Microsoft နှင့် Samsung ပူးပေါင်း၍ စားပွဲခုံတစ်ခုံ အရွယ်အစားရှိသော အနာဂတ်အတွက် လုပ်ငန်းသုံး မျိုဆက်သစ် ကွန်ပျူတာပြား (the Surface table computer system) ကိုတီထွင်ခဲ့ရာ အနိမ့်ဆုံး ဒေါ်လာ ၈၀၀၀ တန်ဖိုးဖြင့် ကြိုတင်မှာကြား နိုင်ကြောင်း သိရသည်။
အရွယ်အစား ကြီးများပြီး စားပွဲတစ်လုံးပုံစံနှင့် အရွယ်အစားရှိသော ကွန်ပျူတာကို ယခုအခါ နိုင်ငံ ၂၃ နိုင်ငံရှိ Samsung အရောင်းကိုယ်စားလှယ်များ ထံတွင် ကြိုတင် မှာယူနိုင်ပြီဖြစ်ကြေင်း သိရသည်။ အဆိုပါ ကွန်ပျူတာသည် လာမည့် ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ထွက်ရှိမည် ဖြစ်ကြောင်း Microsoft နှင့် Samsung က နိုဝင်ဘာ ၁၈ ရက်နေ့က ကြေငြာခဲ့သည်။
ဒေါ်လာ ၈၀၀၀ ခန့် တန်ကြေးရှိပြီး SUR40 သို့မဟုတ် the Surface ဟု အမည်ပေးထားသော ကွန်ပျူတာကို စီပွားရေး လုပ်ငန်းသုံးနှင့် အဖွဲ့အစည်းများတွင် အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။





Microsoft ၏ Windows 7 ကွန်ပျူတာ စနစ်နှင့် Surface 2.0 ဆော့ဝဲလ်ကို အသုံးပြုထားသော ထိုကွန်ပျူတာသည် လက်မ ၄၀ အရွယ်အစားရှိပြီး ပုံဖော်နိုင်စွမ်း 1920 X 1080 ရှိသည်။ Ethernet, HDMI, နှင့် USB တို့ပါဝင်သော ကွန်ပျူတာသည် Contrast ratio 2,000:1 ရှိပြီး 2.9GHz Athlon X2 dual-core CPU ကို အသုံးပြုထားသည်။ မှတ်ဥာဏ်ပမာဏ 4GB ပါဝင်ပြီး အချက်အလက်ပမာဏ 320 GB သိမ်းဆည်းနိုင်သည်။
PatheinCity News | Source:theregister.co.uk


















ကြိုက်တယ် မ၀ယ်နိုင်တာစိတ်မကောင်ဘူး
Like or Dislike:
1
0
မှူးကတော့ သဘောကျတယ် တီထွင်နိုင်မှူကိုလဲ ဂုဏ်ယူပါတယ်
Like or Dislike:
1
0