဟု ဖော်ပြထားသည်။
    Source : KoreaTimes
  • Web 2.0 ကုမ္ပဏီများ တရုတ် နိုင်ငံတွင် ရပ်တည်နိုင်ရန် ခက်ခဲ
    Web 2.0 ကုမ္ပဏီများ တရုတ် နိုင်ငံတွင် ရပ်တည်နိုင်ရန် ခက်ခဲ
    Facebook နှင့် Twitter ကဲ့သို့သော လူမှုကွန်ရက် ကုမ္ပဏီများသည် ယနေ့ခေတ် ဒစ်ဂျစ်တယ် နည်းပညာ ကမ္ဘာ၏ ဦးဆောင်များ ဖြစ်သော်လည်း ၎င်းတို့၏ အနာဂတ် နည်းပညာ တိုးတက်မှုများသည် တရုတ် ၊ အီရန် ၊ ဆော်ဒီ စသော နိုင်ငံများတွင် ဝေဖန်ကန့်ကွက်ဖွယ်ရာ ပိတ်ဆို့တာဆီးဖွယ်ရာ အခြေအနေများနှင့် ကြုံတွေ့ရကြောင်း သိရသည်။
    မကြာမီအတွင် ဖြစ်ပွားခဲ့သော အင်တာနက် အင်အားကြီး ကုမ္ပဏီ Google နှင့် တရုတ်အစိုးရကြား ပဋိပက္ခ သည် Google ၏ ရှာဖွေမူဆိုင်ရာ ဝန်ဆောင်မှုများ အားလုံး ပြန်လည်ရုတ်သိမ်းသွားသည့် အထိ ပြင်းထန်ခဲ့ရာ ၎င်း အဖြစ်အပျက်သည် ခေတ်မှီနည်းပညာများနှင့် သတင်းအချက်အလက်ဆိုင်ရာ လွတ်လပ်စွာဆီးဆင်းမှုအား အန္တရယ် အဖြစ် တားဆီးလိုသော နိုင်ငံများ တွင် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပြည်ပကုမ္ပဏီများအနေဖြင့် ကြုံတွေ့ရမည့် အခက်အခဲများအတွက် သာဓက တစ်ခုလည်းဖြစ်သည်။
    တရုတ်နိုင်ငံနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများသည် Silicon Valley ရှိကုမ္ပဏီများ၏ အနာဂတ်ဈေးကွက် မျှော်မှန်းချက် ဖြစ်သလို ၎င်းတို့အား လက်လွှတ်ရခြင်းအတွက် ကြီးမားသော ထိခိုက်မှုရှိကြောင်း သိရသည်။ တစ်ရုတ်နိုင်ငံ တစ်ခုတည်းပင်လျင် အင်တာနက်အသုံးပြုသူ ၃၈၄ သန်းရှိပြီး ကမ္ဘာအကြီးဆုံး အင်တာနက် ဈေးကွက်တစ်ခုလည်း ဖြစ်သည်။
    တရုတ်နိုင်ငံသည် Video Sharing ပြုလုပ်သော YouTube ၊ microbloging ဆိုက် Twitter ၊ နာမည်ကျော် social networking ဆိုက် FaceBook အပါအဝင် အခြားလူမှုကွန်ရက် ဆိုက်အများအပြားကိုလည်း ပိတ်ပင်ထားကြောင်းသိရသည်။
    Source: mercurynews
  • နည်းပညာ
    Posted on March 20th, 2010
    Written by PatheinCity
    Tags
    Google မှ Chrome Browser အတွင်း အလိုလျောက် ဘာသာပြန် စနစ် ထည့်သွင်း
    Google မှ Chrome Browser အတွင်း အလိုလျောက် ဘာသာပြန် စနစ် ထည့်သွင်း
    ယခုနှစ် မတ်လ အတွင်း အင်တာနက် အင်အားကြီးကုမ္ပဏီ Google သည် ၎င်း၏ Chrome Browser ဆော့ဖ်ဝဲ အတွင်း အင်တာနက် စာမျက်နှာ များကို အလိုလျောက် ဘာသာပြန်ပေးသည့် စနစ်ကို ထည့်သွင်းလိုက်ကြောင်း ကြေငြာခဲ့သည်။
    အပြည့်အစုံ ဆက်ဖတ်ရန်»
  • Page 64 of 65« First...6162636465