မြို့တော်ပုသိမ် သတင်းစဉ် မှ ကြိုဆိုပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် ကို အချိန်ပေးသည့် အတွက် အထူး ကျေးဇူးတင်ပါသည်။ မြို့တော်ပုသိမ် သတင်းစဉ် (PatheinCity News) ဝဘ်ဆိုက်သည် ပုသိမ်မြို့တော် ဝဘ်ဆိုက် (www.patheincity.com) ၏ သတင်း အစိတ်အပိုင်း တစ်ခုအဖြစ် ၂၀၁၀ ခုနှစ် မတ်လတွင် စတင်၍ အစမ်း လွှင့်တင်ခဲ့ပါသည်။

ဒေသတွင်း ပြည်သူများ အကြား ပညာရေး ကျန်းမာရေး နည်းပညာ နှင့် လူနေမှုဘဝ နှင့် အသိအမြင် ဗဟုသုတများ တိုးတက်လာစေရန် နှင့် အဝေးရောက် ပြည်သူများ ဒေသတွင်း သတင်းများ အလွယ်တကူ ရရှိစေရန် ရည်ရွယ်လျက် စတင်ခဲ့ခြင်းဖြစ်ပြီး လိုအပ်သော သတင်း အချက်အလက်များကို အချိန်နှင့် ကွာဟချက် နည်းနိုင်သမျှ အနည်းဆုံးဖြင့် မျှဝေနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် ဝဘ်ဆိုက်ကို အသုံးပြုရန်

မြို့တော်ပုသိမ် သတင်းစဉ် ဝဘ်ဆိုက်သည် Mozilla FireFox အင်တာနက်ကြည့် ဘရောက်ဇာ ဆော့ဝဲလ်နှင့် အဆင်ပြေဆုံး ဖြစ်ပြီး ကြည့်ရှုသော ကွန်ပျူတာ မော်နီတာ၏ ပုံဖော်နိုင်စွမ်း (Resolution) အနည်းဆုံး 1024 Pixel x 768 Pixel ရှိရန် လိုအပ်ပါသည်။

မြို့တော်ပုသိမ် သတင်းစဉ်မှ အကြောင်းအရာများကို ZawGyi 2009 မြန်မာစာလုံးအား အသုံးပြု ရေးသားထားသော်လည်း ZawGyi-One မြန်မာစာလုံးနှင့် Unicode 5.1 မြန်မာစာလုံး နှစ်မျိုးစလုံး နှစ်သက်ရာ စာလုံးဖြင့် ဖတ်ရှုနိုင်ရန် စီစဉ်ထားပါသည်။

မိမိကြည့်ရှုလိုသော မြန်မာစာလုံးကို စာမျက်နှာ၏ ဘယ်ဘက် အပေါ်ထောင့်ရှိ အပြာရောင် Choose Myanmar Font Box မှ ရွေးချယ်နိုင်ပါသည်။

ZawGyi မြန်မာစာလုံးကို အသုံးပြုသူများ

ZawGyi မြန်မာစာလုံး အသုံးပြုသူများသည် စာလုံးအချို့ ကောင်းမွန်စွာ မပေါ်ပါက ZawGyi 2009 မြန်မာစာလုံးကို Download ချ ထည့်သွင်းပြီး မိမိအသုံးပြုသော Mozilla FireFox ဘရောက်ဇာ တွင် အောက်ပါအတိုင်း ပြင်ဆင်ရန်လိုအပ်ပါသည်။

၁။ Tools menu အောက်က Optionsကို ရွေးပါ။
၂။ Options Box ပွင့်လာရင် Content Tab ကို ရွေးပါ။
၃။ Content Tab မှာ Font & Colours အောက်က Default Font မှာ ZawGyi-One ကို ရွေးပေးပါ။
၎။ OK ကို နှိပ်ပါ။

