လေကြီးမိုးကြီး ပြောရရင် နေရောင်ခြည် စွမ်းအင်ပြား တွေကို ဒီကနေ့တိုင်အောင် အပြားလိုက်ချပြီး တပ်ဆင်နေကြတုန်း။ အိမ်မိုးပေါ်မှာပဲ ဖြစ်ဖြစ်၊ ကွင်းပြင်ကြီးထဲက ထုပ်လုပ်မှု စက်ရုံမှာပဲဖြစ်ဖြစ်၊ နေရောင်ခြည် စွမ်းအင်ပြားတွဲတွေကို အပြားလိုက် တန်းစီချပြီး တပ်ဆင်ထားကြပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက အပြားကြီး မဟုတ်တော့၊ ကျနော်တို့ ဒီ နေရောင်ခြည် စွမ်းအင်ပြားတွဲတွေက ရော ဘာဖြစ်လို့သူ့လို လိုက်ပြီး မတုနိုင်စရာ အကြောင်းမရှိဘူး။
မက်ဆာချူးဆက် အင်ဂျင်နီယာ တက္ကသိုလ် ပါမောက္ခ ဂရော့စ်မင်းက၊ သစ်ပင်မှာ သစ်ရွက်တွေ နေရောင်ခြည် ရအောင် ဖြာထွက်နေတာကို အတုယူ လေ့လာပြီး၊ ၃ ဘက်မြင် ပုံသဏ္ဌာန်တခုကို နေရောင်ခြည် စွမ်းအင်ပြားတွေကပ်ရင် စွမ်းအင်တွေ ပိုပြီး သက်ရောက်တယ်ဆိုတာ အံ့အားသင့်စွာ တွေ့ ရှိခဲ့တယ်။ ဘောစတွန်မြို့မှာ မိုးတွေရွာ တိမ်တွေဆိုင်း ရာသီဥတု မကြည်မလင် ဖြစ်နေပေမယ့်လည်း နေရောင်ခြည်ပြားတွေက လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအတွက် တကယ့်ကို လုံလောက်မှုရှိတာ တွေ့ခဲ့ကြပါတယ်။

တိမ်တွေဆိုင်း ရာသီဥတု မကြည်မလင် ဖြစ်နေတာတောင် နေရောင်ခြည်ပြားတွေက လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုအတွက် တကယ့်ကို လုံလောက်မှုရှိတယ်ဆိုတာ ယုတ္တိမရှိဘူးလို့ ခင်ဗျားတို့ထင်မှာပါ။ ဒါပေမယ့် ၃ ဘက်မြင် ပုံသဏ္ဌာန်တခုပေါ်က နေရောင်ခြည်ပြားတွေ ဆိုရင်တော့ ခင်ဗျားထင်သလို မဟုတ်တော့ဘူး။ ထုံးစံအတိုင်းဆိုရင် ကောင်းကင်ခပ်မှိုင်းမှိုင်းဟာ နေရောင်ခြည် စွမ်းအင်အတွက် လေထုထဲက ရောင်ပြန်သတ္တိတွေလို ဖြစ်နေတယ်။ ဒါပေမယ့် ၃ ဘက်မြင် ပုံသဏ္ဌာန်တခုပေါ်မှာ တပ်ဆင်ထားတဲ့ နေရောင်ခြည်ပြားတွေဟာ နေသာတဲ့နေ့ မှာလိုပဲ တိမ်တွေအုံ့ဆိုင်းတဲ့နေ့မှာ လျှပ်စစ်အားတွေကို အစွမ်းကုန် စုတ်ယူနိုင်တာ တက္ကသိုလ် ပါမောက္ခ ဂရော့စ်မင်းက တွေ့ရှိခဲ့ပါတယ်။
ပါမောက္ခ ဂရော့စ်မင်းရဲ့ ဒီဇိုင်းဟာ၊ သစ်ရွက်တွေရဲ့ အားပြိုင်လွန်ဆွဲသလို ပုံသဏ္ဌာန်တွေနဲ့တည်ဆောက်ထားပုံကို စိတ်ပါဝင်စားလို့ စူးစမ်းလေ့လာပြီး ထွက်ပေါ်လာတဲ့ ရလာဒ်မို့ တကယ် ဂုဏ်ယူစရာ ကောင်းပါတယ်။ ရာသီဥတုဆိုးတာတောင် စွမ်းအင်ထုတ်လုပ်မှုကို မထိခိုက်ရုံမကပါဘူး။ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့တပ်ဆင်ထားတဲ့ နေရောင်ခြည်ပြားတွေက နေရောင်ကို တိုက်ရိုက် ပိုပြီးရအောင် နေရာယူတယ်။ နောက်ပြီး မျက်နှာပြင်ပြားပြားမှာ တပ်ထားတဲ့ အရွယ်ပမာဏတူ နေရောင်ခြည် စွမ်းအင်ပြားတွေထက် စွမ်းအင်ကို ပိုပြီး ထုတ်လုပ်တယ်။

နေရောင်ခြည် စွမ်းအင်ပြား ဒီဇိုင်းသစ် တည်ထွင်တဲ့ အဖွဲ့က သူတို့ရဲ့ နေရောင်ခြည် စွမ်းအင်ပြားတွဲတွေကို အမိုးတွေပေါ်မှာ မသိသာ မမြင်သာအောင် ဖွက်ထားတာမျိုး မလိုချင်ပါဘူး။ မျက်နှာပြင်ပြားပြားမှာ တပ်ထားတဲ့ နေရောင်ခြည် စွမ်းအင်ပြားတွဲတွေကို အမိုးတွေပေါ်မှာ မသိသာ ဖွက်ထားမယ့်အစား၊ သူတို့ရဲ့ ၃ ဘက်မြင် ပုံသဏ္ဌာန်တခုပေါ်မှာ တပ်ဆင်ထားတဲ့ နေရောင်ခြည်ပြားတွေ မြင်လိုက်ရင် ဒါဟာ မြို့ပြရဲ့ သင်္ကေတ သရုပ် ရုပ်ဆစ်ထုတွေပဲရယ်လို့ အနာဂါတ်ကို မျှော်မှန်း ပြောနေကြပါတယ်။
Reporter:မင်းဆန်းမင်း | PatheinCity News | Source:news.yahoo.com


















အားကျစရာကြီ တော်လိုက်ကြတာများ
Like or Dislike:
0
0