မြို့တော်ပုသိမ်ပရိသတ်များခင်ဗျာ….
မြို့တော်ပုသိမ် ပင်မဆိုက်ကို ၂၀၁၁ခုနှစ် သြဂုတ်လ ၂ ရက်၊ မြန်မာစံတော်ချိန် မနက် ၉ နာရီခန့်မှာ Hosting Server က ပိတ်လိုက်ပါတယ်။
ဆာဗာက ပိတ်လိုက်တဲ့ ဆိုက်တွေထဲမှာ ပုသိမ်မြို့တော် ပင်မဆိုက် (patheincity.com) ရော၊ မြို့တော်ပုသိမ် သတင်စဉ်ဆိုက် (Patheincity.com/news) အပါအဝင် ပုသိမ်မြို့တော် ပင်မဆိုက် (patheincity.com)အောက်မှာ လွှင့်တင်ထားသမျှ ဆိုက်အခွဲများ အားလုံး ပါဝင်သွားပါတယ်။
ဆာဗာမှ ပိတ်လိုက်ရခြင်း အကြောင်းအရင်းကို မသိရသော်လည်း server မှ status log များအား ကြည့်ခြင်းအားဖြင့် မြို့တော်ပုသိမ်ဆိုက်ကို ဝင်ရောက်လာတဲ့ Data Traffic တွေ ပုံမှန်အနေအထားထက် များစွာ များပြားနေတာကို တွေ့ရှိရပြီး ၎င်းတို့အထဲမှာ မလိုလားအပ်တဲ့ Data Traffic တွေပါဝင်နေတဲ့အတွက် ဆာဗာက ဆိုက်ကို ပိတ်သိမ်းလိုက်တယ်လို့ ယူဆရပါတယ်။
သြဂုတ်လ ၂ ရက် ည ၈ နာရီလောက်မှာ ပုသိမ်မြို့တော် ပင်မဆိုက် (patheincity.com)ကို ပြန်ပြီး Access လုပ်ခွင့်ရသော်လည်း မြို့တော်ပုသိမ် သတင်စဉ်ဆိုက် (Patheincity.com/news) ကို ဝင်လို့ မရ ဖြစ်နေခဲ့ပါတယ်။ သြဂုတ်လ ၃ရက်နေ့မှာ မြို့တော်ပုသိမ် သတင်စဉ်ဆိုက်ကို ပြည်ပနိုင်ငံများရှိ IP များနှင့် ပြန်ကြည့်၍ ရသော်လည်း ဆိုက်၏ Admin Panal ထဲကိုဝင်လို့ မရသေးသလို မြန်မာ IP တွေနဲ့ ဆိုက်ကို ကြည့်လို့မရ ဖြစ်နေကြောင်း သိရှိရပါတယ်။
မြို့တော်ပုသိမ် သတင်းစဉ် ဝိုင်းတော်သားတွေ အနေနဲ့ Hosting ကုမ္ပဏီနဲ့ ဆက်သွယ်ထားပြီး Admin Panal ထဲပြန်ဝင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ အခုလို အခြေအနေတွေကြောင့် သတင်းအသစ်များ လွှင့်တင်ပေးနိုင်ဦးမှာ မဟုတ်တဲ့အတွက် ကျေးဇူးပြု၍ သည်းခံပေးပါရန် မြို့တော်ပုသိမ် ပရိသတ်များကို သြဂုတ်လ ၃ရက်၊ ၂၀၁၁ က မြို့တော်ပုသိမ်သတင်းစဉ် Facebook စာမျက်နှာ ကနေ အသိပေး ကြေငြာခဲ့ပါတယ်။
သြဂုတ်လ ၅ရက်နေ့မှာ မြန်မာ IP အချို့မှာ ဆိုက်ကို ပြန်ဖွင့်လို့ရနေကြောင်း ပရိသတ်အချို့ထံမှ သိရသော်လည် မြန်မာ အင်တာနက်လိုင်း အများစုဖြင့် ဆိုက်ကို ဖွင့်လို့မရ ဖြစ်နေခဲ့ပါတယ်။
