မော်စကို -ဇူလိုင် ၁၃. ၂၀၁၁
ရှရုနိုင်ငံသည် မြန်မာ့ မြို့တော်သစ် နေပြည်တော်တွင် မြေအောက်ရထား စီမံကိန်း တည်ဆောက်ခွင့် တင်ဒါ ရရှိခဲ့ကြောင်း အဆိုပါ စီမံကိန်း၏ ဗိသုကာအကြီးအကဲက ပြောကြားကြောင်း The Voice of Russia သတင်း ဝဘ်ဆိုက်တွင် ဇူလိုင်လ ၁၃ရက်နေ့က ဖော်ပြထားသည်။
ရုရှတို့သည် ဘူမိဆိုင်ရာ လေ့လာတိုင်းတာမှုများ နှင့် ဒီဇိုင်း ပုံစံထုတ်မှုများတွင် ကျွမ်းကျင်မှု ရှိကြပြီး ပြီးခဲ့သော နှစ်ဆန်းပိုင်းကလည်း အိန္ဒိယနိုင်ငံ၏ လူနေထူထပ်မှု အများဆုံးဖြစ်သော မဒရပ်မြို့တွင်လည်း ဒေါ်လာသန်း ၄၃၀ ခန့်ကုန်ကျမည့် မြေအောက်ရထားစနစ် တည်ဆောက်ရန် ရုရှကျွမ်းကျင်ပညာရှင်များနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မော်စကို မြေအောက်ရထား ဘူတာတစ်ခုအတွင် မြင်ကွင်း။ Photo:flickr.com
မြန်မာ့ မြို့တော် နေပြည်တော်တွင် တည်ဆောက်မည့် မြေအောက်ရထား၏ အရှည်ဆုံးပါတ်လမ်းမှာ ကီလိုမီတာ ၅၀ အထိရှည်လျားမည်ဖြစ်ပြီး လက်ရှိ ရုရှမြို့တော် မော်စကိုတွင် ပြေးဆွဲနေသည့် မြေအောက်ရထား၏ အရှည်ဆုံးပါတ်လမ်းမှာ ၁၅ ကီလိုမီတာသာ ရှိသည်။
PatheinCity News | Source:The Voice of Russia