ဗီယမ်နမ်နိုင်ငံ တောနက်တွင်းတွင် တွေ့ရှိရသော ရင်သပ် ရှုမောဖွယ် မြင်ကွင်းများဖြင့် ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူကြီးမှာ အလွန်ရှည်လျားပြီး ယခုအထိ ထိုလှိုဏ်ဂူကြီး၏ အဆုံးတစ်ဘက်ကို ရှာမတွေ့သေးကြောင်း သိရသည်။
ဗီယမ်နမ် ဘာသာဖြင့် Hang Son Doong (တောင်ပေါ်မြစ်လှိုဏ်ဂူ) ဟု အမည်ရသည့် လှိုဏ်ဂူကြီးကို ၁၉၉၁ ခုနှစ်က ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကြီးမားသော လှိုဏ်ဂူကြီး အောက်ခြေမှ မြေအောက်မြစ်များ၏ ရေစီးသံများ ကြားနေရသောကြောင့် Hồ-Khanh ဟု အမည်ရသော ထိုတောတွင်း ဒေသခံမှာ ကြောက်လန့်ခဲ့သည်ဟု ဆိုသည်။
ဗီယမ်နမ် တောနက်အတွင်း ပျောက်ကွယ်နေသော Hang Son Doong လှိုဏ်ဂူကြီးသည် ဂူအခွဲပေါင်း ၁၅၀ ကျော်ပါဝင်ပြီး တစ်ခုနှင် တစ်ခု ဆက်နွယ်နေသော ကြီးမားသည့် ကွန်ယက်ဂူကြီးဖြစ်သည်။ ထိုဂူကြီးအား တွေ့ရှိရသည့် အကြောင်းကို ၂၀၀၉ ခုနှစ်အထိ အများပြည်သူအား အသိပေးဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။
၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ဗြိတိသျှ လှိုဏ်ဂူ သုတေသန အသင်းမှ သိပ္ပံပညာရှင်များဖြစ်သော Howard နှင့် Deb Limbert တို့ ဦးဆောင်သော အဖွဲ့သည် ဗီယမ်နမ်၏ အမျိုးသားဥယျာဉ် Phong Nha-Ke Bang ကို လေ့လာရင်း Hang Son Doong လှိုဏ်ဂူကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ Deb Limbert ၏ ပြောကြားချက်အရ အဆိုပါဂူကြီးသည် ဗီယမ်နမ်၏ အကြီးဆုံး လှိုဏ်ဂူဟု မူလက သတ်မှတ်ထားသော Phong Nha ဂူထက် ၅ ဆခန့် ပိုမိုကြီးမားသည်ဟု ဆိုသည်။
Hang Son Doong လှိုဏ်ဂူကြီး၏ ရှာဖွေတွေ့ရှိသော အကြီးဆုံး အပိုင်းသည် ၅ ကီလိုမီတာခန့် ရှည်လျားပြီး မီတာ ၂၀၀ (ပေ ၆၅၀ကျော်) မြင့်မားသည်။ အကျယ် မီတာ ၁၅၀ ရှိပြီး ထို အတိုင်းအတာများကြောင့် Hang Son Doong လှိုဏ်ဂူကြီးသည် ယခင်က ကမ္ဘာ့အကြီးဆုံး လှိုဏ်ဂူဟူသည့် အမည်ရရှိထားသော မလေးရှာနိုင်ငံမှ Deer ဂူကို သာလွန်သွားပြီဟု သိရသည်။
PatheinCity News | Source:Wikipedia

























very pretty. n interest this
Like or Dislike:
0
0
ခေါင်းစဉ်က တည်းက စာလုံးပေါင်းမှားတယ်…
http://www.burmastrangenews.com/2011/08/blog-post_04.html
Like or Dislike:
1
1
i wish to find the end of this cave…
Like or Dislike:
0
0