ဇီဇဝါ အိပ်မက်
(၁)
မိုင်ယာမီကို ဟိုတုန်းက သုံးလေးခေါက် ရောက်ဖူးသည်။ အမှတ်တမဲ့၊ ဖြတ်သွား ဖြတ်လာ လောက်သာ စိတ်ထဲရှိခဲ့ပြီး၊ အလေးအနက် မကြည့်ခဲ့မိပါ။ ဒါပမယ့် ပြီးခဲ့တဲ့ ၂ နှစ်က အမျိုသမီး နဲ့ ဗကေးရှင်းသွားတုန်း၊ ယူအက်စ်ဝမ်း လမ်းမကြီး တောက်လျှောက် ကားမောင်းသွားရင်း လမ်းဘေးဝဲယာမှ နီနီရဲရဲ စိန်ပန်း၊ စိမ်းညို့ညို့သရက်၊ အရွက်ဖားဖားအုန်းပင်များတွေ့ရသောအခါ မောင်တို့ဒီမှာ အိမ်လာ ဝယ်ရင် ကောင်းမယ်ဟု လွှတ်ကနဲပြော လိုက်မိသည်။
ကျနော်တို့လင်မယား မိုင်ယာမီကို ကြိုက်မိပြီ။ နံပါတ်တစ် – ရာသီဥတု ပူသည်။ နံပါတ် နှစ် – သစ်ပင်ပန်းမာလ်များ။ စိန်ပန်းနီ စိန်ပန်းဝါ ငု သရက် အုန်း ဗမာပြည်ကအပင် မှန်သမျှ တွေ့ နိုင်သည်။ နှစ်ကာလ ရှည်လျှားစွာ ရင်ထဲ ပုန်းဝှက် မြိုသိပ်ထားခဲ့သော ဗမာပြည် အလွမ်းစိတ်တွေ ဘွားကနဲပေါ်လာသည်။ ဗကေးရှင်း တလျှောက်လုံး မိုင်ယာမီမှာ အိမ်ဝယ် ဘို့ကိစ္စ ကျနော် တို့ စိတ်ကူးယဉ်ကြသည်။ ဗကေးရှင်းက ပြန်လာ တော့ စိတ်ကူးကို စပြီး အကောင်အထည် ဖော်ကြသည်။ အင်တာနက်မှတဆင့် မိုင်ယာမီမှ ရောင်းရန် အိမ်များကို ရှာတော့သည်။
တိုတိုဆိုကြပါစို့။ လပိုင်းအတွင်း ကျနော်တို့ကြိုက်သော အိမ်တလုံး ကျနော် တို့ တတ်နိုင်သော ဈေးဖြင့်ဝယ်လိုက်ပါသည်။ ကျနော်တို့နှင့် မိသားစုသဖွယ် ခင်မင်နေ သော ကန်ထရက်တာ တယောက်က မိုင်ယာမီသို့သွား၍ ကျနော်တို့ အိမ်ကို ပြင်စရာ ရှိတာ ပြင်ပေးသည်။ အားလုံး အဆင်သင့်ဖြစ်သောအခါ ကားကြီး ၂ စင်း၊ ကားလေး ၁ စင်းဖြင့် ကျနော်တို့ မိုင်ယာမီသို့ပြောင်းလာခဲ့သည်။ ကိုယ့်နိုင်ငံကိုယ် ပြန်ပြောင်း လာရသလို ခံစား ရသည်။
အပြည့်အစုံ ဆက်ဖတ်ရန်»