ပုသိမ်-April 25, 2011
ဧရာဝတီ တိုင်းဒေသကြီး မြို့တော် ပုသိမ်တွင် နွေရာသီ ခြောက်သွေ့သော ကာလဖြစ်သည့် ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက အချိန်အခါ မဟုတ် မိုးများ ရွားသွန်းပြီး လျှပ်စီး မိုးကြိုးများ ဖြစ်ပေါ်ကာ မိုးသက်လေပြင် ကျရောက်ခဲ့ကြောင်း သိရသည်။
ပူပြင်း ခြောက်သွေ့သော နွေရာသီကာလဖြစ်သော ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်၍ ပုသိမ်မြို့ပေါ်တွင် အချိန် အခါမဟုတ် မိုးသည်ထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့ရာ သည်းထန်သော မိုးကြောင့် မြို့ပေါ်ရှိ လမ်းအချို့တွင် ရေမြောင်းများ ပြည့်လျှံကာ ရေလွှမ်းမိုးမှု အချို့ ကြုံတွေ့ရခဲ့ရြ့ပီး မိုးကြိုးများလည်း ပစ်ခတ်ခဲ့သည်။
အဆိုပါ မိုးရွာသွန်းမှုနှင့် ပါတ်သက်၍ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းအထိ မုန်းတိုင်းဖြစ်ပေါ်နိုင်ခြေ မရှိသေးကြောင်း၊ လတ်တလော မြန်မာနိုင်ငံပေါ်တွင် ဖြစ်ပေါ်နေသော မိုးတိမ်တိုက်ကြီးကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များတွင်လည်း မိုးများရွာသွန်းနေကြောင်း ဒေါက်တာထွန်းလွင်၏ Myanmar Climate Change Watch ဝဘ်ဆိုက်တွင် ဖော်ပြထားကြောင်း သိရသည်။
“လောလောဆယ်မှာတော့ မိုးတိမ်တောင်တွေ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်း နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းတွေမှာ အားကောင်းကောင်း နဲ့ ဖြစ်ထွန်းနေတာကို (၂၅-၄-၂၀၁၁)ရက် နံနက်(၈း၃၀)နာရီ ဂြိုဟ်တုတိမ်ပုံတွေမှာ တွေ့နေရပါတယ်။ ဒါဆိုရင်တော့ မိုးကြိုးပစ်တာတွေ၊ လေဆင်နှာမောင်း ကျရောက်တာတွေ၊ လေပြင်းတိုက်တောတွေ။ နေရာကွက် မိုးကြီးတာတွေ ကိုသတိထားရပါလိမ့်မယ်။ အထူးသဖြင့် မွန်းလွဲ ညနေပိုင်းတွေမှာ ပိုဖြစ်တတ်ပါတယ်။ မိုးခြိမ်းသံကိုကြားရရင် ပိုသတိထားပါ” ဟု ဒေါက်တာထွန်းလွင် က Myanmar Climate Change Watch ဝဘ်ဆိုက်တွင် ရေးသား ဖော်ပြထားသည်။
PatheinCity News | Photo:Ak2o (PatheinCity.com)






















ရန်ကုန်မှာတော့ မိုးပဲအုံ့တယ်။.။ အခုထိမရွာသေးဘူး.။
Like or Dislike:
0
0
share..သွားပါတယ်…..၀ါးလုံးနဲ့တံတားကိုညွန်ပြနေတာက..ပြင်ဘို့သင့်ပြီဆိုတဲ့အကြောင်းလားဟင်င်င်င်င်င်..:PPP
Like or Dislike:
0
0
ဒါတော့ အမှန်ပါပဲ မြင်လိုက်ရတဲ့ပုံမှာသာမာန်ထက် ပိုပြီး ၀ိတ်များတဲ့ သူမျိုးတွေ ဆိုရင်ကျိုးပြီးကျနိုင်တယ်၊ ဘယ်နေရာလဲတော့ မသိဘူး၊ အဲဒီလိုနေရာမျိုးမှာ လူအသွားအလာများတယ်ဆိုရင်တော့ ပြင်ဖို့သင့်ပါတယ်လို့ အကြံပေးချင်ပါတယ် ဗျာ။
Like or Dislike:
0
0
ဟိဟိ ဟုတ် တယ်နော် ပြင် သင်. တယ် သိ လား နို.မို. ဖြတ်လျောကိရင်း ကျိုးကျ လို. ဟာ သ ဖြစ်နေဦး မယ်
Like or Dislike:
0
0
ဟုတ်တယ်နော် Gyitoolay..ရေ..ဘယ်နေရာလဲတော့သိဘူး..မြင်ဘူးသလိုလိုတော့ရှိတယ်..:P..သာမန်ထက် ၀ိတ်များတဲ့သူတွေကိုဖြတ်မလျောက်ခိုင်းနဲ့နော်..ခုန်ကျော်ခိုင်းးးးးးး
Like or Dislike:
0
0
ဆိုင်ကယ် ပလပ်မလုံရင်တော့ မဖြတ်နဲ့ နော် မြစ်လည်ရောက်သလို ခံစားသွားရမယ်
Like or Dislike:
0
0
ဆိုင်ကယ် ပလပ်မလုံရင်တော့ မဖြတ်နဲ့ နော် မြစ်လည်ရောက်သလို ခံစားသွားရမယ်
Like or Dislike:
0
0
သူငယ်ချင်းတွေသင်တန်းသွားနေတယ်…..ဘာမှမဖြစ်ပါစေနဲ့
Like or Dislike:
0
0
ခုဆိုပုသိမ်ဆိုရင်ကို ဘယ်ဟာဖြစ်ဖြစ် စိတ်ဝင်စားနေမိတယ်….ပုသိမ်စီးတီးကိုစိတ်ဝင်စားမိသောကြောင်……
Like or Dislike:
0
0
ပုသိမ်ပြန်အုံးမှ စိတ်ပူတယ် ကျမမွေးရာပုသိမ်မြို့လေး
Like or Dislike:
0
0