• အံ့သြစရာ ဖြစ်လောက်အောင် မျက်နှာသွင်ပြင် ပြောင်းလဲ စေမယ့် မိတ်ကပ်ပြင်ဆင်ပုံ

    မြို့တော်ပုသိမ် ပရိသတ်ကြီး မင်္ဂလာပါ။
    Smile တစ်ယောက်လည်း မြို့တော်ပုသိမ်ကို မရောက်တာ ကြလှပေါ့။ ဒီတစ်ပတ် ဖက်ရှင်စတိုင် ကဏ္ဍအတွက်တော့ အမျိုးသမီးတွေအတွက် အရမ်းအရေးပါတဲ့ အလှအပရေးရာ ပြင်ဆင်မှု တစ်ခုအဖြစ် အံ့သြစရာ ဖြစ်လောက်အောင် မျက်နှာသွင်ပြင် ပြောင်းလဲသွားစေမယ့် မိတ်ကပ်ပြင်ဆင်ပုံလေးကို တင်ဆက်လိုက်ပါတယ်။

    သီရိကိုကို ဆိုထားတဲ့ နေရာတကာဆိုတဲ့ သီချင်းလေးထဲကလိုပေါ့ Smile တို့ မိန်းကလေးတွေက အလှအပ မက်မောကြတာဟာ သဘာဝပါပဲ။ နဂိုရှိမှ နဂိုင်းထွက်မယ် ဆိုသလို လှဖို့ဆိုတာကလဲ ပင်ကိုသဘာဝ အလှရှိဖို့လိုအပ်သလို စတိုင်ကျကျ ပြင်ဆင်ထားတဲ့ အ၀တ်အစား အသုံးအဆောင်တွေ| မျက်နှာအပြင်အဆင်| ဆံပင်အပြင်အဆင် စတဲ့ အထောက်အကူတွေ အားလုံးပေါ်မှာ မူတည်နေပါတယ်။ သဘာဝအလှ အားနည်းတဲ့ သူတွေအတွက်လည်း ကိုယ့်ရဲ့ မျက်နှာပေါ်က ပင်ကိုမပြေပြစ်တာတွေကို မိတ်ကပ်အဆင့်ဆင့် ပြင်ဆင်ရင်း လှလှပပ မျက်နှာလေး ဖြစ်သွားအောင် ပြုပြင်ယူလို့ရပါတယ်။

    အခုတင်ပြလိုက်တဲ့ အခန်းကဏ္ဍ လေးကတော့ မျက်နှာလှပဖို ကိုအဓိကထားပြီး တင်ပြလိုက်ပါတယ်။ Smileတို့ မိန်ကလေးတွေမှာ အရေးအကြီးဆုံးက မျက်နှာပဲဖြစ်ပါတယ်၊ မိန်ကလေးတွေအတွက် မျက်နှာလှဖိုအတွက် မှန်ကန်တဲ့ မိတ်ကပ်ပြင်ဆင် ချယ်သပုံကလည်း အရေးကြီလှပါတယ်။

    အခု နမူနာ ပြထားတဲ မော်ဒယ် အမျိုးသမီးရဲ့မျက်နှာဟာ သာမန်ပါပဲ။ ဒါပေမဲ့ မိတ်ကပ် လိမ်းပြီတဲ့ အချိန်မှာတော့ ပြောင်းလဲသွားတဲ့ သူ့မျက်နှာလေးကို တွေရမှာဖြစ်ပါတယ်။ သူ့ရဲ့မိတ်ကပ်လိမ်းတဲ ပုံစံအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်နော်။

    အရင်ဆုံး မျက်နှာပေါ်ကအညစ်အကြေး တွေကင်းစင်အောင် မျက်နှာသစ်ဆပ်ပြာလေးနဲ့ သစ်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ မျက်နှာ ချောမွတ် စေဖိုနဲ့ ချွေးပေါက်မကျယ်စေဖို တိုးနာကို မျက်နှာပြင်မှာ ညင်ညင်သာသာလေး သုတ်လိမ်းပေး ရမှာပါ ။ ဒါမှ မိတ်ကပ်လိမ်းချယ်တဲ့ အခါမှာ မျက်ကပ်နဲ့ အသားနဲ့ဟာ တစ်ပြေးထဲဖြစ် နေမှာ ဖြစ်ပါတယ်။

    2 jpg

    ပြီးရင်တော့ မိတ်ကပ်ကို စတင်လိမ်းလို့ရပါပြီ။ ဒီမှာတော့ ဖောင်ဒေရှင်းအဖြစ် မိတ်ကပ်အရည် အသုံးပြုထားပါတယ်။ မိတ်ကပ်သုံး အခါမှာလဲ ကိုယ်အသားအရေနဲ့လိုက်ဖက်မဲ့အရောင်မျိုး ရွေးချယ်သုံးနိုင်ပါတယ်။  မိတ်ကပ်ကို မျက်နှာအနှံ မထူးမပါး လိမ်ရပါမယ်။

    3 jpg

    ပြီရင်တော့ မိတ်ကပ်မျက်နှာပြင် ညီညာစေဖို့နဲ့ ချောမွှတ်စေဖို ကို brush နဲ့ညှိပေးရမှာဖြစ်ပါတယ်။

