၂၀၁၁ ဇန်နဝါရီလ အချိန်အထိ ကနေဒါ နိုင်ငံ မြို့တော် တိုရန်တို 9 High Point လမ်းမှ လက်ရှိတန်ဖိုး အမေရိကန်ဒေါ်လာ ၂၆.၉၈သန်း တန်ကြေးရှိသော ရှုမငြီးစရာ အပြင်အဆင် များဖြင့် အိမ်ဂေဟာသည် တိုရန်တိုမြို့တွင်သာမက ကနေဒါနိုင်ငံ တစ်ခုလုံးတွင်ပါ တန်းဖိုးဖော်ပြသော အိမ်များ၌ ဈေးအကြီးဆုံး အိမ်ဂေဟာ တစ်ခုဖြစ်သည်။
တိုရန်တိုမြို့၏ တန်ဖိုးအကြီးဆုံး မြေနေရာဖြစ်သော Vancouver ဧရိယာအတွင် တည်ရှိပြီး ဧရိယာ စတုရန်းပေ ၄သောင်း ကျယ်ဝန်းသော မြေကွက် ၂ ကွက်ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဧရိယာ စတုရန်းပေ ၂၂၉၃၅ ပေကျယ်ဝန်သော ပထမမြေကွက်တွင် နေအိမ်တည်ရှိကာ ၁၇၆၄၅ စတုရန်းပေ ကျယ်ဝန်းသော မြေကွက်ပေါ်တွင် ကိုယ်ပိုင်အားကစားရုံ တည်ရှိသည်။ အားကစားရုံအတွင်း တင်းနစ်ကွင်း ၊ ဘိုးလင်းကစားရုံ နှင့် ရေကူးကန်တို့ ပါရှိသည်။ အားကစားရုံနှင့် အိမ်မကြီးကို အိမ်တွင်းမှ သွားလာနိုင်သော ဥမင်နှင့် ဆက်သွယ်ထားသည်။
စတုရန်းပေ ၄၀၀၀ ကျော် ကျယ်ဝန်းသော ပင်မအိပ်ခန်း အပါအဝင် အိပ်ခန်း ၁၃ ခန်းပါရှိသော အိမ်ဂေဟာ၏ ပင်မအခန်းများတွင် မျက်နှာကျက်အမြင့် ၁၉ပေရှိပြီး သစ်ပင်များ စိုက်ပျိုးထားသော ခန်းမဆောင်တွင် မျက်နှကျက်အမြင့် ၄၆ပေရှိသည်။ ထိုအပြင် မီးဖိုခန်းများ၊ အိမ်တွင်းရုပ်ရှင်ရုံ၊ ပါတီပေးရာ ခန်းမကျယ်များ ၊ ဧည့်ခန်းကျယ်များ အပါအဝင် ကား ၈စီး ထားနိုင်သော ကားဂိုဒေါင်လည်း ပါဝင်သည်။

PatheinCity News | Souece: buzzbuzzhome.com


















































i want to buy beauliful house, i will live with my family in this house . i am very happy because of beautiful house.
Like or Dislike:
0
0
အဲအိမ်လေးမျာတနေရရင်သေပျော်ပါပြီဗျာ
Like or Dislike:
2
1
တပ်ချုပ်ကြီးတို့ အိမ်ကောင်းတယ်ဆိုတာ ဒီအိမ်ကိုဘယ်မှီ မလဲဗျ.
Like or Dislike:
3
0
အဲလိုအိမ်မျိုးနဲ့ တစ်နေ့နေ့နိုင်အောင် ကြိုးစားအုန်းမှာ…
Like or Dislike:
1
0
ကျွန်တော်တဲအိမ်နဲံစာရင်တော့တော်လေးကွာနေတယ်
သူအိမ်ကပူမယ်ထင်တယ်နော်
အိမ်ကကြီးတော့သရဲလဲကြောက်တယ်ဗျ
Like or Dislike:
0
0
ဥပဒေထက်မှာပါဝါတွေမရှိတော့တဲ့တစ်နေ့မှာမင်းတို့အဲ့လိုအိမ်မျိုးတွေပိုင်ဆိုင်လာမှာပါအားမငယ်ကြပါနဲ့လူအသုံးဆာင်မှန်သမျှလူနဲ့ပတ်သတ်တာမှန်သမျှဟာမင်းတို့နဲ့ထိုက်တန်တယ်ပိုင်ဆိုင်ရမယ်ဆိုတာမမေ့ပါနဲ့
Like or Dislike:
0
0
ဘုရားသခင်ပေးလာမယ်ဆိုရင်…………..ဘာအရာမဆိုရနိုင်ပါတယ်………….
Like or Dislike:
0
0