စင်္ကာပူ- April 21, 2011
အချိန်ကာလ ၄ နှစ်ခန့် ကျန့်ကြာပြီးနောက် စင်္ကာပူနိုင်ငံ၏ ပြည်တွင်းပညာရှင်များ တီထွင်ထားသော ပထမဆုံး ဂြိုလ်တုကို အိန္ဒိယနိုင်ငံရှိ အာကာသ စခန်းမှတစ်ဆင့် လွတ်တင်နိုင်လိုက်ပြီ ဖြစ်ကြောင်း စင်္ကာပူ မီဒီယာများက ဖော်ပြခဲ့ကြသည်။
အလေးချိန် ၁၅၀ ကီလိုဂရမ်ရှိပြီး ရေခဲ့သေတ္တာအရွယ် X-Sat ဂြိုလ်တုသည် Isro’s Polar Satellite Launch Vehicle (PSLV-C16) ဒုံပျံဖြင့် အိန္ဒိယနိုင်ငံ Satish Dhawan အာကာသ စခန်းမှ ဧပြီလ ၂၀ရက် ဗုဒ္ဓဟူးနေ့က လွတ်တင်လိုက်ဖြင်း ဖြစ်ပြီး အဆိုပါ ဂြိုလ်တုကို မြေမျက်နှာပြင် အနေအထား လေ့လာ တိုင်းတာချက်မျာအတွက် ဓါတ်ပုံများရိုက်ကူးခြင်းနှင့် ကမ္ဘာ့ သဘာဝပါဝန်းကျင် ပြောင်းလာခြင်း တို့ကို လေ့လာရန် အသုံးပြုမည်ဟု စင်္ကာပူ၏ ဒေသတွင်း သတင်းမီဒီယာ The Straits Times မှ ဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီ ၄၂ မိနစ်က လွှတ်တင်လိုက်သော X-Sat ဂြိုလ်တုသည် ၁၉၉၄ ခုနှစ်က စတင် အသုံးပြုခဲ့သော PSLV ဒုံးပျံ၏ ၁၈ ကြိမ်မြောက် အောင်မြင်စွာ လွတ်တင်နိုင်သော ဂြိုလ်တုလည်း ဖြစ်သည်။
X-Sat ဂြိုလ်တုကို စင်္ကာပူ နမ်ယမ်း နည်းပညာ တက္ကသိုလ် နှင့် စင်္ကာပူ ကာကွယ်ရေး ဝန်းကြီးဌာန၏ DSO အမျိုးသား သုတေသန ဌာနတို့ ပူပေါင်းပြီး ပုံစံထုတ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာပါတ် လမ်းကြောင်းထဲ ရောက်ရှိနေပြီးဖြစ်သော ဂြိုလ်တုသည် နမ်ယမ်း နည်းပညာ တက္ကသိုလ်ရှိ မြေပြင် ထိမ်းချုပ်ရေး စခန်းနှင့် စတင် ဆက်သွယ်လျက်ရှိပြီး ၎င်း၏ လုပ်ငန်းတာဝန်များ စတင်လည်ပါတ်ရန် သီတင်းတစ်ပါတ်ခန့် အချိန်ယူရဦးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုလ်တု လွှတ်တင်ရေး စီမံကိန်းအတွက် စင်္ကာပူ သိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများသည် ၉ နှစ်ခန့် အပြင်းအထန် ကြိုးစားခဲ့ရပြီး စင်္ကာပူနိုင်ငံသည် အရှေ့တောင် အာရှတွင် ပထမဆုံး ကိုယ်ပိုင်ဂြိုလ်တုကို အာကာသတွင် လွတ်တင်နိုင်သော နိုင်ငံဖြစ်လာခဲ့သည်။ စင်္ကာပူ၏ ယခင်လွတ်တင်ခဲ့ပြီးသော ဂြိုလ်တုများသည် နိုင်ငံခြား ကုမ္ပဏီများ အကူအညီဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
PatheinCity News | Source:Xinhua


















အားကျ လိုက်တာ ………………ဘယ်တော့များမှဖြစ်မလဲနော်ဒီလို…………………
Like or Dislike:
1
0
Nice piece. But it should be The Straits Times, not Straits Times. Beware of accuracy.
Like or Dislike:
0
0
Thank you so much, Chan
Error Fixed.
Like or Dislike:
0
0