    4 jpg

    ကဲဒါစိုရင် ချောမွတ်တဲ့ မျက်နှာလေး ကိုရရှိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ မပြီးသးဘူးနော် မိတ်ကပ်နဲ့ လိုက်ဖက်မဲ့ မျက်နှာပြင် ပေါ်လွင်စေမဲ့ မျက်လုံး ကိုလဲ ချယ်သရ ပါဦးမယ် ဒါမှလဲ ပြီးပြည့်စုံ တဲ့မျက်နှာလေးရရှိမှာဖြစ်ပါတယ်။

    5 jpg

    မျက်လုံး ကို ပေါ်လွင်စေဖို့ ပထမဦးဆုံး မျက်ခုံးကို အရောင်ပြေပြေလေး ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါမှသာမျက်နှာနဲ့ လိုက်ဖက်မှာဖြစ်ပါတယ်။ မျက်ခုံးမွေး ဆွဲပြီရင်တော့ မျက်လုံးအလှအတွက် eyeliner ကိုဆိုးရမှာပါ။ eyeliner ကိုတော့အနက်ရောင် ဒါမှမဟုတ် အညိုရောင် ပါးပါးလေးဆွဲရပါ့မယ် ဒါမှသာမျက်လုံး ပိုပေါ်လွင်မှာ ဖြစ်ပါတယ်။

    6 jpg

    eyelinerဆွဲပြီ ရင်တော့ ပြီပြည့် စုံပြီလှပတဲ့မျက်ဝန်တစ်စုံ ရရှိဖို့ မျက်တောင်တုလေးတွေကို သပ်သပ်ရပ်ရပ် ဂရုတစိုက် တပ်ဆင်ရပါမယ်။

    7 jpg

    လိုအပ်ရင် မျက်ဝန်းပုံစံကျဖို့ မျက်ရစ်ဖော်တဲ့ ကိရိယာကိုသုံးပြီး မျက်ရစ်ဖော်နိုင်ပါတယ်။

    10 jpg

    ကဲ နောက်ဆုံးအဆင်တစ်ခုပဲကျန်ပါတော့တယ် အဲဒါကတော့နှုတ်ခမ်လေးကို စိုပြေစေပြီ ပေါ်လွင်အောင် နှုတ်ခမ်းအေ၇ာင် တင်ပေးရပါမယ် နှုတ်ခမ်းပေါ်လွင်စေဖို ပန်းဆီ ရောင်နုနုလေးတက်ပေးရပါ့မယ်။ ပြီရင် နှုတ်ခမ်းလေး ပိုမိုလွင်အောင် နှုတ်ခမ်အနားသတ်လေးကို အရောင်ဖျော့လေးနဲ့ ထပ်ပြီး ပုံစံချပေး ရမှာဖြစ်ပါတယ်။

    9 jpg

    အားလုံးပြီးပြီဆိုရင်တော့ လှပပြီး ပြည့်စုံတဲ့ မျက်နှာလေး တစ်ခုကို ပိုင်ဆိုင် နိုင်ပြီ ဖြစ်ပါတယ်။

    12 jpg

    13 jpg

    15 jpg

    16 jpg

    1 jpg

    ကြည့်ပါဦး။ မျက်နှာသွင်ပြင် ဘယ်လောက် ကွာခြားသွားပြီလဲဆိုတာ။ နေရာတစ်ကာ မိတ်ကပ်အဖွေးသားကြီးနဲ့ မသင့်တော့်သလို နေရာတိုင်းမှာလည်း သနားခါး ပါးကွက်ကြားနဲ့ အဆင်မပြေပြန်ပါဘူး။ မိန်ကလေးတစ်ယောက်အတွက် မိတ်ကပ်ကို သူ့နေရာနဲ့သူ စနစ်တကျ အသုံးချတတ်မယ်ဆိုရင် ပင်ကို မပြေပြစ်တာတွေ တော်တော်များများကို ပြေပြစ် ချောမောသွားအောင် ပြုပြင်နိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။

    မြို့တော်ပုသိမ်ပရိသတ်များ စတိုင်ကျ လှပနိုင်ကြပါစေ။

    စမိုင်း | PatheinCity News | ဖက်ရှင်စတိုင်

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Friday, April 22nd, 2011 at 12:23 pm and is filed under ဖက်ရှင်စတိုင်. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 6 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. dracular
      Apr 23rd
      Reply

      အားပါးပါး နဂိုနဲ့ကွာသွားတယ် လန်းတယ်ဗျ

      Like or Dislike: Thumb up 0 Thumb down 0

    2. kay
      May 19th
      Reply

      အဲလို မိတ်ကပ်ကို လိုခြင်လိုက်တာ

      Like or Dislike: Thumb up 0 Thumb down 0

    3. lamin
      Jun 20th
      Reply

      ဒါဆိုသူကမိတ်ကပ်အမြဲလိမ်းနေမှလှမှာပေါ့
      အားပါးပါးမိတ်ကပ်ဖိုးနဲ့မွဲရချေရဲ့

      Like or Dislike: Thumb up 0 Thumb down 0

    4. Jun 22nd
      Reply

      so amazing!

      Like or Dislike: Thumb up 0 Thumb down 0

    5. WAI
      Jul 30th
      Reply

      သဘာ ၀ပဲ ကောင်း ပါတယ်

      Like or Dislike: Thumb up 1 Thumb down 0

    6. ei
      Aug 9th
      Reply

      so different before make up

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: