ငွေဆောင်ကမ်းခြေ အပန်းဖြေ စခန်းကို ၂၀၀၀ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အသာယာဆုံးနှင့် ချစ်စရာအကောင်းဆုံး ကမ်းခြေတစ်ခုဖြစ်သည်။ ပုသိမ်မြို့မှ အနောက်ဘက်သို့ ၄၈ ကီလိုမီတာ(၃၀) မိုင်ခန့် ကွာဝေးပြီး ဘင်္ဂလားပင်လယ်အော်သို့ မျက်နှာမူလျက်ရှိပါသည်။
ချစ်သူများကျွန်းသည် ငွေဆောင်ကမ်းခြေ၏ တဘက်ခြမ်းတွင် လှမ်းတွေ့မြင်နိုင်သော ကျွန်းဖြစ်ပြီး၊ ဒီရေကျချိန်တွင် လမ်းလျှောက်သွားနိုင် ပါသည်။ ရေတက်ချိန်တွင် လှေများဖြင့် သွားနိုင်သည်။ ကျွန်ပေါ်ရှိ ကျောက်ဆောင်ပေါ်တွင် ရေသူမရုပ်ထုရှိပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးနိုင်ကြသည်။ ကျွန်းပေါ်တွင် တောင်ကလပ်တစ်ခုရှိ၍ တောင်ပေါ်မှ နေဝင်ချိန်ရှခင်းကို မြင်တွေ့ရခြင်းသည် အလွန်ပြီးပြည့်စုံသည့် သဘာဝအလှတစ်ခု ဖြစ်သည်။
ကြည်လင်ပြီး အပြာရောင်ရှိသည့် ပင်လယ်ပြင်၊ ဖြူဖွေးသည့် လှိုင်းလုံးများ၊ လှပသည့် သဲသောင်ပြင်များနှင့် သဘာဝအတိုင်း ညစ်ညမ်းမှုကင်းစင်သည့် ပတ်ဝန်းကျင်များရှိသော ငွေဆောင်ကမ်းခြေ နှင့် ချစ်သူများကျွန်းသည် အားလပ်ရက်အနားယူ အပန်းဖြေမည့်သူများအတွက် အမှန်တကယ် ရွေးချယ်ပြီး သွားရောက်သင့်သည့် နေရာတစ်ခု ဖြစ် သည်။
PatheinCity News | Photo:AK2O (PatheinCity.com)
























သာယာတယ်ဗျာ သွားချင်တယ်
Like or Dislike:
1
0
တစ်ခေါက်လောက်တော့သွားချင်တယ်ဗျာ…ချစ်သူလေးနဲ့ဆိုပိုကောင်းပေါ့..ပိုက်ဆံစုနေတယ်….
Like or Dislike:
1
0
I would like to suggest to reconstruct the new tower on that island.
Like or Dislike:
0
0
I like very interesting the beach,i would like to visiting together with friend.
Like or Dislike:
1
0
လှလိုက်တာနော်……….
Like or Dislike:
1
0
သူငယ်ချင်းတွေနဲ.အတူတူသွားရရင်သိပ်ကောင်းမှာပဲ
Like or Dislike:
1
0
လှလိုက်တာ……..သူနဲ့သာအတူတူသွားရရင်အရမ်းပျော်ဖို့ကောင်းမှာပဲ
သွားချင်လိုက်တာ……….
Like or Dislike:
1
0
သယ်ရင်းတွေနဲ့ အတူတူသွားချင်လိုက်တာ…….
Like or Dislike:
0
0