ဖက်ရှင်ပြပွဲများ၌ မီးရောင် ပြိုးပြိုးပျက်ပျက်များ အောက်တွင် ထီမထင်သော မျက်နှာထားဖြင့် ကြွကြွရွရွ လမ်းလျောက်ပြသွားကြသော ဖက်ရှင် မော်ဒယ်များကို မကြာခဏဆိုသလို မြင်တွေ့ကြရပေမည်။
မိမိကို လူတစ်ယောက် စိုက်ကြည့်လျင်ပင် မနေတတ် မထိုင်တတ် ဖြစ်တတ်သော လူ့သဘာဝ ရှိပေရာ လူ ရာပေါင်းများစွာ ဝိုင်းကြည့်နေသော အချိန်မျိုးတွင် ချောမွတ်နေသော လျောက်လမ်း တစ်လျောက် ချွန်ထက်မြင့်မားသော ဒေါက်ဖိနပ်များအား စီးကာ လှလှပပ လမ်းလျောက်နိုင်သည်မှာ တော်ရုံလေ့ကျင့်မှုဖြင့် မရနိုင်သော အလုပ်တစ်ခုလည်းဖြစ်သည်။
သို့သော် ဖက်ရှင်မော်ဒယ် တစ်ဦးအနေဖြင့် မည်မျှပင် လေ့ကျင့်ထားစေကာမူ မတော်တဆဟူသော အခြေအနေမျိုးလည်း ရှိတတ်သေးရာ Catwalk လျောက်ရင်း လူအများရှေ့ မှောက်လျက်လဲရသည့် အဖြစ်မျိုးလည်း ဖက်ရှင်လောကတွင် မကြာခဏ ကြုံတွေ့ရတတ်ပါသေးသည်။
ကြည့်ရှုသူအဖို့ ရယ်ရွှယ်ဖွယ်ရာ မြင်ကွင်း တစ်ခုဖြစ်သော်လည်း Catwalk လျောက်ရင်း လဲကျရသည့် မော်ဒယ်တစ်ဦး အဖို့ လဲကျသည့် အရှိန်ကြောင့် ကိုယ်ခန္ဒာ ထိုခိုက်နာကျင်မှု အပြင် လူများစွာ၏အမြင် ၊ ကင်မရာ များစွာ၏ ရိုက်ကူး မှတ်တမ်းတင်မှု အောက်တွင် အရှက်ရနာကျင်မှု နှင့် နောက်ကွယ်မှ နာမည်၊ အမှတ် နှင့် Impression ကျဆင်းမှု စသည်တို့ကိုပါ ခံစားကြရပြန်သည်။
ထို့ကြောင့် အချို့က ဖက်ရှင်မော်ဒယ် အလုပ်အား အန္တရယ်နှင့် မကင်းသော အလုပ်ဟု ဆိုကြသည်။ ယခုတစ်ကြမ် Catwalk တွင် လျောက်လမ်း တစ်လျောက် ထီမထင်သော မျက်နှာထားဖြင့် ကြွကြွရွရွ လျောက်ပြနိုင်သော်လည်း နောက်တစ်ကြိမ်တွင် မည်သို့မည်ပုံ ကြုံရမည်ကို မည်သူမျှ ကြိုသိနိုင်မည် မဟုတ်ပေ။
မော်ဒယ်များ၏ Catwalk လျောက်ရင်း မတော်တဆ ချော်လဲကြပုံများကို PatheinCity News ပရိသတ်များအတွက် ဖက်ရှင် မော်ဒယ် (သို့မဟုတ်) အန္တရယ်နှင့် မကင်းသော လုပ်ငန်းခွင် ဟူ၍ ဖော်ပြခဲ့ဖူးရာ ယခုအခါ အပိုင်း (၂) ကို ဆက်လက် ဖော်ပြလိုက်ပါသည်။















PatheinCity News | Source: sessionmagazine.com


















ဒါမျိုးတွေက ဖက်၇ှင်ပွဲ တွေမှာခဏခဏဖြစ်တက်ပါယ် သတိထားသင့်တဲ့အရာပေါ့
Like or Dislike:
2
1
ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။
Like or Dislike:
2
0