ဂျပန်နိုင်ငံအခြေစိုက် ဟွန်ဒါ ကားကုမ္ပဏီသည် Honda Aircraft Company အဖြစ် လေယဉ်ထုတ်လုပ်ရေး နယ်ပယ်သို့ ဝင်ရောက်လာရာ ၎င်း၏ အဆင့်မြင့် အပေါ့စား ဂျက်လေယဉ် ဖြစ်သော HondaJet အတွက် လေကြောင်းပျံသန်းမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ (FFA) ၏ အတည်ပြုချက် ရယူရန် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် HondaJet သည် လေထုထဲတွင် ၅၁ မိနစ်အကြာ ပျံသန်းမှု ပြုလုပ်ခဲ့ပြီး အဆိုပါ ပျံသန်းမှု ခရီးစဉ်အတွင်း လေယဉ်၏ ပျံသန်းပုံအနေအထားနှင့် စွမ်းရည်တို့ကို စမ်းသပ် စစ်ဆေးခဲ့ကြသည်။
HondaJet ၏ ပျံသန်းမှု စနစ်တစ်ခုလုံး စမ်းသပ် စစ်ဆေးပြီးသကဲ့သို့ မြောက်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်ရှိ Honda Aircraft Company ၏ လေယဉ်ထုတ်လုပ်ရေး စက်ရုံမှာလည်း ပြီးစီးလုနီးပါရှိပြီ ဖြစ်သည်။လာမည့် ၂၀၁၂ ခုနှစ်တွင် HondaJet ကို အမေရိကန်ဒေါ်လာ ၄.၅ သန်းဖြင့် တင်ပို့ရောင်းချနိုင်ရန် ဟွန်ဒါ ကုမ္ပဏီက စီစဉ်ထားသည်။

PatheinCity News | Source:AsianTown



























ဒီလေယာဉ်လေးမျိုးနဲ့ အေးအေးဆေးဆေး ဟန်နီးမွန်းထွက် ပစ်လိုက်ချင်လိုက်တာ…ဟီးဟီး….:)
Like or Dislike:
1
0
စီးဖူးချင်လိုက်တာ
Like or Dislike:
1
0
အရမ်းမိုက်တယ်ကွာ။
အိမ်မက်ထဲမှာတောင် မစီးဖူးပါဘူး။
Like or Dislike:
0
1
i want to ride aeroplaine . and then i will visit all over the world . this is my drream .
Like or Dislike:
1
0
မြန်မာနိုင်ငံမှာဝယ်စီးချင်ရင် အစိုးရက၀ယ်ခွင့်ပြုမှာလား။
Like or Dislike:
0
0
သူတို့ဘာသာပဲ ဝယ်စီးမှာပေါ့……….
Like or Dislike:
0
0
ဝယ်စီးလို့ရပါတယ်မြန်မာမှာမထားနဲ့ပေါ့
Like or Dislike:
0
0
I wanna that
Like or Dislike:
0
0