ပုသိမ်-ဇန်နဝါရီ ၅ -၂၀၁၁
ပုသိမ်မြို့တော်၏ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု ပွဲတော်များအနက် အထူးခြားဆုံး ပွဲတော်တစ်ခုဖြစ်သည့် နိဂြောဓါ ဘုရားပွဲတော်ကို ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်၍ ကျင်းပနေပြီဖြစ်ရာ မြို့ပေါ်ရပ်ကွက် အသီးသီးမှ နိဂြောဓါ ဗျာဒိတ်ပေး ဘုရားကြီးကို ပင့်ဆောင် ပူဇော်ကြသောကြောင့် အထူး စည်ကားလျက် ရှိကြောင်း သိရသည်။
ပုသိမ်မြို့တော်တွင် နိဂြောဓါ ဘုရားပွဲတော်ကို တန်ဆောင်တိုင် ပွဲတော်များအပြီး ပွင့်လင်းရာသီတွင် စတင် ကျင်းပလေ့ရှိပြီး စတင်ကျင်းပသည့် အချိန်မှ ပွဲတော်ပြီးဆုံးချိန်အထိ ရက်ပေါင်း ၆၀ ကျော်ကြာမြင့်ပြီး ပုသိမ်မြို့၏ အစည်းကားဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။ ဘုရားပွဲတော် ကျင်းပပုံမှာ မြတ်စွာဘုရား မိဂဒါဝုန်တောသို့ ကြွရောက်ကာ ပဉ္စဝဂ္ဂီ (၅) ဦးတို့အား တရားဦး ဟောတော်မူခန်းမှ စတင်၍ ဆွေတော်မျိုးတော်များ ရှိရာ ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူခန်း အထိ ဗုဒ္ဓဝင် အကျဉ်းချုပ်ကို သရုပ်ဖော် ကျင်းပခြင်းဖြစ်ပြီး အချိန်ကာလ (၂) လကျော်တိုင်အောင် ကျင်းပသော ဘုရားပွဲတော်ကြီး ဖြစ်သည်။

နိဂြောဓါ ဂန္ဓကုဋီတိုက်အတွင်းရှိ ဗျာဒိတ်ပေး ဘုရား ရုပ်ပွားတော်မြတ်ကြီးကို ပင့်ဆောင်လာစဉ်။ ဇန်နဝါရီ ၁-၂၀၁၀ |Photo:PatheinCity.com/YanNaing
ယခုနှစ် နိဂြောဓါ ဘုရားပွဲတော်ကို ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပပြီး နိဂြောဓါ ဂန္ဓကုဋီတိုက် အတွင်းရှိ ဗျာဒိတ်ပေး ဘုရား ကိုယ်တော်မြတ်ကြီးကို ပင့်ဆောင်ပူဇော်ရန် ရပ်ကွက် (၂၁)ခု မှ ယာယီ စံကျောင်းတော် (၂၁)ဆောင် ဆောက်လုပ်ကာ ရပ်ကွက်တစ်ခုလျင် (၃) ရက်ကျဖြင့် (၆၃) ရက်တိုင်တိုင် ပင့်ဆောင် ပူဇော်ကြပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် ဘုရားပွဲတော်များ ကျင်းပကြကြောင်း သိရသည်။

ဗျာဒိတ်ပေး ဘုရား ပင့်ဆောင်ရာလမ်းရှိ ဘုရားဖူးများ ဗျာဒိတ်ပူဇော်စဉ်။ ဇန်နဝါရီ ၁-၂၀၁၀ |Photo:PatheinCity.com/YanNaing

ဗျာဒိတ်ပေး ဘုရား ရုပ်ပွားတော်မြတ်ကြီးကို ရပ်ကွက်တစ်ခုမှ ပူဇော်ရန် ပင့်ဆောင်လာစဉ်။ ဇန်နဝါရီ ၁-၂၀၁၀ |Photo:PatheinCity.com/YanNaing
ဗျာဒိတ်ပေး ဘုရာကြီးကို ပင့်ဆောင် ပူဇော်ခွင့်ရသည့် ရပ်ကွက်များ၌ မိမိတို့ ပူဇော်ခွင့်ရသည့် သုံးရက်တွင် ယာယီ စံကျောင်းတော်များ ဆောက်လုပ်ကာ ဘုရားပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ ပွဲတော် ကာလအတွင်း မိမိတို့ ရပ်ကွက် ယာယီ စံကျောင်းတော်များတွင် တရားပွဲများ ကျင်းပခြင်း၊ စတုဒီသာများ ကျွေးမွေးခြင်း၊ ဆွမ်း ပန်း ဆီမီးများ ကပ်လှူပူဇော်ခြင်း၊ ရုပ်ရှင် ၊ စတိတ်ရှိုး စသည့် အတီးအမှုတ်များဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ရာ အလွန် စည်ကားလျက် ရှိသည်။

