• ခရစ်စမတ် ပွဲတော်ကို ကမ္ဘာတစ်လွား နိုင်ငံအသီးသီးမှ ပါဝင် ဆင်နွဲကြ

    ခရစ်ယာန် ဘာသာဝင်တို့၏ ယဉ်ကျေးမှု ပွဲတော်တစ်ခု ဖြစ်သော ခရစ်စမတ် ပွဲတော်သည် ကမ္ဘာ့နိုင်ငံ အတော်များများတွင် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသောကြောင့် ယနေ့ခေတ်တွင် အားလပ်ရက်အတွင်း ကျင်းပသော နိုင်ငံတကာ ယဉ်ကျေးမှု ပွဲတော်တစ်ခုအဖြစ် ခရစ်ယာန် နိုင်ငံများတွင်သာ မက ကမ္ဘာ့တစ်ဝှမ်းတွင် လူအများအပြား ပါဝင်ဆင်နွဲ လာကြသည်ကို မြင်တွေ့ရသည်။

    ကမ္ဘာ့နိုင်ငံများမှ လူမျိုးအသီးသီးတို့၏ ခရစ်စမတ်ပွဲတော်တွင် ယဉ်ကျေးမှုအလိုက် ပါဝင်ဆင်နွှဲကြပုံများကို မြို့တော်ပုသိမ် ပရိသတ်များအတွက် ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

    Ankara, Turkey (တူရကီနိုင်ငံ၊ အန်ကာရာ မြို့)

    http://patheincity.com/news//HLIC/c4622d59026ad8c921903408e3e825a1.jpg
    ၂၀၁၀ ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တူရကီနိုင်ငံ၊ အန်ကာရာ မြို့တွင် Panora shopping center မှ ခရစ်စမတ်အတွက် အလှဆင်ထားပုံများကို ဈေးဝယ်သူများ ကြည့်ရှုစဉ်။ Photo: Xinhua/Zheng Jinfa

    Riga, Latvia (လတ်ဗီးယားနိုင်ငံ ရီဂါမြို့)

    http://patheincity.com/news//HLIC/0dbafad283e0cd6d70aafdc32c48903a.jpg
    လတ်ဗီးယားနိုင်ငံ ရီဂါမြို့တွင် မိန်းကလေးတစ်ဦး ခရစ်စမတ်သစ်ပင်ရှေ့တွင် ဓါတ်ပုံရိုက်ကူးနေစဉ်။ Photo: Xinhua/Yang Dehong

    Washington D.C., United States (အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်)

    http://patheincity.com/news//HLIC/321597da1bfd8e1b8b50343e570ee10b.jpgအမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ပြင်ပရှိ National Harbor တွင် စန်တာ ကလောစ့် မှ ကလေးများနှင့် ဓါတ်ပုံအတူ ရိုက်ကူစဉ်။ Photo: Xinhua/Zhang Jun

    New York, United States, (အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့တော်)

    http://patheincity.com/news//HLIC/326e5b672f17540bc8eebd0dab8b9bfa.jpg
    အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တော်ရှိ တရုတ်တန်းတွင် အရှေ့တိုင်းသားတို့ ပါဝင်ဆင်နွဲသော အနောက်တိုင်း ယဉ်ကျေးမှု ခရစ်စမတ်ပွဲတော်ကို ကျင်းပစဉ်။ Photo: Xinhua/Wu Kaixiang

    West Bank town of Bethlehem (ပါလက်စတိုင်းဒေသ၊ ဘာတ့်တလာဟမ် မြို့)

    http://patheincity.com/news//HLIC/3433779a7cf62d830d08cc729d0d63b1.jpg
    တမန်တော် ယေရှု ၏ မွေးဖွားရာ ဒေသဖြစ်သော ပါလက်စတိုင်းဒေသ အနောက်ဘက်ကမ်းရှိ ဘာတ့်တလာဟမ် မြို့တော်တွင် Nativity ဘုရားကျောင်းရှေ့တွင် ဂီတအဖွဲ့တစ်ခု ခရစ်စမတ် အထိမ်းအမှတ် တင်ဆက်ပြသစဉ်။ Photo: Xinhua/Zhao Yue

    Paris, France (ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်)

    http://patheincity.com/news//HLIC/cf8b38c878b3ac99defb56e2b8ff42c9.jpg
    ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ရှိ Vendome ရင်ပြင် အနီးတွင် ခရစ်စမတ်ကာလအတွက် အလှဆင် မီးများ ထွန်းညှိထားစဉ်။ Photo: Xinhua/Gao Jing

