ဘန်ကောက် – ဇူလိုင် ၁၉. ၂၀၁၁
အမှတ် (၉) တပ်ရင်း၏ တပ်မှုး အပါအဝင် ၉ ဦးလိုက်ပါလာသော ထိုင်းတပ်မတော်ပိုင် Black Hawk အမျိုးအစား ရဟတ်ယာဉ် သည် အင်္ဂါနေ့ မွန်းလွဲပိုင်းက ထိုင် – မြန်မာ နယ်စပ်ရှိ Phetchburi ဒေသ အနီး မြန်မာနယ်နိမိတ် အတွင်းတွင် ပျက်ကျသွားကြောင်း ထိုင်းနှင့် နိုင်ငံတကာ သတင်းဌာနများက ဖေါ်ပြခဲ့သည်။
ထိုင်း စစ်ဒေသ အမှတ် ၁ ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး Thamanoon Withi အဆိုအရ ထိုစစ်ရဟတ်ယာဉ်သည် စတင်ထွက်ခွာပြီး မိနစ်၂၀အကြာ ဒေသစံတော်ချိန် ၁၁ နာရီ ၃၅ မိနစ်တွင် လေကြောင်း ထိန်းချုပ်ရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
အမှတ် (၉) တပ်ရင်းမှ တပ်မှုး ဗိုလ်ချုပ် Tawan Ruangsri နှင့် တပ်မတော် အရာရှိများသည် ထိုင်း – မြန်မာနယ်စပ် Ratchaburi ဒေသရှိ Kaeng Krachan အမျိုးသားဥယျာဉ်တွင် ပြီးခဲ့သော စနေ့နေ့က ပျက်ကျခဲ့သည့် Huey အမျိုးအစား ရဟတ်ယာဉ်မှ သေဆုံးသွားခဲ့သော စစ်သား ၅ ဦး၏ ရုပ်အလောင်းများအား ကြည့်ရှုစစ်ဆေးရန် တွက်ခွာခဲ့စဉ် ယခုကဲ့သို့ ထပ်မံ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ ထို စစ်ရဟတ်ယာဉ်တွင် ဒေသတွင်း ရုပ်သံဌာနမှ ရိုက်ကူးရေး ဝန်ထမ်းများလည်း လိုက်ပါသွားခဲ့ပြီး ၎င်းတို့၏ အခြေအနေကို ယခုထိ မသိရှိရသေးကြောင်း ထိုင်းတပ်မတော်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထိုင်းထပ်မတော်တွင် တာဝန် ထိမ်းဆောင်နေသော Black Hawk ရဟတ်ယာဉ် စုစုပေါင်း ၆ စင်းရှိကာ ယခုပျက်ကျမှုသည် ပထမဆုံး အကြိမ်ဖြစ်သည်ဟု သိရသည်။
PatheinCity News | Source:Xinhua


















