ဟာဘင် နိုင်ငံတကာ ရေခဲပွဲတော်သည် တရုတ်နိုင်ငံ မြောက်ဘက်စွန်းပိုင်းရှိ ရေခဲမြို့တော်ဟု ကျော်ကြားသော ဟာဘင်မြို့တော်တွင် နှစ်စဉ် ဇန်နဝါရီလမှ စတင်၍ ဆောင်းရာသီ ကာလအတွင်း ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။
ဆောင်းရာသီတွင် ရေခဲမှတ်အောက် ၃၀ ဒီဂရီ ဆဲဆီးယစ် အထိ အေးသော ဟာဘင်မြို့တော်သည် ကမ္ဘာပေါ်ရှိ ရေခဲပန်းပု နှင့် နှင်းပန်းပု အနုပညာ လက်ရာများ ထွက်ပေါ်ရာ နေရာလည်း ဖြစ်သည်။ ဟာဘင် ရေခဲပွဲတော်သို့ ကမ္ဘာတစ်ဝှမ်းမှ ရေခဲပန်းပု ပညာရှင်များ ပါဝင်ဆင်နွဲလေ့ရှိပြီး ကမ္ဘာ့အကြီးဆုံး ရေခဲပွဲတော်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ရေခဲပွဲတော် ကျင်းပရာ နေရာသည် စကုရန်းမီတာ ၆သိန်းကျော် ကျယ်ဝန်းပြီး ရေခဲကုဗမီတာ ၁သိန်း၈သောင်းခန့် သုံးစွဲကာ ရေခဲရဲတိုက်များ နန်းတော်များ မြို့ရိုးများ မျှော်စင်များနှင့် ရေခဲပန်းပု နှင်းခဲပန်းပု ရုပ်ထုများကို ထုလုပ်ပြသကြသည်။
၃လကြာ ကျင်းပသော အဆိုပါပွဲတော်တွင် ရာနှင့်ချီသော အစီအစဉ်များ ပါဝင်ပြီး ရင်သပ်ရှုမောဖွယ် ရေခဲကမ္ဘာအား တစ်ကမ္ဘာလုံးမှ ခရီးသွားဧည့်သည် အများအပြား လာရောက်ကြည့်ရှုကြသည်။

























PatheinCity News | Source:timescolonist.com


















လှ တယ် တော် တော် လေး ကို လှ တယ် နေ ချင် စ ရာ လေး ပါ ပဲ တော် လိုက် တဲ့ လူ တွေ ပဲ
Like or Dislike:
2
0
ရောက်ဖူးချင်လိုက်တာနော်
တစ်ကယ့်ကို အံ့သြစရာကြီး
Like or Dislike:
0
0
i want to go with my family to there . if i will go , i amvery happy . i like this place.
Like or Dislike:
0
0
အရမ်းကိုသဘောကျနှစ်သက်မိတယ်။အဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအရပ်ရပ်ကစိတ်ဝင်စားဖွယ်မြင်ကွင်းတွေကိုတွေ့ရတော့ကိုယ်တိုင်အရောက်သွားချင်စိတ်ဖြစ်မိတယ်။ ကျေးဇူးတင်ပါတယ်။
Like or Dislike:
0
0