    Oxford Street, London (လန်ဒန်မြို့တော်၊ အောက်စဖိုစ့်လမ်း)

    http://patheincity.com/news//HLIC/a14a6dde86401ea3cd9127ec38050754.jpg လန်ဒန်မြို့တော် အောက်စဖိုစ့်လမ်းတွင် ၂၀၁၀ ခရစ်စမတ်ပွဲတော်အတွက် မီးများ အလှဆင်ထားသည်ကို တွေ့ရစဉ်။ Photo: Debenhams

    Singapore (စင်္ကာပူမြို့တော်)

    http://patheincity.com/news//HLIC/c4a63e4610ddb2abae8e485468781c73.jpg
    စင်္ကာပူမြို့တော်တွင် ခရစ်စမတ်ကာလ အတွင်း ဘုရားကျောင်းတွင် ခရစ်ယာန် ဘာသာဝင် အများအပြား တက်ရောက် ဝတ်ပြုကြစဉ်။ Photo: Xinhua/Then Chih Wey

    Hangzhou, East China (တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Hangzhouမြို့တော်)

    http://patheincity.com/news//HLIC/4e7f11b3f8ce3cc3d4d693e87451bd8e.jpg
    တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ဒေသ Hangzhouမြို့တော် တွင် နိုင်ငံခြားသားများ စန်တာကလောစ့် ကဲ့သို့ ဝတ်ဆင်ကာ ခရစ်စမတ် သီချင်းများ သီဆိုနေစဉ်။ Photo: Xinhua/Huang Zongzhi

    Beijing, capital of China (တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်း )

    http://patheincity.com/news//HLIC/e773a7da23c4807f44be84ccd2ce7bd8.jpg
    တရုတ်နိုင်ငံ မြို့တော်ပေကျင်း တွင် လာရောက်လည်ပါတ်သူ ၂ဦး စန်တာကလောစ့် နှင့်တွဲ၍ ဓါတ်ပုံရိုက်ကူးစဉ်။ Photo: Xinhua/Zheng Huansong

    Taipei, Taiwan (တိုင်ဝမ်ကျွန်း၊ မြို့တော်တိုင်ပေ)

    http://patheincity.com/news//HLIC/f125948180b839bb4d9bf3aa2033b7e6.jpg တိုင်ဝမ်၏ မြို့တော်တိုင်ပေတွင် နာမည်ကျော် တိုင်ပေ၁၀၁ မျှော်စင်ကြီးအနီး ခရစ်စမတ် ကာလအတွက် မီးရောင်စုံများဖြင့် အလှဆင်ထားသည်ကို တွေ့ရစဉ်။ Photo: Xinhua/Song Lidong

    Macao (မကာအို ကျွန်းမြို့တော်)

    http://patheincity.com/news//HLIC/df5231f1169bc401a61ce12e930b300c.jpg
    တရုတ်နိုင်ငံ တောင်ဘက်ရှိ မကာအို ကျွန်းမြို့တော်တွင် ခရစ်စမတ်အတွက် အလှဆင်မီးများ လှပစွာ ထွန်းညှိထားသည်ကို တွေ့ရစဉ်။
    Photo: Xinhua/Cheong Kam Ka

    South China, Guilin (တရုတ်နိုင်ငံ တောင်ဘက်ပိုင်း Guilinမြို့တော်)

    http://patheincity.com/news//HLIC/3badf8421a123f4f90fbf4331c08e0bc.jpg
    တရုတ်နိုင်ငံ တောင်ဘက်ပိုင်း Guilinမြို့တော်တွင် ကမ္ဘာလှည့် ခရီးသည်များ စန်တာကလောစ့် ဝတ်စုံများဖြင့် ခရစ်စမတ်ပွဲတော် ကျင်းပကြစဉ်။ Photo: Xinhua/Chen Ruihua

    Geneva, Switzerland (ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဗာမြို့တော်)

    http://patheincity.com/news//HLIC/a681075b79c0202d91165c7a6a102d0f.jpg
    ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့တော်တွင် မြို့တော်တစ်ခွင် ခရစ်စမတ် အထိမ်းအမှတ် မီးများဖြင့် အလှဆင်ထားစဉ်။ Photo: Xinhua/Yu Yang

    Tehran, capital of Iran (အီရန်နိုင်ငံ မြို့တော် တေရန်)

    http://patheincity.com/news//HLIC/ac151fb8c47dfc809fc2d303d1ac753d.jpg
    အီရန်နိုင်ငံ မြို့တော် တေရန်တွင် ခရစ်စမတ် အထိမ်းအမှတ် အလှဆင်ထားသည်ကို အီရန်အမျိုးသမီးများ ကြည့်ရှုနေစဉ်။ Photo: Xinhua/Ahmad Halabisaz

    Abu Dhabi, UAE (အာရပ်စော်ဘွားများ ပြည်ထောင်စု ၊ မြို့တော် အဘူ ဒါဘီ )

    http://patheincity.com/news//HLIC/4b24e07697c62e287083454067ffc66f.jpg
    အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၏ မြို့တော် အဘူ ဒါဘီ တွင် Emirates Palace ဟိုတယ်၏ ဧည့်ခန်းဆောင်ရှိ အမေရိကန် ဒေါ်လာ ၁၁သန်း တန်ကြေးရှိသော ကမ္ဘာ့တန်ဖိုးအကြီးဆုံး ခရစ်စမတ်သစ်ပင်ကြီးကို တွေ့ရစဉ်။ အမြင့် ၁၃ မီတာရှိသော ခရစ်စမတ်သစ်ပင်ကြီးကို စိန်၊ ပုလဲ၊ မြ၊ နီလာ နှင့် အခြားအဖိုးတန် ကျောက်မျက် ရတနာများဖြင့် အလှဆင်ထားသည်။ Photo: Xinhua/Reuters Photo

    Yangon, Myanmar (မြန်မာနိုင်ငံ၊ ရန်ကုန်)

    http://patheincity.com/news//HLIC/4afc272151cae13f38769ccba1570943.jpg
    မြန်မာနိုင်ငံ၏ အကြီဆုံးမြို့တော် ရန်ကုန်ရှိ ကုန်သည်ကြီးများ ဟိုတယ်တွင် ၂၀၁၀ ခရစ်စမတ် အထိန်းအမှတ် အလှမယ် (Miss Christmas 2010 ) ရွေးချယ်ပွဲကို ကျင်းပနေစဉ်။ Photo: Xinhua/Ma Phyo

    Ayutthaya, Thailand (ထိုင်းနိုင်ငံ ၊ အယုဒ္ဓယ)

    http://patheincity.com/news//HLIC/a232af011249ee03525630e0b0894126.jpg
    ထိုင်းနိုင်ငံ မြို့တော်ဟောင်း အယုဒ္ဓယတွင် စန်တာကလောစ့် ကဲ့သို့ ဝတ်ဆင်ထားသော ဆင်မှ ကလေးငယ်များအား သကြားလုံးများ ပေးဝေနေစဉ်။ Photo: Xinhua/Reuters Photo

    Seoul, South Korea (တောင်ကိုရီးယား နိုင်ငံ၊ ဆိုလ်းမြိုတော်)

    http://patheincity.com/news//HLIC/4d7f74d779872c64627225931c6fe1ee.jpg တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြိုတော်တွင် စာပို့သမားများ စန်တာကလောစ့် ကဲ့သို့ဝတ်ဆင်ပြီး စာများပို့ဆောင်နေသည်ကို တွေ့ရစဉ်။ Photo: Xinhua/Park Jin Hee

    Tokyo, Japan (ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်)

    http://patheincity.com/news//HLIC/319d4df0f687cdbfb8beac5bc975cb95.jpg
    ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ခရစ်စမတ်ပွဲတော်အတွက် လမ်းတိုင်းတွင် အလှဆင်မီးများ ထွန်းညှိထားသည်ကို တွေ့ရစဉ်။ (Photo: ShootTokyo )

    PatheinCity News | Photo Source:Xinhua

    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay

    Related Posts

    This entry was posted on Sunday, December 26th, 2010 at 4:02 pm and is filed under နိုင်ငံတကာ. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 3 Comments

    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။

    1. summer
      Dec 26th
      Reply

      ဟားဟားမိုက်တယ်ကွာခရစ်စမတ်မယ်ေ၇ွှးတာဘယ်နိုင်ငံကမှမ၇ှိတဲ့လုတ်နည်းဟားဟားမိုက်တယ်

      Like or Dislike: Thumb up 0 Thumb down 0

    2. kt
      Dec 26th
      Reply

      ပုသိမ်ကရော ဘာတွေလုပ်လဲ ပြောပြဦးလေ

      Like or Dislike: Thumb up 0 Thumb down 0

    3. Jan 3rd
      Reply

      မြန်မာနိုင်ငံကတော့ ရှိသမျှ ပွဲအကုန်လုပ်တာပဲလေ
      ဆန်းတော့ မဆန်းပါဘူး
      :P
      သူများ အရေးကိုယ့် အရေးပဲလေ

      Like or Dislike: Thumb up 0 Thumb down 0

  • Leave a Reply

    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။

  • Name (required):

    Email (required):

    Website:

    Message: