အဝေးပျံငှက် – အပိုင်း (၇)
အဝေးပျံငှက် - အပိုင်း (၇)
ပန်းရိပ်နွယ်တွင် အလုပ်ဝင်ဖြစ်တော့ ဖြူ သည်အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးကပြလေသည်။ အနုပညာကို အဆန်းတကြယ်မကပြရလျှင်နေပါစေ။ မဖွယ်မရာတော့ မကနိုင်ပါ။ သင်္ကြန်သီချင်းဖြစ်စေဦး..ကကြိုး ကကွက် တွေကိုတော့ မခိုမကပ်သေချာ က ချင်သည်။ ဖြူ ခတ်ချင်လှသော ဗလာထမီလေးကတော့ တစ်ပတ်တွင် နှစ် ရက်သာအခွင့်ရသည်။ “သောကြာ၊ စနေ မြန်မာ့ယဉ်ကျေးမှု ဖျော်ဖြေ တင်ဆက်ပွဲ” တဲ့။ ဆိုင်ရှေ့မျက်နှာမှာ ပြူးပြူး ပြဲပြဲရေးထားသေးသည်။ သို့ငြား ဖြူ တို့စီစဉ်ခဲ့ရသော သီချင်းတို့၏ အဓိပ္ပာယ်၊ အနှစ်သာရကိုပင် ဦး အောင်ဘ ညို ခမျာ နားလည်ဟန်မတူပါ။ ဆရာကိုယ်တိုင် ရေးစပ်သီကုံးခဲ့သော “မြနှင်းဖြူ” ဟူသည့် နာမည်ပါဝင်သည့် သီချင်းကိုတော့ သဘောတွေ့ဟန်တူသည်။
“ကောင်းတယ်….မြူးတယ်..မြနှင်းဖြူ ကတာလည်း လှတယ် ”တဲ့
ဘာပဲဖြစ်ဖြစ် ဒီစကားတစ်ခွန်းလောက်နှင့် ဖြူ တို့ပန်းသမျှ ဖြေရပါသည်။ ဖြူ ကနေတာသည် မီးရောင်တော့ မီးရောင်အောက်ပင်။ သို့ပေမယ့် ညမို့ထိန်လင်းအောင် မီးရောင်ထွန်းထားရသည် မဟုတ်။ နေ့လည်ဘက်….. အတန်ငယ် အရိပ်ကျသော ဆိုင်အတွင်းပေမို့ အလင်းရောင်ခပ်ဖျော့ဖျော့သာ ပေးထားသော မီးရောင်အောက် စင်မြင့်ထက်ဆီမှသာ ဖြစ်သည်။ လက်ခုက်သြဘာသံတွေ ဟိန်းထအောင် မမျှော်လင့်သော်လည်း ဇွန်းသံ၊ ပန်းကန်သံ၊ စားပွဲဝိုင်းများမှ လည်ပြန်ခေါင်းများကိုတော့ များစေချင်သားပင်။ က ချင်လှသည် ဆိုသည့်တိုင် တစ်ကိုယ်တည်း စင်မြင့်ထက်တွင်ထက် ပရိသတ် သြဘာသံကိုတော့ ရရှိလှပါသည်။
အပြည့်အစုံ ဆက်ဖတ်ရန်»

















