အာရှ နှင့် တရုတ်ထိပ်တန်း အနုပညာရှင်များ ဖြစ်သော ဂျက်ကီချမ်း နှင့် Wonder Girl ကဲ့သို့သော အာရှစတား အများအပြားသည် ဂျပန်ငလျင်နှင့် ဆူနာမီဘေး ခံစားရသော ဒုက္ခသည်များကို ကူညီရန် ၃ နာရီခန့် ကြာမြင့်သော ဂီတရန်ပုံငွေပွဲတစ်ခုကို ဟောင်ကောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကမ္ဘာကျော် အက်ရှင်စတာ ဂျက်ကီချမ်းက အဆိုပါပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်သီဆိုသော အနုပညာရှင်များနှင့် ပရိသတ်က ဂျပန်နိုင်ငံ၏ ကြေကွဲဖွယ် သဘာဝ ဘေးအန္တရယ်ဆိုးကြီးအတွက် ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် ခေတ္တ ငြိမ်သက်ခဲ့ကြသည်။ ထို့ပြင် ဖျော်ဖြေပွဲ၏ အထိမ်းအမှတ်သီချင်းဖြစ်သော ကဗျာဆရာ Kenji Miyazawa ၏ ကဗျာကို အခြေခံ ရေးစပ်ထားသော Succumb Not to Sorrow သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။

ဂီတ ရန်ပုံငွေပွဲ၏ လက်မှတ်ကိုင်ဆောင်သူများကို တစ်ဦးလျင် အနည်းဆုံး ဟောင်ကောင်ဒေါ်လာ ၂၀ စီ (အမေရိကန် ၂ ဒေါ်လာ ခွဲခန့် ) ပါဝင်လှူဒါန်းရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။

Aaron-kwok

Charlene Choi

Jackie Chan

Andy Lau


Joey Yung

Kwon Sang Woo

Masao Sen Masatoshi Nakamura

Richie Jen

Wonder Girls


PatheinCity News | Source:AsianTown


















မြန်မာပြည် မှာလဲ အနုပညာ၇ှင် တွေကပဒေသာ ကပွဲတွေ လုတ်ပြီ ရန်ပုံငွေ၇ှာပြီ တက်နိုင်သမျှကူညီပေးနေပါတယ်ခင်ဗျာ
Like or Dislike:
1
1
Thanks for posting this article. I am definitely tired of struggling to find relevant and intelligent commentary on this subject. Everyone nowadays goes to the very far extremes to either drive home their viewpoint of that everybody else in the globe is wrong. Thanks for your consise and relevant insight.
Like or Dislike:
1
0