Unicode 5.1 မြန်မာစာလုံးကို အသုံးပြုသူများ

Unicode 5.1  မြန်မာစာလုံး အသုံးပြုသူများသည် ကောင်းမွန်စွာ ဖတ်ရှုနိုင်ရန်  Padauk (သို့မဟုတ်) Parabaik (သို့မဟုတ်) Myanmar3 အစရှိသော Unicode 5.1  မြန်မာစာလုံး တစ်မျိုးမျိုးအား မိမိတို့ ကွန်ပျူတာ စနစ်အတွင်သို့ ကြိုတင် ထည့်သွင်းထားရန် လိုအပ်ပါသည်။ ထို့နောက် မိမိကြည့်ရှုလိုသော စာမျက်နှာ၏ ဘယ်ဘက် အပေါ်ထောင့်ရှိ အပြာရောင် Choose Myanmar Font Box မှ  Unicode 5.1 ကို ရွေးချယ် ကြည့်ရှုနိုင်ပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် ဝဘ်ဆိုက်ကို အသုံပြသောအခါ ကြုံတွေ့ရသည့် အခက်အခဲများကို ဆိုက်၏ ဘေးဘက်ရှိ Comment Box တွင် မေးမြန်းနိုင်ပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် နှင့် အမြဲ အဆက် အသွယ် ရှိရန်

မြို့တော်ပုသိမ် သတင်းစဉ် ဝဘ်ဆိုက်သည် လက်ရှိအချိန်အထိ အသင်းဝင် (Member) စနစ်ထည့်သွင်းထားခြင်း မရှိသေးပါ။ လူကြီးမင်းသည် မြို့တော်ပုသိမ် သတင်းစဉ် နှင့် အမြဲ အဆက်အသွယ်ရှိရန် မြို့တော်ပုသိမ် သတင်းစဉ် ၏ FaceBook စာမျက်နှာ တွင် Like ကို နှိပ်၍ အဖွဲ့ဝင် ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်ထားပါက နောက်ဆုံးတင်သမျှ Update အကြောင်းအရာများ အားလုံး လူကြီးမင်း၏ Facebook စာမျက်နှာကို ပေးပို့မည် ဖြစ်ပါသည်။

ဆိုက်သို့ လာရောက်ရန် မလိုဘဲ နောက်ဆုံး အကြောင်းအရာများကို ပုံမှန် ဖတ်ရှုနိုင်ရန် RSS Update Feed ကို အသုံးပြုနိုင်ပါသည်။ မြို့တော်ပုသိမ် သတင်းစဉ်၏ RSS Update Feed တွင် မိမိနှစ်သက်ရာ RSS Reader တစ်မျိုးမျိုးနှင့် ချိတ်ဆက်၍ ဖတ်ရှုနိုင်ပါသည်။

ထို့အပြင် ဆိုက်သို့ လာရောက်ရန် မအားလပ်ပါက မိမိ၏ အီးမေလ်အတွင်းသို့ နောက်ဆုံး အကြောင်းအရာများကို နေ့စဉ် ပေးပို့နိုင်ရန် မြို့တော်ပုသိမ် သတင်းစဉ်၏ အီးမေလ်း သတင်းစာ (Email NewsLetter) ကို ရယူနိုင်ပါသည်။

လူကြီးမင်း၏ ကိုယ်ရေး အချက်အလက်များ ထိမ်းသိမ်းမှု

မြို့တော်ပုသိမ် သတင်းစဉ် ဝဘ်ဆိုက်သည် လက်ရှိအချိန်အထိ အသင်းဝင် (Member) စနစ် ထည့်သွင်းထားခြင်း မရှိသေးသောကြောင့် အသုံးပြုသူများသည် မိမိ၏ ကိုယ်ရေး အချက်အလက်များမှ မည့်သည့် အချက်အလက်ကိုမှ ဖော်ပြရန်မလိုဘဲ မြို့တော်ပုသိမ် သတင်းစဉ် ဝဘ်ဆိုက်ကို အသုံးပြုနိုင်ပါသည်။

