နေပြည်တော်-May 6 , 2011
မြန်မာနိုင်ငံသည် ယခုနှစ် မတ်လတွင် အဆုံးသတ်သော ၂၀၁၀-၁၁ ဘဏ္ဍရေး နှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီမြုတ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ (ဒေါ်လာသန်းပေါင်း ၂ သောင်းကျော်) ကျော် ရှိပြီး ယခုနှစ် တစ်နှစ်တည်း ရင်းနှီမြုတ်နှံမှု တန်ဖိုးသည် ပြီးခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြား ရင်းနှီးမြုတ်နှံမှု တန်ဖိုး စုစုပေါင်းထက် သာလွန်ကြောင်း မြန်မာအစိုးရ၏ တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ယခုနှစ်အတွင်း နိုင်ငံခြား တိုင်းပြည်များမှ လာရောက် ရင်းနှီးမြုတ်နှံကြသော တန်ဖိုးများအနက် တရုတ်နိုင်ငံသည် အများဆုံးဖြစ်ကာ ရင်းနှီမြုတ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇.၇၅ ဘီလီယံရှိသည်။ ၎င်း၏နောက်တွင် ဟောင်ကောင် မှ ကန်ဒေါ်လာ ၅.၇၉ ဘီလီယံ ၊ တောင်ကိုရီးယားမှ ကန်ဒေါ်လာ ၂.၆၇ ဘီလီယံ၊ ထိုင်းနိုင်ငံမှ ကန်ဒေါ်လာ ၂.၁၄ ဘီလီယံ ၊ ဗြိတိန်မှ ကန်ဒေါ်လာ ၇၉၉ သန်း နှင့် စင်္ကာပူမှ ကန်ဒေါ်လာ ၂၂၆ သန်း အသီးသီး လာရောက် ရင်းနှီးမြုတ်နှံကြကြောင်း သိရသည်။
ရင်းနှီးမြုတ်နှံကြသည် ကဏ္ဍအလိုက် တန်ဖိုးမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် အများဆုံးဖြစ်ကာ အမေရိကန်ဒေါ်လာ ၁၀.၁၇ ဘီလီယံရှိပြီး ၎င်းနောက်တွင် လျပ်စစ်စွမ်းအား ထုတ်ယူရေး ကဏ္ဍအတွက် ကန်ဒေါ်လာ ၈.၂၁၈ ဘီလီယံ ၊ သတ္ထုတူဖော်ရေး ကဏ္ဍအတွက် ကန်ဒေါ်လာ ၁.၃၉၆ ဘီလီယံ နှင့် ကုန်ထုတ် လုပ်ငန်းများအတွက် ကန်ဒေါ်လာ ၆၆.၃၂သန်း အသီးသီး ဖြစ်ကြသည်။
အဆိုပါ စာရင်းဇယားများအရ နှိုင်ငံခြား ရင်နှီမြုတ်နှံမှုများကို လမ်းဖွင့်ပေးခဲ့သည့် ၁၉၈၈ ခုနှစ်မှစ၍ ယခုနှစ် မတ်လအထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီမြုတ်နှံမှု တန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၆.၀၅ ဘီလီယံ ရှိကြောင်း သိရသည်။
PatheinCity News | Source: livetradingnews

















