• ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း
    ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း
    “သူ့ရင်ခွင်သည် ပန်းဆုအတွက် တမူထူးကာ နွေးထွေး လုံခြုံမှုတွေ ပေးစွမ်း နိုင်ရမည်။ ပန်းဆုချစ်သူ သည် ပန်းဆု ဝမ်းနည်း ကြေကွဲ ချိန်တွင် ပန်း ဆု နှင့်အတူ မျက်ရည် ကျကောင်း ကျနေခဲ့ နိုင်သော်လည်း သူ ကတော့ ပန်းဆု ခေါင်း ထားကာ ငိုကြွေးဖို့ ရင်ခွင် ကိုပေးမည်။ အရင်က ပန်းဆု ရယ်မော နေချိန်တွင် ပန်းဆု ချစ်သူက သူမနှင့် အတူ လိုက်ပါ ရယ်မော ကောင်းရယ် မော ခဲ့မည်၊ သူ ကတော့ ပန်းဆု ထာဝရ ရယ်မောစေနိုင်မည့် ရင်ခွင်ကို ပေးအပ် မည်။”
    ပန်းဆု ကတော့ သူ့ရင်ခွင်တွင် နှစ်ခြိုက်စွာအိပ်ပျော်လျှက်ရှိသည်။ ပန်းဆုဆံစတွေက သူ့ရင်ဘတ်ပေါ်၌ ခွေ လိပ် ၍ ကျလို့ နေသည်။ ပန်းဆု၏ ကိုယ်သင်းရနံ့နှင် အတူ ခေါင်းလျှော်ရည်နံ့ သင်းသင်းကို သူ ပင့်သက် ရှူလိုက် တိုင်း စိတ်ချမ်းမြေ့ဖွယ်ရရှိလို့ နေသည်။ သူ အသက်ရှူလို့  မြင့်တုံနိမ့်တုံ လှုပ်ရှားနေသော သူ့ရင်ခွင် ကြောင့် ပန်းဆု လန့်နိုးသွားမည်ကို စိုးရိမ်နေမိသည်။ သူ့လက်အနည်းငယ်ကျဉ်နေသော်လည်း ပန်းဆုကို ဘေးသို့တွန်း ဖယ် မပစ်ရက်ပေ။
    သူ့ရင်ခွင်တွင် အိပ်ပျော်နေသော ပန်းဆုမျက်နှာလေးကို သူကြည့်နေမိသည်။ ညသည် ခြောက်ကပ်စွာတိတ် ဆိတ်နေခဲ့ သည်။ ပန်းဆုဟူသော သူ့ဇနီး အလှသာမရှိခဲ့  ရင် ဤသို့ သောညများသည် သူ့အတွက် အဓိပ္ပါယ်မဲ့ နေမည်သာ။ ပန်းဆုသည် သူ့ဘဝအတွက် သာယာစွာမြည်တတ်သော ဆည်းလည်း လေးတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ သည်။ တိတ်ဆိတ်ငြိမ်သက်နေသော သူ့ရင်သည် ပန်းဆုဟူသော ဆည်းလည်းလေ ကြောင့် သာ ယာစွာ စိုပြေလာခဲ့ သည်။
    ပန်းဆု ကို မေမေ ပြသောဓါတ်ပုံထဲတွင်သာ တစ်ကြိမ်မြင်ဖူးခဲ့ သည်။ ပန်းဆုကလှသည်။ ဒီခေတ်အခါဝယ် အမေ ပေးစားသော မိန်းမနှင့် အချစ်မပါပဲ လက် ထပ်ထိမ်းများခြင်းသည် သူ့အတွက် ယောက်ျားတစ်ယောက် ၏ သိက္ခာ ကျစရာတော့ဖြစ်သည်။ သို့ သော် ထို့ အတွက် သူထွေပြားစွာ မတွေးခဲ့ ရ။ မေမေ့ သဘောလို့  သာ ပြော ပြီး ပန်းဆုကိုသူလက်ခံခဲ့ သည်။ သို့ သော် သူ့ရင်ထဲကနှစ်နှစ်ကာကာ ဖြင့်ပန်းဆု ကိုလက်ထပ်ခဲ့ ခြင်း သာ ဖြစ် သည်။
