ဧရာဝတီတိုင်းဒေသကြီး မြို့တော်ပုသိမ်တွင် တည်ထားသည့် အထင်ကရ ဘုရားစေတီများတွင် တစ်ဆူအပါအဝင်ဖြစ်သော သမိုင်းဝင် ရွှေစည်းခုံ စေတီတော်မြတ်ကြီး၏ ထီးတော်ကြီးအား ရွှေသင်္ကန်း ကပ်လှူ ပူဇော်နိုင်ရေးအတွက် အလှူရှင်များ လိုအပ်နေကြောင်း သိရသည်။
သမိုင်းဝင် ရွှေစည်းခုံ စေတီတော်မြတ်ကြီးကို ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက် ရွှေစည်းခုံ ဘုရားလမ်းသို့ ဝင်သည်နှင့် အဝေးကပင် လှမ်းမျှော် ဖူးတွေ့နိုင်ပြီး ဘုရား ပရဝုဏ်အတွင်းတွင် ဥာဏ်တော် အမြင့် ၅၄ ပေရှိသော ဆယ်ထပ်ကြီးဘုရား ဗုဒ္ဓရုပ်ပွားတော်ကြီးကိုလည်း ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်သည်။


ရွှေစည်းခုံ စေတီတော်မြတ်ကြီးကို သက္ကရာဇ် ၁၂၀၄ ခုနှစ် ရွှေဘိုမင်း လက်ထက်တွင် ပုသိမ်မြို့ဝန်မင်းကြီး မင်းလှကျော်စွာမှ တည်ထားခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်၊ လက်ရှိ ဘုရားဂေါပကအဖွဲ့၏ ဥက္ကဋ္ဌ ဦးတင်ထွန်းလက်ထက်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ကျင်းပလာခဲ့ရာ ၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ စေတီတော်ကြီး၏ လာမည့် ၂၀၁၂ ခုနှစ်တွင် ကျင်းပမည့ှ်ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ထီးတော်ကြီးအား ရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် အလှူရှင်များ လိုအပ်လျက်ရှိရာ အဝေးရောက် ပုသိမ်သူ ပုသိမ်သားများ၊ ပြည်ပရောက် စေတနာရှင်များ နှင့် မြို့တော်ပုသိမ် ပရိသတ်များသည် သဒ္ဓါ တတ်အားသ၍ ပါဝင်လှူဒါန်းနိုင်ရန် ဖေါ်ပြလိုက်ပါသည်။
ဆက်သွယ်လှူဒါန်းရန် – ဦးတင်ထွန်း(ဥက္ကဋ္ဌ ၊ ရွှေစည်ခုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့)ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီးဖုန်း – ၀၉ ၄၉၇၁၈၄၅၉
PatheinCity News | Photo:ရွှေစည်ခုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့


















ဒါပုသိမ်မြို့ ရဲ့ကျက်သေ၇ဆောင် သမိုင်းဝင်ဘုရားပေါ့ ကြည်ညိုဖိုကောင်တယ်
Like or Dislike:
0
0