အမေရိကန် ရေတပ်တွင် အသုံးပြုရန် ထုတ်လုပ်ထားသည့် ထိမ်းချုပ်မောင်းနှင့်မည့်သူ မလိုအပ်ပဲ ပျံသန်းနိုင်သည် ဟုဆိုသော X-47B မောင်းသူမဲ့ ကိုယ်ပျောက် ဗုံးကျဲလေယဉ်သစ်ကို ကယ်လီဖိုးနီးယားရှိ Edwards လေတပ်စခန်း ဌာနချုပ်တွင် ပထမဆုံး အကြိမ် စမ်းသပ်ပျံသန်းခဲ့ရာ ပျံသန်းမှု အောင်မြင်ခဲ့ကြောင်း သိရသည်။
ထိုစီမံကိန်း အောင်မြင်ပါက လေကြောင်းပျံသန်းမှု သမိုင်းတွင် ကြီးမားသော ပြောင်းလဲ တိုးတက်မှုဖြစ်သည်ဟု ဆိုသည်။ ထိုလေယဉ်ကို မျှော်မှန်းထားသည့် အတိုင်း အသုံးပြုနိုင်ပါက လေကြောင်းတိုက်ပွဲများတွင် လူသား လေယဉ်မှုးများကို ရှေ့တန်းသို့ စေလွှတ်တိုက်ခိုက်သည့်ခေတ် ကုန်ဆုံးသွားဖွယ်ရှိသည်ဟု ဆိုသည်။



သို့သော် X-47Bကို စမ်းသပ်ပျံသန်းမှု များစွာ ပြုလုပ်ရဦးမည် ဖြစ်ပြီး တိုက်လေယဉ် ထုတ်လုပ်နိုင်သည့် အဆင့်ရောက်ရှိရန်လည်း ကြိုးပမ်းရဦးမည် ဖြစ်သည်။
X-47B သည် လက်ရှိအားဖြင့် ထိပ်တန်းအဆင့် နည်းပညာဖြစ်ကာ ဒေါ်လာ ၆၉၅.၈သန်း အကုန်အကျခံပြီး ၆ နှစ်ကြာ တည်ဆောက်ခဲ့သော အဆိုပါလေယဉ် စီမံကိန်းသည် လာမည့် ၂၀၁၃ တွင် ပြီးစီးမည်ဖြစ်သည်။


ပျံသန်းနေသည့် သုံးမြောင့်ချွန်တစ်ခု ကဲ့သို့ ပုံစံထုတ်ထားသည့် X-47B ကို ရေဒါဖြင့် ဖမ်းယူနိုင်ခြင်း မရှိသကဲ့သို့ အနီအောက် ရောင်ခြည်အသုံးပြု ဒုံးကြည်များနှင့်လည်း မပစ်လွှတ်နိုင်ဟု ဆိုသည်။



X-47B သည် အာရုံခံ sensor ကိရိယာ အမျိုးမျိုးကို အသုံးပြုကာ သတ်မှတ်ထားသော နေရာများသို့ အလိုလျောက် ထွက်ခွာပျံသန်းနိုင်ပြီး အဝေးမှ လေယဉ်မှုးက ညွှန်ကြားချက် ပို့လိုက်သည်နှင့် လမ်းညွှန်ချက်အတိုင်း ပစ်မှတ်သို့ တိကျစွာ ဗုံးကျဲ တိုက်ခိုက်ကာ လေတပ်စခန်း သို့မဟုတ် လေယဉ်တင် သင်္ဘောပေါ်သို့ အလိုလျောက် ပြန်လာနိုင်ကြောင်း သိရသည်။
PatheinCity News | Source:cbsnews.com


















very good
Well-loved. Like or Dislike:
4
0