ရန်ကုန်-March 24, 2010
မတ်လ ၂၄ ရက် ကြာသပတေးနေ့ ညပိုင်းက မြန်မာနိုင်ငံ နယ်စပ်တွင် လှူပ်ခတ်ခဲ့သော ပြင်းအား ၇.၀ ရှိ အင်းအားပြင်း မြန်မာ ငလျင်ကြောင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တာချီလိတ် တာပင် ဒေသတွင် တောင်ပြိုခြင်း နှင့် အဆောက်အအုံများ ပြိုကျခြင်းများ ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
မြန်မာ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက် အရ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ည ၈ နာရီ ၂၉ မိနစ် (ကမ္ဘာစံတော်ချိန် ၁၃ နာရီ ၆၉ မိနစ်) တွင် ရှမ်းပြည်နယ် လွယ်မွေရွာ အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ငလျင်၏ ဗဟိုချက်မှာ မြေအောက် ၁၀ ကီလိုမီတာ အကွာတွင် ဖြစ်ပြီး မြန်မာ၊ ထိုင်း နှင့် လာအို နယ်စပ်တစ်လျောက် ပြင်းထန်စွာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်ဖြစ်ပွားပြီး နောက်ထပ် ၂ နာရီခန့်အကြာတွင် ပြင်းအား ၅.၄ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု အဆိုပါ ဒေသတွင်ပင် ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်သည် မြန်မာနိုင်ငံအတွင်း နေရာတော်တော်များများကို ထိခိုက်ခဲ့ပြီး နယ်စပ်မြို့ တာချီလိတ် တွင် အပြင်းထန်ဆုံး ဖြစ်ကာ တောင်ကြီး၊ ပဲခူး ၊ ရွှေကျင် ၊ နေပြည်တော် ၊ မန္တလေး နှင့် တောင်ငူမြို့များတွင်လည်း ငလျင်လှုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသည်။ တာချီလိတ်ရှိ တာဝန်ရှိသူများက အများပြည်သူများအား မိမိတို့ အဆောက်အအုံ အပြင်ဘက်တွင် ထွက်နေကြရန် နှိုးဆော်ခဲ့သည်။

ထိုင်းမြန်မာ နယ်စပ်ရှိ ငလျင်ဘေးသင့် ဒုက္ခသည်များ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံရစဉ်။ Photo:AFP
မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်တွင်မှု ငလျင်လှုပ်ခတ်မှုကို ဖြည်းညှင်းစွာ တွေ့ကြုံခဲ့ကြောင်း လူအများစုသည် ၎င်းတို့ အိမ်ယာများ အပြင်ဘက်တွင် ထွက်နေကြကြောင်း မြို့နေပြည်သူတစ်ဦးက ဆိုပါသည်။
အဆိုပါ အင်အားပြင်း ငလျင်သည် ထိုင်းနိုင်ငံ ၊ တရုတ်နှင့် ဗီယမ်နမ် နိုင်ငံများကိုလည်း ထိခိုက်ခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့တော်တွင် အဆောက်အအုံ ပြိုကျပြီး လူတစ်ဦးသေဆုံးခဲ့သည်။
ငလျင်သည် ၇၇၂ ကီလိုမီတာ အဝေးတွင်ရှိသော ဘန်ကောက်မြို့တော်ကိုလည်းလှုပ်ခတ်ခဲ့ပြီး အဆောက်အအုံများ လှုပ်ရမ်းနေသည်ကို မြင်တွေ့ရကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ အမေရိကန် ဘူမိဗေဒဆိုင်ရာ တိုင်းတာရေးဌာနက ငလျင်ပြင်းအားကို မူလက ၇.၀ ဟု ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ၆.၈ ဟု ပြင်ဆင်ခဲ့သည်။
PatheinCity News | Source:Xinhua | Photo:AFP


















အခုတစ်လော
ဘာတွေဖြစ်တောလဲ မသိဘူးနော် တစ်ခုပြီတစ်ခုဖြစ်နေတာပဲ
Like or Dislike:
1
0