ဘိုကလေး- ဒီဇင်ဘာ ၈ – ၂၀၁၁
ဧရာဝတီ တိုင်းဒေသကြီး ဘိုကလေးမြို့ ရှိ ပြည်တွင်းရေကြောင်းပိုင် ရေယာဉ်များ ဆိုက်ကပ်သော ဧရာဝတီ ဆိပ်ခံဗောမှ သံပြားကြမ်းခင်းများ ဆွေးမြည့် ပေါက်ပြဲ နေသောကြောင့် ခရီးသွား ဧည့်သည်များအတွက် အလွန် အန္တရယ် ကြီးမားနေ၍ ပြုပြင်ပေးရန် မြို့နေပြည်သူများက လိုလားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဧရာဝတီ သင်္ဘောဆိပ်မှာ နံနက် (၇) နာရီတွင် မော်ကျွန်း-ဘိုကလေး-ရန်ကုန် အမြန်ယာဉ်၊ မွန်းတည့် (၁၂) နာရီတွင် ရန်ကုန်-ဘိုကလေး-မော်ကျွန်း အမြန်ယာဉ် နှင့် ညနေ (၅) နာရီတွင် မော်ကျွန်-ဘိုကလေး-ရန်ကုန် သုံးထပ် သင်္ဘော၊ ည (၇) နာရီတွင် မော်ကျွန်း-ဘိုကလေး-ရန်ကုန် အမြန်ယာဉ် စသည့် သင်္ဘောများ ဆိုက်ကပ်၍ နေ့စဉ် ခရီးသည်နှင့် ကုန်စည်များ အတင်အချ ပြုလုပ်လျက်ရှိသည်။
ထို့အပြင် နံနက် (၃) နာရီ အမြန်ယာဉ် တစ်စင်း နှင့် နံနက် (၄) နာရီ သုံးထပ် သင်္ဘောတစ်စင်း တို့လည်း နေ့စဉ် ဆိုက်ကပ်ရာ ဧရာဝတီ ဆိပ်ခံဗောမှာ ဘိုကလေးမြို့တွင် နေစဉ် နှင့်အမျှ ခရီးသည် အများအပြား အတက်အဆင်း ပြုလုပ်ရာ အကြီးဆုံး ဗော့တံတား ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံပြားကြမ်းခင်းများ ဆွေးမြည့် ပေါက်ပြဲနေသာ ဆိပ်ခံဗော့တံတားမှာ အကြီးစား ပြင်ဆင်မှု မပြုလုပ်သည်မှာ နှစ်ချီ၍ ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ အလင်းရောင်ရှိသော အချိန်တွင် အန္တရယ်ကို ရှောင်နိုင်သော်လည်း ညပိုင်း (၇) နာရီ၊ နံနက် (၃) နာရီ နှင့် နံနက် (၄) နာရီ သင်္ဘောကပ်ချိန်များတွင် အလွန် အန္တရယ် ကြီးမားကြောင်း၊ ခရီးသွားနေကျ ခရီးသည်များ အနေဖြင့် အန္တရယ်ကို သိရှိနိုင်သော်လည်း တစ်နယ်မှ ဧည့်သည် ခရီးသွားများအတွက် အလွန် အန္တရယ် ကြီးမား၍ အမြန်ဆုံး ပြုပြင်ပေးစေလိုကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် ဧရာဝတီ သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
PatheinCity News | Source:ဧရာဝတီသတင်းဂျာနယ် |Photo:ဧရာဝတီသတင်းဂျာနယ်


















အရမ်းကိုဖြစ်သင့်တဲ့ကိစ္စပါပဲရှင်
အရမ်းကိုပျက်စီးနေပါပြီ
Like or Dislike:
0
0
ပြင်လိုက်မယ်ဆိုရင်အရမ်းကိုတိုးတက်ဖို့အလားလာရှိတယ်
Like or Dislike:
0
0