• ပုသိမ်မြို့တော်တွင် နိဂြောဓါ ဗျာဒိတ်ပေးဘုရား လှည့်လည်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

    ပုသိမ်- ၆ ဖေဖေါ်ဝါရီ ၊ ၂၀၁၁

    ပုသိမ်မြို့တော်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သော အချိန် (၂)လကျော်ကြာ ကျင်းပသည့် နိဂြောဓါ ဗျာဒိတ်ပေးဘုရား ပွဲတော်ကြီး၏ မြို့လုံးကျွတ် လှည့်လည်ပွဲကို ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် ကျင်းပရာ မြို့ပေါ်ရှိ ရပ်ကွက်အသီးသီး လမ်းအသီးသီးမှ ပါဝင်ကာ စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြောင်း သိရသည်။

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the1.jpg

    ရှေ့ဆုံးမှ နိဂြောဓါ ဗျာဒိတ်ပေးဘုရားကြီး လှည့်လည် အပူဇော်ခံစဉ်။ Photo:Ak2o

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the2.jpg

    မဟာဗန္ဒုလ လမ်းမကြီး တစ်လျောက် မြင်တွေ့ရသော လက်ဝဲတော်ရံ လက်ယာတော်ရံ ရဟန္တာကြီး နှစ်ပါး နှင့် နောက်ပါ ရဟန္တာများ။ Photo:Ak2o

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the3.jpg

    ဈေးလေးအနီး ရှင်ပင်ဘုန်းပွင့်လမ်း တစ်လျောက် တွေ့ရသည့် နောက်ပါ ရဟန္တာများ လှည်လည်စဉ်။ Photo:Ak2o

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the4.jpg

    အနီးအနား ရွာများမှ ပင့်ဆောင်သော ရဟန္တာများ နွားလှည်းများနှင့် လှည့်လည်ကြသည်ကို တွေ့ရစဉ်။ Photo:Ak20

    ယခုနှစ် “ရှမ်းကုန်သည်” သို့မဟုတ် “ဗျာဒိတ်ပေး ဘုရားလှည့်လည်ပွဲ” တွင် နံနက်အစောပိုင်းမှ စတင်၍  မြို့တော်တစ်ခွင်သို့ နိဂြောဓါ ဗျာဒိတ်ပေး ဘုရားကြီး၊ လက်ဝဲတော်ရံ လက်ယာတော်ရံ ရဟန္တာကြီး နှစ်ပါး နှင့် နောက်ပါ ရဟန္တာများ လှည့်လည် အပူဇော်ခံကြပြီး ဘုရားနှင့် ရဟန္တာများနောက်တွင် ကာဠုဒါယီ အမတ်ကြီး၊ သားတော် ရာဟုလာ နှင့် မင်းညီမင်းသားများ ၊ ဘုရားဖူး ရှမ်းကုန်သည်များ နှင့် ရှမ်းဓါးပြ အဖွဲ့ ၊ ဆင်အက ၊ယိမ်းအက၊ ဓါးသိုင်းအက စသည့် ဖျော်ဖြေရေး အကအဖွဲ့များစွာ ပါဝင်၍ ကြိတ်ကြိတ်တိုး စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြပြီး ညနေစောင်းတွင် နိဂြောဓါ ဂန္ဓကုဋီတိုက်သို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the5.jpg

    လမ်းမတစ်လျောက် လှည်းများ တစ်မျှော်တစ်ခေါ် တွေ့ရစဉ်။ Photo:Ak20

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the6.jpg

    ဘုရားနှင့် ရဟန္တာများနောက်မှ ဘုရားဖူး ရှမ်းကုန်သည်များကို မရမ်းချို လမ်းမကြီးတစ်လျောက် နွားလှည်းများနှင့် အစီအရီ တွေ့ရစဉ်။ Photo:Ak2o

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the8.jpg

    ရှမ်းကုန်သည်များကို ခေါင်းဆောင်မည့် စော်ဘွားမောင်နှံ Photo:Ak2o

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the7.jpg

    ဘုရားဖူး ရှမ်းကုန်သည်များကို ဓါးပြတိုက်မည့် ရှမ်းဓါးပြများ အဖွဲ့။ Photo:Ak2o

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the9.jpg

    မရမ်းချို လမ်းမတစ်လျောက် ရှမ်းကုန်သည်တို့၏ လှည်းတန်းကို တွေ့ရစဉ်။ Photo:Ak2o

    ယခု ကျင်းပသည့် “ဗျာဒိတ်ပေး ဘုရားလှည့်လည်ပွဲ” ကို မြန်မာ့ရုပ်မြင်သံကြား၏ Myanmar International Channel မှ မှတ်တမ်းတင် လာရောက် ရိုက်ကူးခဲ့ပြီး ပုသိမ်မြို့တော်၏ ယဉ်ကျေးမှု ပွဲတော်တစ်ခုအဖြစ် Documantry အနေဖြင့် Myanmar International ရုပ်မြင်သံကြား အင်္ဂလိပ်ပိုင်း အစီအစဉ်မှ ပြသမည်ဟု သိရသည်။ ညပိုင်းတွင်လည်း နိဂြောဓါ ဘုရားပွဲတော်ကြီး ကျင်းပရာ အနီးတွင် ရွှေဂန္တဝင်မောင်မောင် ဇတ်အဖွဲ့က တင်ဆက်ကပြမည် ဖြစ်သည်။

