အဝေးပျံငှက် အပိုင်း (၄)
ဖြူ့ရင်သည် တဒိတ်ဒိတ် ခုန်နေသည်။ လက်ဖျားသည် ချွေးစေးတို့ဖြင့် စေးထန်းလျှက်၊ ခြေလှမ်း ကို တတ်နိုင်သမျှ သွက်ရင်း မောဟိုက်လာသလိုပင်၊ ပတ်ဝန်းကျင်သည် အမှောင်ထုကို ကြောက်လန့်ဖွယ် ရာ ၀ါးမြိုထားသည်။ ဖြူသည် အမှောင်ရိပ်ကို တစ်ချက်စိုက်ကြည့်ရင်း နောက်ကိုလည်ပြန် လှည့်ကြည့်မိ ပြန်သည်။
ဘုရားသိကြားမလို့ ဖေဖေတို့ မသိကြပါစေနဲ့ဦး။ သည်အချိန်မှာ ဖြူ့ကိုတွေ့သွားလျှင် ဖေဖေ့ ဒေါသက မတွေးဝံ့စရာ၊ ဖြူ အပြီးထွက်လာတာ မဟုတ်ပါဘူး ဖေဖေ၊ တစ်နှစ်လောက် ပွဲကပြီးရင် ဖြူ အိမ် ပြန်လာမှာပါ။ ပြီးရင်ဖေဖေ့ စိတ်ကြိုက် ဘွဲ့နှစ်ခု ယူပေးမယ်လေ၊ ဖြူ ကျောင်းဆရာမလေး ဒါမှမဟုတ် သူနာ ပြုဆရာမလေး လုပ်မှာပေါ့။
မေမေလည်း သိပ်ငိုမနေနဲ့ဦး ဖြူပြန်လာတဲ့အခါကျ မင်းသမီးလေး မြနှင်းဖြူရဲ့ အောင်မြင်မှုတွေကို မေမေ့ ကို တဖွဲ့တနွဲ့ပြောပြနေမှာ။ အဲဒီအခါကျ မေမေပြုံးနေရမှာပါ နော့ ….. သမီးငယ်ငယ်က သီချင်းဆိုပြီး က ပြရင် မေမေပြုံးတဲ့ အပြုံးမျိုးနဲ့ပေါ့။
မမကြီးကကော ဖြူ့ကို လွမ်းနေမှာလား၊ တဖျစ်တောက်တောက် ပြောနေဦးမည် ထင်တာပဲ။ မောင် ငယ်ကတော့ သူ့မမလေးကို မေးနေတော့မှာပဲ။ ကြာတော့လည်း ရိုးသွားမှာပါ၊ သိပ်လည်းမကြာပါဘူး။ မမလေး ပြန်လာမှာပါ၊ မောင်ငယ့်ကိုသီချင်းဆိုသိပ်ဦးမှာ။
ခပ်လှမ်းလှမ်းတွင် ထွက်ခွာဟန်ပြင်နေသော ကားကိုမြင်ခိုက် ဖြူ အားတက်သွားသည်။ ခြေလှမ်းကို ဖြူ သွက်လိုက်သည်။ ကားနှင့် မှီလုမှီခင်မှာပင် ကားကစက်နှိုးကာ ထွက်ခွာစ ပြုနေသည်။ ဖြူ့ရင်သည် ဒိန်းကနဲ ဖြစ်သွားသည်။ မောဟိုက်နေသည့် ကြားမှပင် အားစိုက်ကာ ဟစ်အော်ရပြန်သည်။
“ခဏနေကြပါဦး”
အပြည့်အစုံ ဆက်ဖတ်ရန်»