စက်တော်ရာ စကားဝါလမ်း မိသားစု၏ ဗျာဒိတ်ပေးဘုရားကြီး သီတင်းသုံးရာ ယာယီစံကျောင်းတော်ကို တွေ့ရစဉ်။ ဒီဇင်ဘာ ၂၈-၂၀၁၀| Photo:PatheinCity.com/ak2o

စက်တော်ရာ စကားဝါလမ်း မိသားစု၏ ဗျာဒိတ်ပေးဘုရားကြီး သီတင်းသုံးရာ ယာယီစံကျောင်းတော် နှင့် ဘုရားပွဲလာ ပြည်သူများကို တွေ့ရစဉ်။ ဒီဇင်ဘာ ၂၈-၂၀၁၀| Photo:PatheinCity.com/ak2o

စက်တော်ရာ စကားဝါလမ်း မိသားစု၏ ယာယီစံကျောင်းတော် အတွင်း သီတင်းသုံးနေသော ဗျာဒိတ်ပေး ဘုရားကြီးကို ဖူးမြင်ရစဉ်။ ဒီဇင်ဘာ ၂၈-၂၀၁၀| Photo:PatheinCity.com/ak2o

ယာယီစံကျောင်းတော် အတွင်း သီတင်းသုံးနေသော ဗျာဒိတ်ပေး ဘုရားကြီးကို အနီးကပ် ဖူးမြင်ရစဉ်။ ဒီဇင်ဘာ ၂၈-၂၀၁၀| Photo:PatheinCity.com/ak2o
လာမည့် ၂၀၁၁၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ဒေသခံတို့အကြား “ရှမ်းကုန်သည်” သို့မဟုတ် “ဗျာဒိတ်ပေး ဘုရားလှည့်လည်ပွဲ” စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ဆိုကြသော အစည်ကားဆုံး လှည့်လည်ပွဲနေ့တွင် မြို့တော်တစ်ခွင်သို့ ဗျာဒိတ်ပေး ဘုရားကြီးနှင့် နောက်ပါ ရဟန္တာများ လှည့်လည် အပူဇော်ခံပြီး မင်းညီမင်းသားများ ၊ ဘုရားဖူး ရှမ်းကုန်သည်များ နှင့် ဖျော်ဖြေရေး အကအဖွဲ့များစွာ ပါဝင်၍ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကြမည် ဖြစ်ကြောင်း ဗျာဒိတ်ပေး ဘုရားကြီး ဦးစီးဂေါပက အဖွဲ့မှ ပြောကြားပါသည်။
ထို့သို့ မြို့တစ်ခွင် စီတန်း လှည့်လည်ပြီးနောက် ကဠုဒါယီ အမတ်ကြီးအား ရဟန်းပြုစေတော် မူခန်း ၊ ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူခန်း ၊ သားတော် ရာဟုလာအား ရှင်သာမဏေ အဖြစ် အမွေပေးတော်မူခန်း၊ ကပ္ပိလဝတ်ပြည်၌ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို တန်ခိုးပြတော်မူခန်း စသည့် သက်ဆိုင်ရာ ဗုဒ္ဓဝင် ဖြစ်စဉ်များအလိုက် ဘုရားပွဲကို ဆက်လက်ကျင်းပပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် နိဂြောဓါ ဗျာဒိတ်ပေး ဘုရားပွဲတော်ကြီး အောင်မြင်စွာ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
Reporter:AKP | PatheinCity News | Photo:PatheinCity.Com (ak2o, YanNaing)

