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the10.jpg

    မမပုသိမ်သူ သီချင်းဖြင့် ကပြအသုံးတော်ခံသော ပုသိမ်မောင် ဆင်က။Photo:Ak2o



    မမပုသိမ်သူ သီချင်းဖြင့် ကပြအသုံးတော်ခံသော ပုသိမ်မောင် ဆင်က။Video:Ak2o

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the10.jpg

    ဖျော်ဖြေရေး နှင့် နောက်လိုက် နောက်ပါ အခြွေအရံများ။Photo:Ak2o

    ဆက်လက်၍ ကျန်ရက်များတွင် ကာဠုဒါယီ အမတ်ကြီးအား ရဟန်းပြုစေတော် မူခန်း ၊ ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူခန်း ၊ သားတော် ရာဟုလာအား ရှင်သာမဏေ အဖြစ် အမွေပေးတော်မူခန်း၊ ကပ္ပိလဝတ်ပြည်၌ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို တန်ခိုးပြတော်မူခန်း စသည့် သက်ဆိုင်ရာ ဗုဒ္ဓဝင် ဖြစ်စဉ်များအလိုက် ဘုရားပွဲကို ဆက်လက်ကျင်းပပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် နိဂြောဓါ ဗျာဒိတ်ပေး ဘုရားပွဲတော်ကြီး ကျင်းပ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

    http://patheincity.com/news/wp-content/uploads/2011/02/shan-kone-the12.jpg

    ဗျာဒိတ်ပေး ဘုရားပွဲ ကျင်းပရာ နိဂြောဓါလမ်းသို့ အဝင်။Photo:Ak2o

    မြတ်စွာဘုရား မိဂဒါဝုန်တောသို့ ကြွရောက်ကာ ပဉ္စဝဂ္ဂီ (၅) ဦးတို့အား တရားဦး ဟောတော်မူခန်းမှ စတင်၍ ဆွေတော်မျိုးတော်များ ရှိရာ ကပ္ပိလဝတ်ပြည်သို့  ကြွတော်မူခန်း အထိ ဗုဒ္ဓဝင် အကျဉ်းချုပ်ကို သရုပ်ဖော် ကျင်းပသော နိဂြောဓါ ဗျာဒိတ်ပေးဘုရား ပွဲတော်ကြီးသည် စတင်ကျင်းပချိန်မှ ပွဲတော်ပြီးဆုံးချိန်အထိ အချိန်ကာလ ၂ လကျော် ကြာမြင့်ကာ ပုသိမ်မြို့တော်၏ အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သည်။

    PatheinCity News | Photo:ak2o/patheincity.com

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Sunday, February 6th, 2011 at 10:08 pm and is filed under ပုသိမ်သတင်း. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 20 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. liger
      Feb 7th
      Reply

      မနေ.က ၇ှမ်းကုန်သည်လှည်.တာ မကြည်.ဖြစ်ပါဘူး၇ှုင်။

      Like or Dislike: Thumb up 1 Thumb down 0

    2. nns
      Feb 7th
      Reply

      သမီးတို.ကြည်.ရတယ်အရမ်းကြည်.လို.ကောင်းတာဘဲ

      Like or Dislike: Thumb up 0 Thumb down 0

    3. tts
      Feb 7th
      Reply

      ဒိရှမ်းကုန်သည်ပွဲတော်ကိုတော်တော်သဘောကျပါတယ်။။

      Like or Dislike: Thumb up 1 Thumb down 0

    4. ray
      Feb 7th
      Reply

      ‘ဒီလိုပွဲမျိုးတွေကိုနှစ်စဉ်ကျင်းပနိုင်ပါစေလို.

      Like or Dislike: Thumb up 1 Thumb down 0

    5. မြန်မာနိုင်ငံက ဘုရားပွဲများကို ပြန်သတိရမိမှာတယ်။ နှစ်စဉ်နှစ်တိုင်း အောင်အောင်မြင်မြင် ကျင်းပနိုင်ပါစေ။

      Like or Dislike: Thumb up 2 Thumb down 0

    6. ကျော်ကျော်
      Feb 7th
      Reply

      မမပုသိမ်သူ သီချင်းနဲ့ ကပြတဲ့ ဆင်အက ကို ဗီဒီယို ဖိုင်လေး တင်ပေးတဲ့ ပုသိမ်မြို့တော် သတင်းစဉ်ကို ကြိုက်တယ်ဗျ။ ကိုယ့်ရဲ့ မြို့ကိုပြန်ပေး ချစ်စိတ် ပေါက်တယ်။ အဲ့လို အခမ်းအနားတွေ ရှိတဲ့ ရက်တွေဆို။