ထိုကဲ့သို့ မြန်မာပြည်တွင်းမှ ဖွင့်ခွင့်မရသည့် ပြဿနာအတွက် Hosting ကုမ္ပဏီအား ဆက်သွယ်၍ အကူအညီ တောင်းခံခဲ့ရာ Hosting ကုမ္ပဏီဘက်က မြို့တော်ပုသိမ် သတင်စဉ်ဆိုက်အား ဝင်ရောက်လာသည့် မလိုလားအပ်သော Data Traffic အဆမတန် များပြားနေသောကြောင့် သြဂုတ်လ ၂ရက်နေ့ တွင် ဆာဗာမှ ဆိုက်အား ရပ်ဆိုင်းထားပြီး မလိုလားအပ်သော Data Traffic များပို့လွှတ်သည့် IP များကို ခေတ္တ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ကြောင်း။ ၎င်းကဲ့သို့ ၂၄ နာရီခန့် ရပ်ဆိုင်းခဲ့ပြီးနောက် ဆိုက်အား ပြန်လည် လွှင့်တင်ခဲ့ကြောင်း၊ ၎င်းတို့ဘက်မှ IP ကန့်သတ်ချက် တစ်စုံတစ်ရာ ဆက်လက် ပြုလုပ်ထားခြင်း မရှိကြောင်း ပြန်ကြားခဲ့ပါတယ်။
သို့သော်လည်း မြို့တော်ပုသိမ် သတင်စဉ် ဝိုင်းတော်သားများ အသုံးပြုသော မြန်မာ့ဆက်သွယ်ရေး အင်တာနက်လိုင်းများတွင် ဆိုက်ကို Access လုပ်ခွင့် မရသောကြောင့် အကြောင်းအရာ အသစ်များ လွှင်တင်မှုကို သြဂုတ်လ လဆန်းပိုင်းမှ စတင်၍ ရပ်ဆိုင်းထားခဲ့ရပါတယ်။
ထိုကဲ့သို့ ဆိုက်အား ရပ်ဆိုင်းထားရစဉ် ကာလအတွင်း ပုသိမ်မြို့တော်နှင့် ပါတ်သက်သည့် မီးလောင်ကျွမ်းမှု သတင်းကဲ့သို့ အရေးကြီးဖြစ်ရပ်များအား အချိန်မီ လွှင့်တင်ပေးနိုင်ခြင်း မရှိသည့်အတွက် မြို့တော်ပုသိမ်သတင်းစဉ် ပရိသတ်များအား အနူးအညွှတ် တောင်းပန်အပ်ပါကြောင်း ဝမ်းနည်းစွာ ပြောကြားလိုပါတယ်။
မြို့တော်ပုသိမ် သတင်းစဉ် အနေဖြင့် သတင်းအသစ်များ ဆက်လက်လွှင့်တင်နိုင်ရန် ဆိုက်အား ပုံမှန်အတိုင်း Access လုပ်ခွင့်ရရှိသည့် အင်တာနက်လိုင်း အသစ် တစ်လိုင်းအား ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ ၂၀၁၁ ခုနှစ်တွင် စတင်အသုံးပြုခွင့် ရရှိခဲ့သောကြောင့် ယခင်အတိုင်း ဆိုက်အား ပြန်လည် လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်း မြို့တော်ပုသိမ်သတင်းစဉ် ပရိသတ်များအား လေးစားစွာ အသိပေးအပ်ပါသည်။
ကျေးဇူးတင်စွာဖြင့်
မြို့တော်ပုသိမ် သတင်းစဉ်
(စက်တင်ဘာလ ၁၉ ရက်၊ ၂၀၁၁ ခုနှစ်၊ မြန်မာစံတော်ချိန် ညနေ ၂ နာရီ ၁၀ မိနစ်)


















အလွန် ၀မ်းသာမိပါ၏။ သတင်းစုံတဲ့ ဧရာဝတီ့ ဂုဏ်ဆောင် ပုသိမ်မြို့တော်သတင်းစဉ် ဒီ့ထက်အောင်မြင်ပါစေ။ ကြော်ငြာ တွေလည်း အများကြီး ရပါစေ.. :)
Like or Dislike:
2
0
Much appreciated for the information and share!
Like or Dislike:
0
0