ရန်ကုန်-နိုဝင်ဘာ ၂၁ – ၂၀၁၁
မြန်မာနိုင်ငံ အထက်ပိုင်း ဟုမ္မလင်းမြို့အနီးတွင် နိုဝင်ဘာ ၂၁ ရက် တနင်္လာနေ့ မနက်ပိုင်းက မြန်မာစံတော်ချိန် ၉ နရီ ၄၆ မိနစ်ခန့်တွင် ရစ်ချတ်တာ စကေး ၅.၉ ရှိ အင်အားအသင့်အတင့် ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မြန်မာ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
အဆိုပါ မြေငလျင်သည် မန္တလေးမြို့၏ အနောက်မြောက်ဘက် ၃၃၆ ကီလိုမီတာ အကွာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့၏ အရှေ့မြောက်လက် ၃၂ ကီလိုမီတာအကွာကို ဗဟိုပြု လှုတ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၂၄.၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီတွဒ် ၉၅.၂ ဒီဂရီတွင် တည်ရှိပြီး မြေအောက်အနက် ၁၂၁ကီလိုမီတာတွင် ဗဟိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား မသိရှိရသေးပေ။ The Times of India ၏ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံ Assam ၊ Nagaland နှင့် Manipur ပြည်နယ်များတွင် လည်းကောင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင် လည်းကောင်း အဆိုပါ ငလျင်လှုတ်ခတ်ကို ခံစားခဲ့ရကြောင်း သိရသည်။
PatheinCity News | Source:Xinhua

