      Like or Dislike: Thumb up 1 Thumb down 0

    7. summer
      Feb 7th
      Reply

      ပုသိမ်မြိုံရဲ့ကျက်သေ၇ဆောင်သမိုင်ဝင်နိဂြောဓါ ဗျာဒိတ်ပေး
      ဘုရားလေ ဒါကနှစ်စဉ်ကျင်းပနေကြပဲတစ်ခါမှမပျက်သေးပါဘူး
      ပျက်လဲပျက်မှာမဟုတ်ပါဘူးး

      Like or Dislike: Thumb up 0 Thumb down 0

    8. venus
      Feb 8th
      Reply

      ပုသိမ်မြို့ရဲ့ရှမ်းကုန်သည်ပွဲကတော်တော်လေးစည်ကားတယ်နော်။ နှစ်စဉ်နှစ်တိုင်းတစ်နှစ်ထက်တစ်နှစ်ပိုပြီးစည်စည်ကားကားကျင်းပနိုင်ပါစေ။

      Like or Dislike: Thumb up 0 Thumb down 0

    9. sabaisu
      Feb 10th
      Reply

      ပုသိမ်မြိုံရဲ့ကျက်သေ၇ဆောင်သမိုင်းဝင်နိဂြောဓါဗျာဒိတ်ပေး
      ဘုရားကို ဖူးရတော့ ကိုယ်တိုင်လာဖူးရသလို ခံစားပါတယ်
      အရမ်းကို ပျော်စရာကြီးနော် ပုသိမ်ကို သွားချင်လိုက်တာနော်

      Like or Dislike: Thumb up 0 Thumb down 0

    10. tinmgsan
      Feb 10th
      Reply

      ပျော်စရာအရမ်းကောင်းမှာပဲနော်…
      နှစ်စဉ်နှစ်တိုင်းဒီထက်မကစည်စည်ကားကားကျင်ပနိုင်ပါစေ၊၊

      Like or Dislike: Thumb up 0 Thumb down 0

    11. sawgyi
      Feb 11th
      Reply

      ဘာမှဖတ်လို့မရဘူး…..ဖောင့်ကမတူလို့
      ဘယ်လိုဖတ်ရမလဲပြောပြကြပါဦး

      Like or Dislike: Thumb up 0 Thumb down 0

    12. sawgyi
      Feb 11th
      Reply

      ဟုတ်ကဲ့…ဖတ်လို့ရအောင်ကူညီစေချင်ပါသည်.

      Like or Dislike: Thumb up 0 Thumb down 0

    13. kသီနေ၀င်း (ဒဿန-ပုသိမ်)
      Feb 11th
      Reply

      အရမ်းသတိရတာပဲ
      လွမ်းလိုက်တာ ရှမ်းကုန်သည်ရယ်။
      ပြန်လာချင်ပေမယ့် ပြန်မလာနိုင်ဘူးကွာ။
      နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ပါစေလို့ ဆုတောင်းရင်း……………

      Like or Dislike: Thumb up 2 Thumb down 0

    14. summer
      Feb 12th
      Reply

      မိုက်တယ်မိုက်တယ်

      Like or Dislike: Thumb up 0 Thumb down 0

    15. ပုသိမ်သူတစ်ယောက်ဖြစ်ရတာအရမ်းဂုဏ်ယူတယ်..
      နှစ်စဥိနှစ်တိုင်းလည်းကျင်းပနိုင်ပါစေ…

      Like or Dislike: Thumb up 1 Thumb down 0

    16. အရမ်းပဲပြန်ကြည့်ချင်ပါတယ်.

      Like or Dislike: Thumb up 0 Thumb down 0

    17. ရန်နိုင်
      Jul 10th
      Reply

      ကျေးဇူးဘဲဗျာ…….ပုသိမ်နဲ့ခွဲရတာ ၅ နှစ်လောက်ရှိပြီ….
      နော်ထပ်လည်းများများလေးတင်ပေးပါဗျာ…….

      Like or Dislike: Thumb up 0 Thumb down 0

    18. moelay
      Jul 19th
      Reply

      ပုသိမ် မပြန်ရတာကြာပြီ ကျောင်းပြီးကတည်းကပဲ အလုပ်လုပ်နေရတာနဲ့ မပြန်ဖြစ်ဘူးလွမ်းတယ်ပုသိမ်ရယ် ဘုရားပွဲလဲမကြည့် ဖြစ်တာကြာပေါ့ မမပုသိမ်သူပုသိမ်မပြန်နိုင်ရတာစိတ်မကောင်းဖြစ်မိတယ်

      Like or Dislike: Thumb up 1 Thumb down 0

    19. Zar Chi
      Jan 4th
      Reply

      ဘုရားပွဲကိုပုသိမ်ကမပြောင်းခင်1998 မှာနောက်ဆုံးကိုယ်တိုင်တွေ့ဖူးခဲ့တယ်။အရမ်းကြည့်လို့ကောင်းတယ်။
      ကိုယ်တိုင်မကြုံရတော့တဲ့နှစ်တွေမှာ အခုလိုတွေ့ရတော့အရမ်းကျေးဇူးတင်ပါတယ်။

      Like or Dislike: Thumb up 0 Thumb down 0

    20. yeye
      Jan 7th
      Reply

      အရမ်းကိုကောင်းပါတယ်ခင်ဗျာ

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: