အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီ နှင့် ကီလိုမိတာ ၂၀ ခန့်အကွာ Collingwood လမ်းရှိ ခြံတစ်ခြံသည် ရောင်စုံ မီးလုံးပေါင်း ၂ သိန်း ၆ သောင်း ဖြင့် ခရစ်စမတ်ကာလ အတွက် အလှဆင်ထားသည်ကို အံ့သြဖွယ် မြင်တွေ့ရသည်။
Collingwood Lights ခြံ၏ ပိုင်ရှင်ဖြစ်သော Bill Vaughan သည် လွန်ခဲ့သော ၁၉ နှစ်ခန့်မှ စတင်၍ မိမိ အိမ်နှင့် ခြံဝန်းအား မီးရောင်စုံများဖြင့် အလှဆင်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အပြင်အဆင် တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲကာ အလှဆင်မီး အရေအတွက်လည်း တိုးလာခဲ့သည်။ ယခုအခါ အလှဆင် မီးရောင်စုံပေါင်း ၂၆၀၀၀၀ အပါအဝင် FM ဂီတသံများ ထုတ်လွှင့်မှုကို ကွန်ပျူတာစနစ် အသုံးပြုကာ ချိန်ညှိထားပြီး ဂီတသံအလိုက် မီးရောင်စုံများ လှုပ်ရှား ပြောင်းလဲအောင် ပြင်ဆင်ထားသည်။





ထိုသို့ ပြင်ဆင်ထားမှုကြောင့် ညပိုင်းအချိန်တွင် Collingwood Lights သည် ထိုဒေသ၏ အကြီးမားဆုံး မီးရောင်များဖြင့် လှုပ်ရှားနေသော အိမ်ဂေဟာအဖြစ် မြင်တွေ့ရသောကြောင့် လာရောက် ကြည့်ရှုသူများကို ဆွဲဆောင်လျက်ရှိသည်။
PatheinCity News | Source:Xinhua


















အရမ်းကို လှတယ်ဗျာ၊ ဒီလူက စိတ်ကူးလည်းကောင်း တယ်လို့ပြောရမှာပဲ။
Like or Dislike:
1
1
Woww!!!!!!!!!!!!!!!!!
How beautiful it is !!!
Thanks for your news!!
Like or Dislike:
0
2
လှပါတယ်တစ်အားကိုလှပါတယ်နေချင်စရာလေးပါပဲ
ခက်တာကမီတာခဈေးကြီရင်ခက်ပြီဈေးမကြီးပါစေနဲ့
မီတာခသက်တာပါစေဗျာ
Like or Dislike:
0
0
ွူGlobal waring ဖြစ်နေပါတယ်
အဲဒါကြောင့်
်
လျပ်စစ်မီးကိုရချွေတာသုံးသင့်တယ်
Like or Dislike:
0
0
ဒီအိမ် ပုံစံလေးက ကဗျာဆန်ဆန်လေး ဆိုတော့ ကျွန်တော်တို့ သဘောကျပါတယ် …. ဒါပေမဲ့ ကျွန်တော်တို့ ဧရာဝတီမှာတော့ ဒီလို ဖန်တီးဖို့ ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ အရာ တစ်ခုပါ … လျှပ်စစ် ရရှိမှုအပိုင်းမှာ အခက်အခဲတွေက အခုချိန်ထိ ရှိနေသေးတာကို …
Like or Dislike:
0
0
အရမ်းကြိုက်တယ်ဗျာ… ခက်တာကသူတိုသုံးထားတဲ့မီးတွေက ကျွန်တော်တို့မြန်မာနိုင်ငံကရွာတစ်ရွာ နှစ်ရွာလောက်ကိုမီးပေးသုံးလိုရတယ်ဗျ မြန်မာနိုင်ငံမှာအဲလိုအိမ်လေးနဲ့ ဘယ်တော့များနေနိုင်မလဲမသိဘူးနော် အစိုးရကလဲအဲလိုအိမ်ကိုဘယ်ချိန်မှတစ်လုံးစီချပေးမလဲသိဘူးနော်
Like or Dislike:
0
0
ကိုယ်စီမှ ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ဘူး
မြင်လိုက်ရတာကိုဘဲ ကျေးဖူးတင်ပါတယ်
Like or Dislike:
0
0