သို့သော် ဖော်ပြထားသော အကြောင်းအရာများတွင် လူကြီးမင်း၏ ထင်မြင်ချက်ကို ရေးသားလိုပါက အမည်နှင့် အီးမေးလ်လိပ်စာ ထည့်သွင်းရန် လိုအပ်ပြီး ထိုအီးမေးလ်ကို  အကြောင်း တစ်စုံတစ်ရာကြောင့်  မြို့တော်ပုသိမ် သတင်းစဉ်မှ လူကြီးမင်းအား ဆက်သွယ်ရန် အသုံးပြုသည်မှအပ လျှို့ဝှက် ထားရှိပါသည်။

ထို့အပြင် RSS Update Feed များနှင့် Email NewsLetter များ Subscribe ပြုလုပ်ရာတွင် ထည့်သွင်းသော အမည်နှင့် အီးမေးလ် လိပ်စာများကိုလည်း အလားတူ  လျှို့ဝှက် ထားရှိပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် သို့ အကြံပြုချက်များ ပေးပို့ခြင်း

လူကြီးမင်း၏ အကြံပြုချက်သည် မြို့တော်ပုသိမ် သတင်းစဉ် အတွက် တန်ဖိုးရှိသောအရာ ဖြစ်ပါသည်။ ဆိုက်၏ နည်းပညာပိုင်း၊ အပြင်အဆင်၊ အရောင်အသွေး ဖွဲစည်းပုံ များကိုလည်းကောင်း ဖော်ပြထားသော အကြောင်းအရာများ နှင့် အရေးအသား၊ မြို့တော်ပုသိမ် သတင်းစဉ်၏ မှုဝါဒနှင့် သဘောထား များကိုလည်းကောင်း သင့်တော်သော ဝေဖန် အကြုံပြုချက်များကို patheincity@gmail.com သို့ ပေးပို့နိုင်ပါသည်။

အစမ်း လွှင့်တင်သည့် ကာလ ဖြစ်သောကြောင့် မြို့တော်ပုသိမ် သတင်းစဉ်တွင် လိုအပ်ချက်အချို့ ရှိပါက သည်းခံပေးပါရန်နှင့် လူကြီးမင်းတို့၏ ဝေဖန် အကြုံပြုချက်များကို အလေးထားလျက် လက်တွေ့ လွှင့်တင်ချိန်တွင် အကောင်းဆုံး ဖြစ်နိုင်ရန် ကြိုးစားလျက် ရှိပါသည်။

မြို့တော်ပုသိမ် သတင်းစဉ်သို့ စာမူများပေးပို့ခြင်း

မြို့တော်ပုသိမ် သတင်းစဉ် သို့ စာမူများ ပေးပို့ခြင်းကို ကျေးဇူးတင်စွာဖြင့် ကြိုဆိုပါသည်။ စာမူများအားလုံးကို အီးမေးလ် လိပ်စာ patheincity@gmail.com သို့ပေးပို့ပေးစေလိုပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် တွင် လူမှုရေး၊ ပညာရေး၊ နည်းပညာပြန့်ပွားရေး၊ ယဉ်ကျေးမှု အနုပညာနှင့် ဒေသဖွံ့ဖြိုးရေး စသည်တို့နှင့် ပါတ်သက်သော အချက်အလက်များ ကိုသာ ဦးစားပေး ဖော်ပြမည်ဖြစ်ပါသည်။

ရသစာပေများ အတွက်စာမူများပေးပို့ရာတွင် မိမိကိုယ်ပိုင်ရေးသားသော စာမှုများကိုသာ ပေးပို့ပေးရန်နှင့် အဆိုပါစာမူအား အခြားနေရာတွင် ကိုယ်တိုင် လွှင့်တင်ပြီးဖြစ်ပါက လွှင့်တင်ထားသော Link ကိုပါ ပေးပို့ပေးရန် လိုအပ်ပါသည်။

သုတစာပေ ဆောင်းပါးများကို ပေးပို့ရတွင် မိမိကိုးကားထားသော စာအုပ် ၊ Website သို့မဟုတ် အခြားအထောက်အထားများကိုပါ ပေးပို့ပေးရန် လိုအပ်ပါသည်။

သတင်းများ ပေးပို့ရာတွင် ပေးပို့သူ၏ အမည်၊ အီးမေးလိပ်စာ ပြည့်စုံစွာ ဖြည့်စွက်၍ လိုအပ်လျင် ဓါတ်ပုံ နှင့် ဗီဒီယို ကဲ့သို့သော အထောက်အထားများကိုပါ ပေးစေလိုပါသည်။

ရွေးချယ်ဖော်ပြသော စာမှုများကို အီးမေလ်းနှင့် ပြန်လည်အကြောင်းကြားပေးမည် ဖြစ်ပြီး အခက်အခဲ အချို့ကြောင့် ပေးပို့သော အချို့စာမူများကို မဖော်ပြနိုင်ပါက ခွင့်လွှတ် ပေးစေလိုပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် မှ အချက်အလက်များကို ကူးယူသုံးစွဲခြင်း

မြို့တော်ပုသိမ် သတင်းစဉ် တွင် လွှင့်တင်ထားသော အကြောင်းအရာများတွင် မူရင်းရေးသားသူ စာရေးဆရာအား တိုက်ရိုက် ဆက်သွယ် ခွင့်တောင်းရန် တောင်းဆိုချက် ထည့်သွင်းထားသော (အခြား မဂ္ဂဇင်း နှင့် ဝဘ်ဆိုက်များမှာ ဖော်ပြပြီးဖြစ်သော) အကြောင်းအရာ အချို့မှလွဲ၍ ကျန် မည်သည့်အကြောင်းအရာကို မဆို PatheinCity News | မြို့တော်ပုသိမ် သတင်းစဉ် မှ  ရရှိကြောင်း ဖော်ပြပြီး လွတ်လပ်စွာ ကူးယူ ဖြန့်ဝေနိုင်ပါသည်။

သတင်းများ၊ ဓါတ်ပုံများ| ဆောင်းပါများ နှင့် အခြားရသ စာပေများသည် မူရင်း အနုပညာရှင်၊ အတတ်ပညာရှင် အချို့၏ ဖန်တီးမှုများ နှင့် မအားမလပ်သည့် ကြားကပင် မြို့တော်ပုသိမ် သတင်းစဉ် ဝိုင်းတော်သားများ ဝိုင်းဝန်း ကြိုးပမ်းချက်များသာ ဖြစ်ပါသည်။

သို့ပါ၍ မြို့တော်ပုသိမ် သတင်းစဉ် တွင် ဖော်ပြထားသော အကြောင်းအရာ တစ်စိတ်တစ်ပိုင်း ကိုသော်လည်းကောင်း အားလုံးကိုလည်းကောင်း အခြား Website, Blog , Forum , Social Network များနှင့် Printed Media များတွင် ကူးယူဖော်ပြမည်ဆိုပါက ခွင့်ပြုချက်ကြိုတင်တောင်းခံရန် မလိုအပ်သော်လည်း မူရင်းဖန်တီးသူအချို့၏ ပိုင်ခွင့် နှင့် ဝိုင်းတော်သားများ၏ ကြိုးပမ်းချက်ကို အသိအမှတ်ပြုသောအားဖြင့် PatheinCity News | မြို့တော်ပုသိမ် သတင်းစဉ် အား Link ချိတ်ဆက် ဖော်ပြပေးပါရန် သို့မဟုတ် ကိုးကားဖော်ပြပေးရန် အလေးအနက် တောင်းဆိုအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်…

PatheinCity News | မြို့တော်ပုသိမ် သတင်းစဉ်
http://patheincity.com/news/

http://patheincity.com/news