    နွမ်းနယ်နေသော ပန်းတစ်ပွင့်သည် ကံအားလျော်စွာ သူ့ရင်ပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျလာသလို၊ ပန်းဆုသည် လည်း ကွဲကြေသောနှလုံးသာ ဖြင့်သူ့ဘဝ ထဲသို့ဝင်ရောက်လာခဲ့ သည်။ ငယ်ချစ်ဦး၏ ရင်ခွင်တွင် ဆယ်နှစ်တာ မျှ ခိုးနားခဲ့ သောပန်းဆုသည် သူမ အလှတရားတွေကြားက မာနကို ဖယ်ခွာ လျှက် သူ့ရင်ခွင်သို့တွန့်  ဆုတ်စွာ ရောက်လာခဲ့ ခြင်းသာဖြစ်သည်။
    ပန်းဆုနှင့်စတွေ့ ရသောနေ့ က သူ ပန်းဆု၏ အလှတွင် ရစ်မူးခဲ့ကြောင်းဝန်ခံပါသည်။ အလှတရားကို တက်မက် မှုနှင့် အချစ်သည် လွန်စွာခြားနားပေ လိမ့် မည်။ သူသည် ပန်းဆုထက် အသက်သုံးလေးနှစ်မျှ ပိုကြီးသည်။ ပန်းဆုကို တွေ့  လိုက်ချိန်တွင်ဖြင့် သူ့ရင်အသေ ကြီးသည် မရပ်မနားထ၍ ခုန်လေ တော့ သည်။ ပန်းဆု၏ ဖူးစွစွ နှုတ်ခမ်းတွေ သည် ပိုင်ဆိုင်သူ ရှိခဲ့သည်ကိုပင် သူ မေ့လျော့သွားသည်။
    ပန်းဆု ၏ ငိုရှိုက်သံတွေ စိတ်ပျက်အားငယ်သောအသံတွေ သည် သူ့ရင်ခွင်ကိုများစွာနာကျင်စေခဲ့သည်။ ပန်း ဆုသည် နားခိုရာရင်ခွင်ကို လိုအပ်နေခဲ့ လေသည်။ သူ့ ရင်ခွင်သည် ပန်းဆုအတွက် အံကျပန်ကျ ဖြစ်ပါလေမ လား။ ပန်းဆု သူ့ရင်ခွင်မှာ ပျော်ပိုက်လေအောင် ဘယ်လိုထားရမလဲ။ ပန်းဆုအတွက် အသင့်လျော်ဆုံးရင်ခွင် တစ်ခုကို ပြင်ဆင်ရန် သူ့အတွက်လုံလောက်သောအချိန်ရ ရှိ ခဲ့ သည်။
    ပန်းဆု အတွက်သူ့သူရင်ခွင်သည် အရင်လူ ထက်မသာသော်မှ မနိမ့်ကျစေရ။ သူ့ရင်ခွင်သည် ပန်းဆုအတွက် တမူထူးကာ နွေးထွေးလုံခြုံမှုတွေ ပေးစွမ်း နိုင်ရမည်။ ပန်းဆုချစ်သူ သည် ပန်းဆု ဝမ်းနည်းကြေကွဲချိန်တွင် ပန်း ဆု နှင့်အတူ မျက်ရည်ကျကောင်း ကျနေခဲ့ နိုင်သော်လည်း သူ ကတော့ ပန်းဆု ခေါင်း ထားကာ ငိုကြွေးဖို့  ရင်ခွင် ကိုပေးမည်။ အရင်က ပန်းဆုရယ်မော နေချိန်တွင် ပန်းဆုချစ်သူက သူမနှင့် အတူ လိုက်ပါရယ်မောကောင်းရယ် မော ခဲ့မည်၊ သူ ကတော့ ပန်းဆုထာဝရ ရယ်မောစေနိုင်မည့် ရင်ခွင်ကို ပေးအပ်မည်။
    ပန်းဆု ချစ်သူကို တမ်းတ လွမ်းမောနေချိန်တွင် ကြင်နာစွာနားလည်ခွင့်လွှတ်ပေးမည်။ မနာလို မုန်းထားသော အငြိုးတရား တွေကို သူ့ရင်ခွင်၌ ပန်းဆုမ မြင်စေရ။ ပန်းဆု ပျော်နိုင်ရေးအတွက် သူ့အချစ်ဖြင့် သူ့ရင်ခွင်ကို သူ မွမ်းမံခဲ့ သည်။ သူပန်းဆုကို လက်ထပ်ချိန်တွင် သူ့အပြုံးတွေဖြင့် ပန်းဆုကိုပြုံးကူခဲ့ သည်။ ပန်းဆုသည် သူ့ ရင် ခွင်အဝင်ဝတွင် မရွှင်မြူးနိုင်သော်မှ ဝမ်းမနည်းစေရ။ သူ သည် ပန်းဆုကို လက်ထပ်သောနေ့ တွင် ပန်းဆု အတွက် ရင်ခွင်တစ်ခုကို ကောင်းစွာဖန်တီးခဲ့ လေပြီ။
    ပန်းဆု အတွက်မင်္ဂလာဦး နေ့ ရက်များသည် ခက်ခဲကြမ်းတမ်းကောင်း ကြမ်းတမ်းနေခဲ့မည်။ သို့ သော်သူ့အချစ် နွေးနွေးဖြင့် ပန်းဆုကို နွေးထွေးစေခဲ့သည်။ ပန်းဆု အပြုံးလှလှတွေကို သူ့အကြင်နာတွေဖြင့် ဖန်တီးပေးခဲ့  သည်။ ပန်းဆု ဆိတ်ငြိမ်နေချိန်တွင် သူ့ရင်ခုန်သံဖြင့် ပန်းဆုကိုနှစ်သိမ့်ခဲ့ သည်။ အတိတ်ကို ပန်းဆု သတိရနိုင် သော အခြေအနေမျိုးတွေကို အတတ်နိုင်ဆုံး သူရှောင်ရှားနိုင်ခဲ့သည်။ ပန်းဆု၏ ညိုသောမျက်ဝန်းကို ဝင်းလဲ့  အောင် သူ့အပြုံးများဖြင့် မျှဝေခဲ့ သည်။
    သီချင်းဆို ဂစ်တာတီးကောင်းသော ပန်းဆု ချစ်သူလို သူ မတီးမဆိုတတ်ပေမယ့် ပန်းဆု သီးချင်းနားထောင် ချိန်တွင် သူဆိတ်ဆိတ်နေလျက် ပန်းဆုကို သီချင်းတွေ နားထောင်စေခဲ့သည်။ ပန်းဆု လက်မောင်းကို အသာ ပုတ်လျက် စည်းဝါးလိုက်ပေးခဲ့သည်။ သူက အိမ်မှာနေလျက် ပန်းဆု နှင့်အတူ ဒရာမာ ဇာတ်ကား ကောင်း ကောင်း တစ်ခု ကြည့်ချင်ချိန်တွင် ပန်းဆုကြည့်ချင်သော ဟာသရုပ်ရှင်ကြည့်လျက် ပန်းဆု၏ ရယ်မောဖော် ဖြစ်ခဲ့  သည်။
    သူ ကြိုက်သော ကပါချီနိုကော်ဖီသောက်ချင်ချိန်တွင် ပန်းဆုသောက်ချင်သော ဖာလူဒါနှင့်ရွှေပုစွန် ကိတ်ကို အတူလိုက်စားခဲ့သည်။ သူ သိပ်ကြိုက်သော စွန့်  စားခန်းဇာတ်ကားများကို ကြည့်ချင်ချိန်တွင် ပန်းဆု ကြိုက် သော အဆိုတော်၏ Live Show တွင် ပန်းဆုနဲ့ အတူ ရှိနေကာ နားထောင်ပေးခဲ့သည်။
    နံနက်ခင်းလင်းချိန်တွင် သူ့ရင်ခွင်၌ နိုးထလာသော မိန်းကလေးသည် တပါးသောရင်ခွင် အမှတ်ဖြင့် ကြည်နူး နေချိန်တွင် အိပ်ဟန်ပြုကာ သူ လျစ်လျူရှုခဲ့ သည်။ တိတ်ဆိတ်သောညရံ တွင် အိပ်မက်ဆိုးမှ ချစ်သူဟောင်း အမည်ခေါ်လျှက် လန့် နိုးလာသော ပန်းဆု၏ လှိုက်ဖိုသော ရင်ကို အေးမြသောရေ နဲ့ အတူ နားလည်ပြုံးဖြင့် အေးမြစေခဲ့ သည်။
    သူ့မိတ်ဆွေတွေ ကပန်းဆုကို လပ်ထပ်ချင်းအတွက် ဝေဖန်နေကြသည်ကို ပန်းဆုကို ချစ်စိတ်ဖြင့်သူ ဥပေက္ခာ ပြုခဲ့သည်။ ရင့်ရင့်သီးသီး သူ့သိက္ခာကို စော် ကားလာချိန်တွင်တောင် မကြားဟန်ပြုကာ ပန်းဆုမျက်နှာကို မြင် ယောင်၍ ဖြေသိမ့်ခဲ့သည်။ သူ မှားကောင်းမှားမည်။ သို့ သော် သူဖန်ဆင်းခဲ့သော ပန်းဥယျာဉ်တွင် ပန်းဆု အချစ် တွေ သီးပွင့်လာမယ့်နေ့ ကို မျှော်လင့်စောင်းဆိုင်းရင်း ဥယျာဉ်မှူးတစ်ဖြစ်လဲ ပန်းဆု ခင်ပွန်းသည် ဘဝကို ခုံမင် နှစ်သက်မိ ခဲ့သည်။
    သူ့တွင် မာနတွေ မရှိလို့ လား။ ရှိတာပေါ့ သူ့လောက်မာနကြီးတဲ့ သူ မရှိဟုတောင် သူထင်ခဲ့သည်။ မိန်းမတစ် ယောက်တစ်အတွက် သူ့မာနတွေ မကျ ဆုံးစေရလို့  တောင် အသံကောင်းဟစ်ခဲ့ သေးသည်ပဲ။ ပန်းဆု ဟူသော မိန်းကလေး ကိုစတွေ့ လိုက်ရသော နေ့ တွင် သူ့မာနတွေသည် ပိန်းကြာဖက်၌ ရေမတင်ဘိသကဲ့ သို့ကျဆင်း ပျောက်ကွယ်လျှက် အချစ်ဟူသော ခွန်းအားကိုသာဖြစ်စေခဲ့ သည်။
    သူ ဖန်တီးပေးခဲ့ သော ပန်းဆုအတွက်ရင်ခွင်သည် လိုအပ်ချက်တွေ ရှိနေပါသေးလျှင် သူ ပေးလိုက်ချင်ပါသေး သည်။ သို့ သော် ပန်းဆု၏ ပြောင်းလဲလာ သော အခြေအနေ တွေက သူ ဒီဥယျာဉ်ကြီးကို ကောင်းသည်ထက် ကောင်း သာသည်ထက် သာလေအောင် အသက်သွင်းစေရန် အားအင်တွေဖြစ်စေခဲ့ သည်။ ပန်းဆု ကိုသူ ယုံကြည်ခဲ့ သည်။ သူ့ဘဝကို ပန်းဆုဘဝ ထဲသို့ ရောနှောလျက် တသားတည်းဖြစ်အောင်သူ ပြုပြင်စေခဲ့သည်။
    ပန်းဆု သက်ပြင်းကို အသာအယာချလိုက်ကတည်းက သူ ဖျတ်ခနဲ့ နိုးနေလေပြီ။ သို့ သော် ပန်းဆုကို သူ့ရင် ခွင်မှ ဖယ်ရှားလျှက် ဤအိပ်ယာထက်မှ ထ လိုက်ရမည်ကို သူအနည်းငယ်စိုးရွံ့ နေသေးသဖြင့် ပန်းဆုကိုဆက် လက် ထွေးပွေ့ ရင်း အသာမိန်းမောနေလိုက်သည်။ ရုတ်တရက် ပန်းဆုက သူ့မေးကို ဖွဖွလေးနမ်းလိုက်သဖြင့် သူ အံ့အားသင့်သွားမိသည်။
    ပန်းဆု မျက်ဝန်းတွေက ရှက်ရွံ့ စွာ တောက်ပနေခဲ့ သည်။ မို့ အစ်အစ်ကလေးဖြစ်နေသော ပန်းဆုမျက် နှာလေး သူ့ရင်ခွင်ထဲသို့တိုးဝှေ့ ပျောက်ကွယ်သွား ပုံမှာ အလွန်တရာ မြတ်နိုးစာရာ ကောင်းနေလေသည်။ နေခြည်ဖြာ ကျနေသော သူ နဲ့ ပန်းဆုတို့ ၏ အိပ်ခန်းလေးတွင်းသို့ လေပြေက သုတ်ကနဲ တိုက်ခတ် လာသည်။ သူ့ ဥယျာဉ် ကြီးသည် ယနေ့ တွင် စတင်၍ ဖူးပွင့်ခဲ့ လေပြီ။
    သူ့ရင်သည် ပန်းဆု၏ ပါးပြင်နှင့် အတူ နွေးထွေးလို့ နေသည်။ ဒီအနမ်း ဘာကို ဆိုလိုသည် ဆိုတာကို သူ သိသည်ပေါ့။ တစ်နှစ်တာ ပေါင်းသင်းခဲ့ ပြီဖြစ် သော ဇနီးဖြစ်သူ၏ ခြေလှမ်းတိုင်း အရိပ်တိုင်းကို သူ အလွတ်ရနေ ပေပြီ။ သူ့အချစ် သြဇာဖြင့်ဖူးသစ်လာသော ပန်းတစ်ပွင့်သည် ယခုအခါ သူ့မေတ္တာရိပ် အောက်တွင် စွင့်စွင့်ကား ကားဖြင့် ကျက်သရေရှိစွာ လှပလို့ နေခဲ့ ပြီဖြစ်သည်။
