ယနေ့ခေတ် ဖက်ရှင်ရေစီးသည် အဆန်းတကြယ် ဒီဇိုင်းများဖြင့် ပိုမိုများပြား ရှုတ်ထွေးလာပေရာ အသစ်အသစ်သော ဖက်ရှင် ဒီဇိုင်းများ ပေါ်ထွက်လာသကဲ့သို့ အမျိုးသမီး ဖက်ရှင်နှင့် အမျိုးသား ဖက်ရှင်တို့အကြား ခြားနားမှု တံတိုင်းသည် တစ်ဖြည်းဖြည်း ပါးလွှာ လာလျက်ရှိသည်။
ယနေ့ခေတ်တွင် အမျိုးသမီးများသည်လည်း လူအဖွဲ့အစည်းအတွင်း ပိုမိုနေရာရလာကာ အမျိုးသားတို့နှင့် တန်းတူ လှုပ်ရှား သွားလာနိုင်ကြသည့် အလျောက် ရှေးယခင်က မိန်းမဆန်ဆန် နှင့် သိမ်မွေ့အောင် တုတ်နှောင်ထားသည့် ဖက်ရှင်ပုံစံများထက် ပိုမိုသွက်လက်သော အမျိုးသားဆန်သည့် ဖက်ရှင်များကို ဝတ်ဆင်လာကြသည်။
ထိုအတူ ယနေ့ခေတ်တွင် အမျိုးသားတို့သည်လည်း ယခင်ကာလများထက် ပိုမို၍ အလှအပ နှင့် ဖက်ရှင်အပေါ် ဂရုစိုက်ကြသည် ဖြစ်ရာ ပုံမှန်ဝတ်နေကျ အမျိုးသား ဖက်ရှင်များမှ ခွဲထွက်ပြီး အရောင် အသွေးနှင့် ဒီဇိုင်းဆန်းသစ်သည့် အပြင်အဆင် နှင့် ဖက်ရှင်ပုံစံ အများအပြား ပေါ်ထွက်လာသည်။ ထိုသို့သော ပေါ်ထွက်လာသည့် ဖက်ရှင်များတွင် အမျိုးသမီးဆန်သည့် အဆင်အသွေး ဒီဇိုင်း ပုံစံနှင့် ဝတ်စား ပြင်ဆင်ပုံများသည်လည်း ယနေ့ခေတ် အမျိုးသား ဖက်ရှင် ရေစီးတွင် အရှိန်အဟုန် ကောင်းစွာ စီးမျောလာကြသည်။
ထိုသို့သော အမျိုးသားတို့၏ အမျိုးသမီး ဆန်ဆန် ဖက်ရှင်ဒီဇိုင်း အများစုကို ဖြူသွယ်သော မျက်နှာတည်ဆောက်ပုံနှင့် နုနယ်သော ရုပ်ရည်များ ပိုင်ဆိုင်ကြသည့် အာရှ အရှေ့ပိုင်းနိုင်ငံများဖြစ်သော ဂျပန် ၊ ကိုရီးယား ၊ တရုတ် ၊ ဟောင်ကောင်၊ တိုင်ဝမ် နှင့် ထိုင်း စသော နိုင်ငံများရှိ အမျိုးသားများ အကြားတွင် အထူးခေတ်စားသည်ကို မြင်တွေ့ကြရသည်။
အထူးသဖြင့် ထိုနိုင်ငံများရှိ ရုပ်ရှင် ဂီတ နယ်ပယ်မှ ကျော်ကြားသူ အမျိုးသား အများစုသည် ဖက်ရှင် အဆန်းတကျယ်များ တီထွင်ကြရာမှ အဆိုပါ ဖက်ရှင်ရေးစီးသည် လူငယ်အများစုထံသို့ စီးဆင်းသွားဖွယ်ရှိသည်။ ထိုကဲ့သို့ အမျိုးသားတို့အကြား ခေတ်စားလာသော အမျိုးသမီး ဆန်သည့် ဖက်ရှင်များထဲမှ ကျော်ကြားသူ အာရှ အမျိုးသား အချို့၏ အမျိုးသမီး ဆန်ဆန် ဆံပင်ပုံစံများကို ဖော်ပြလိုက်ပါသည်။
G-Dragon ( Big Bang )

Kim Bum

Yunho from DBSK

Max Changmin from TVXQ


Lee Hong Ki from F.T Island

Choi Minho ( Shinee)

Bae Yong Joon

Kim Hyun Joong from SS501

Lee Jun Ki


Lee Teuk from Super Junior


Bi Rain


Bae Yong Joon and Rain

Kim Hee Chul from Super Junior


Lee Hong Ki


Jang Geun Suk

Ye Sung

Eun Hyuk

Taecyeon from 2PM

Yoseob from BEAST

PatheinCity News | Photo:AsianTown


















ဟားဟားအားကျမခ့လိုက်လုတ်ရင်တောယ့လားကွာ
အိမ်ကနှင်ချခံရမှာသေချာတယ် …………
:)
Well-loved. Like or Dislike:
9
1
အကုန်လုံးကြိုက်တယ်ဗျာ
ခက်တာက boy တွေဖြစ်နေတယ်….
Like or Dislike:
3
3
ကျနော်လဲကိုရီယားစတိုင်အလန်းလုပ်ထားတာ
Like or Dislike:
3
4
i hate those — gays…..
i dont think these people are men…
i am sure all of them are — gays…..
what the bloody hair style is that???
its disgusting……
Like or Dislike:
2
2
အားလုံးကလန်းတယ်………
ဆန်းတယ်……….
Like or Dislike:
3
2
ကိုယ့်မှာလဲ အဲလိုရုပ်ရည်မျိုးပိုင်ဆိုင်ရင်တော့ ဒီပုံစံမျိုးထားမှာပေါ့လေ ကိုယ်နဲ့လိုက်ဖက်ဖို့ကအရေးကြီးဆုံးပါဘဲ
Like or Dislike:
5
2
ဒီရုပ်မျိုးတွေ မြင်ပါများတော့ .. အထီအမ/ခွဲရ ခက်လာတယ် …
Well-loved. Like or Dislike:
4
0
ကြည်.လဲလုပ် တော်ကြာ gay ဖြစ်သွားမယ်
Like or Dislike:
3
1
အင်း အထီး ၊ အမ ခွဲရခက်ကုန်ပြီ
Like or Dislike:
3
0
everybody is cute!
Like or Dislike:
1
2
so cute but like girls
Like or Dislike:
2
1
မိန်းမအရမ်းမဆန်ရင်ပိုကောင်းတယ်
Like or Dislike:
0
0