ဟားဟားဒါမျိုးကတို့ပုသိမ်မှာပဲ၇ှိတာတွဘယ်မြို့မှာမှမ၇ှိဝူး
Like or Dislike:
1
0
Summer ပြောတာမှန်တယ်။ဒီလို ဘုရားပွဲမျိုးက ပုသိမ်မြို့တစ်မြို့မှာပဲ ရှိတာ ဘယ်မြို့မှ ဒီလိုဘုရားပွဲမျိုးမရှိဘူး။
ပြီးတော့ ငါတို့ ပုသိမ်မြို့ကို ဥမ္မာဒန္ဒီ မင်းသမီးတည်ခဲ့တာ။
အဲ့ဒါကြောင့် ငါတို့ ပုသိမ်သူတွေ အရမ်းချောတာပေါ့။!!!!!!!!!!!!!!!!!!!!!!!!!!!!
Like or Dislike:
0
0
ဟုတ်တယ် သမိုင်းဝင်မြို့ပဲ စည်လည်းစည်ကား ပါတယ် ချောလည်းချောကြပါတယ်
Like or Dislike:
0
0
i am very happy because i will see my town ship pagoda , i want to go back pathein . i miss pathein also my family and my teacher. pathein people celebrate one time in a year. they are very happy .
Like or Dislike:
0
0
Miss u and pathein. 12 years past since i left. Thanks for the news and photos.
Like or Dislike:
0
0
ပုသိမ်မြို့ ရဲ့ ရိုးရာအမွေအနှစ်တွေကိုထိမ်းသိမ်းထားတာကောင်းပါခမျာ
Like or Dislike:
0
0
ပုသိမ်သူပုသိမ်သားတွေအတွက်တင်မကပဲ အားလုံးအတွက် patheincity.com ပေါ်ပေါက်လာတဲ့အတွက် ၀မ်းသာရပါတယ်။ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ သတင်းများအားလုံးကိုဖတ်ရပြီး ဇာတိမြေနဲ့ဝေးနေရတဲ့သူတွေအတွက် အလွမ်းပြေသွားပါတယ်။ စတင်တည်ထောင်ခဲ့တဲ့ တာဝန်ရှိသူများကိုကျေးဇူးတင်ပါတယ်။ အမြဲတမ်းတည်ရှိနေပါစေ။
Like or Dislike:
0
0
ရပ်ဝေးမှာနေရပေမယ့်..ကျောင်းတက်ခဲ့တဲ့အချိန်ပြန်ရောက်သွားသလိုပဲ
Like or Dislike:
0
0
ပုသိမ်မြို့၇ဲ့ ချစ်စ၇ာ ကောင်းသော အခြားမြို့များတွင် မရှိသော ဘာသာရေး ပွဲတော် တစ်ခုပါ။ ၀မ်းသာတယ်။ ဒီသတင်းကို ဖတ်ရတာ။
Like or Dislike:
0
0
ပုသိမ်မြို့ရဲ့ အထင်ကရ နေ့ရက်များကို အင်တာနက်တင်ဖို့ ဆုံးဖြတ်ခဲ့တာကြာပါပီ ဟိုးတစ်နှစ်ကလည်း ကျွန်တော်အစအဆုံးဗီဒီယိုလိုက်ရိုက်ပီး တင်ဖို့လုပ်ခဲ့သေးပါတယ် ဒါပေမဲ့ဗျာ အကုန်ပြတ်သွားတယ် နောက်တခေါက်ပြန်ရိုက်တယ် ပြန်ရိုက်တာလည်း ပြတ်သွားတယ် အဲဒါနဲ့လက်လျှော့ခဲ့ရတယ် ခုတော့ကိုယ်ဖြစ်စေချင်သလို ဖြစ်ခဲ့ရတယ် ကိုယ်ကိုကိုယ်တိုင်မတင်လိုက်ရပေမဲ့  ခုတော့အင်တာနက်မှာတွေ့လိုက်ရလို့  အရမ်းကြေနပ်မိတယ် မပြည့်စုံသေးတာလည်းရှိနေပါသေးတယ် တက်နိုင်သလောက် ကူညီပေးချင်ပါတယ် ကိုယ်ပိုင်အချိန်ဆိုတာ ကျွန်တော့်မှာ ရှိသေးသလားလို့ ပြန်တောင်မေးနေမိတယ် အကူအညီလိုရင် ပြောပါဗျာ ကျွန်တော်က ပုသိမ်သားပါ ပုသိမ်နဲ့ပတ်သက်တာကို အတက်နိုင်ဆုံး ကူညီပေးပါ့မယ်
Like or Dislike:
0
0
အဝေးကိုရောက်နေတော့။အလွမ်ပြေတာပေါ့။ပုသိမ်နဲ့ပတ်သက်သမျှကိုစောင့်စားနေပါတယ်။
Like or Dislike:
0
0
သာဓုခေါ်ပါတယ်ဗျာ..
နိဂြောဓါ ဗျာဒိတ်ပေး ဘုရား ပွဲတော် ကြီးကို
ဗုဒ္ဓသာသနာတော် တည်တံ့နေသမျှကာလပတ်လုံး
ဒီ့ထက်ပိုပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ပါစေ…..
Like or Dislike:
0
0