ဂျပန်လူမျိုးတို့သည် အလှအပနှင့် ဒီဇိုင်းထွင်သည့်နေရာတွင် နာမည်ကြီးသော လူမျိုးဖြစ်သည်။ စားစရာများကို မစားရက်စရာဖြစ်လောက်အောင် လှလှပပ ပုံစံအမျိုးမျိုး ပြုလုပ်ကြသော ဂျပန်လူမျိုးတို့၏ လက်ရာများတွင် ဘန်တို(Bento) နေလည်စာ ဘူးများသည်လည်း အပါအဝင် ဖြစ်သည်။
ဂျပန် စားစရာများတွင် လူကြိုက်များသော နေ့လည်စာ တစ်မျိုးဖြစ်သည့် ဘန်တို(Bento)ဘူး တစ်ခုသည် ပုံမှန်အားဖြင့် ထမင်း နှင့် ငါး သို့မဟုတ် အသား ပါဝင်ကာ ချက်ပြုတ်ထားသော အခြားအသီး အရွက်များလည်း ပါဝင်သည်။ ထိုစားစရာကို ဗူးပုံစံ ခွက်ထဲသို့ ထည့်၍ ယူဆောင် စားသောက်လေ့ရှိပြီး များသောအာဖြင့် လက်မှု ထွက်ကုန် တစ်မျိုးဖြစ်သော ဂျပန်ယွန်းဘူးများနှင့် ထည့်လေ့ရှိသည်။
ဂျပန် အိမ်ရှင်မများသည်လည်း ၎င်းတို့၏ ခင်ပွန်းသည်နှင့် သားသမီးများအား အတွက် ဘန်တို နေ့လည်စာ ဘူးများကို အချိန်ပေးကာ ဂရုတစိုက် ပြင်ဆင်ပေးခြင်းသည် ၎င်းတို့၏ ချစ်ခြင်း မေတ္တာကို ပြသသည့် သင်္ကေတတစ်ခု ဖြစ်သည်။
ယနေ့ခေတ်တွင် နေ့လည်စာ ဘန်တို ဘူးများကို ဂျပန်နိုင်ငံတွင် စားသောက်ဆိုင်များ၊ ကုန်တိုက်များ၊ ဘန်တိုဆိုင်များ စသော နေရာ တော်တော်များများတွင် အလွယ်တကူ ဝယ်ယူနိုင်ပြီး ပိုမိုပေါ့ပါးသော ထုတ်ပိုးမှု ပုံစံနှင့် စားချင်စဖွယ် ဒီဇိုင်းပုံစံ အမျိုးမျိုး တွင်ကာ ရောင်းချလာကြသည်။ များသောအားဖြင့် ဂျပန်ကာတွန်း ဇတ်ကောင် အမျိုးမျိုး၏ ပုံများ ၊ ကစားစရာ အရုပ်များ၊ တိရိစ္ဆာရုပ်များ စသည်ဖြင့် ဘန်တိုပုံစံ အမျိုးမျိုးကို တွေ့ရသည်။ ထိုသို့သော ဘန်တိုမျိုးကို kyaraben သို့မဟုတ် “ရုပ်စုံ ဘန်တို” ဟုခေါ်ဆိုကြသည်။
လှလှပပ ဒီဇိုင်း အမျိုးမျိုးနှင့် စားချင်စရာ ဂျပန် ရုပ်စုံ ဘန်တို(Bento) များ အမှတ် (၂)ကို မြို့တော်ပုသိမ် ပရိသတ်များ ခံစားကြည့်နိုင်ရန် ဖော်ပြလိုက်ပါသည်။























PatheinCity News | Photo:AsianTown.net


















Hey, i think you visited my website so i came to “return the favour”.I am looking for ways to add things to my blog!I suppose its ok to use some of your ideas!!
Like or Dislike:
0
0
မိုက်တယ်စားတောင်စားချင်လာပြီး ငတ်တယ်လိုမထင်ပါနဲံနော်
Like or Dislike:
0
0
စားချင်လိုက်တာ ခုတော့ ပုံတွေကိုပဲ သိမ်းထားလိုက်တော့မယ်။
Like or Dislike:
1
0
I want to eat & want to prepare food like this.
Like or Dislike:
0
0
Are they delicious?
Like or Dislike:
0
0