    သူ ကျေနပ်စွာ ပြုံးမိသည်။ ပန်းဆုကိုလည်း ပိုမိုတင်းကြပ်စွာ ဖက်တွယ်လိုက်မိသည်။ ပန်းဆုသည် သူ့အတွက် အမှန်ပင် ဆုလာဒ်တစ်ခုဖြစ်လာခဲ့ လေပြီ။ သူ့ရင်ထဲက အချစ်တွေ ဖြင့် ကြီးပွားနေသော ပန်းဆု အတွက်ဖန် တီး ပေးခဲ့ သော သူ့ရင်ခွင်သည် ပြီးပြည့်စုံခြင်းသို့ တိုင်ခဲ့ လေပြီ။ သူ ပန်းဆု၏ ရှင်းသန့် ဖြူစင်သော နဖူးပြင် ကို နှစ်နှစ်ကာကာဖြင့် နမ်းရှိုက်လိုက်မိပါသည်။ သူ့အချစ်အိမ်လေးသည် ချစ်သူနှစ်ဦး၏ ရယ်သံလွင်လွင်များ ဖြင့်……
    ရန်ကုန်သား (ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း) PatheinCity News | ရသစာပေ
    (ဤစာမူသည် စာရေးဆရာ ရန်ကုန်သား(ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း) ၏ ဝထ္ထုတို  ဖြစ်ပါသည်။ ပြန်လည် ကူးယူ ဖော်ပြလိုပါက စာရေးဆရာ ရန်ကုန်သား(ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း) ထံမှ ခွင့်ပြုချက် ကြိုတင် တောင်းခံရန် လိုအပ်ပါသည်။ )
    ကျေးဇူးတင်စွာဖြင့်
    မြို့တော်ပုသိမ် သတင်းစဉ်
    ဆက်စပ်ပြီး ဖတ်ရှုရန် - ခြားနားရင်ခွင်
    Share and Enjoy:
    • Print
    • email
    • RSS
    • Add to favorites
    • PDF
    • Facebook
    • Twitter
    • MySpace
    • Google Bookmarks
    • Yahoo! Buzz
    • Yahoo! Bookmarks
    • Live
    • del.icio.us
    • MSN Reporter
    • Blogplay
    Related Posts
    This entry was posted on Saturday, November 20th, 2010 at 8:04 am and is filed under ဝထ္ထုတို. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • 5 Comments
    Take a look at some of the responses we've had to this article.
    ယခုဖော်ပြထားသော အကြောင်းအရာနှင့် ပါတ်သက်၍ စာဖတ်သူများ၏ သဘောထား အမြင်များကို အောက်တွင် ကြည့်ရှု နိုင်ပါသည်။
    1. summer
      Nov 21st
      Reply
      ဖတ်လိုကောင်းပါတယ်ဒါပေမဲ့ငိုချင်တယ်ဗျာ
      Like or Dislike: Thumb up 1 Thumb down 0
    2. Nov 21st
      Reply
      ကောင်းပါတယ် ဒီလောက်ချစ်နိုင်တဲ့သူရှိသေးမယ်လို့တစ်ခါမှမတွေးမိဘူး
      Like or Dislike: Thumb up 2 Thumb down 0
    3. [...] ရင်ခွင်တစ်ခု ဖန်ဆင်းခြင်းသူမ၏ညရင်ထဲက နေရာလေး တစ်ခု [...]
      Like or Dislike: Thumb up 0 Thumb down 0
    4. မိုမိုကို
      Dec 20th
      Reply
      ဒီလိုချစ်နိုင်တဲ့သူမျိုး အပြင်မှာ တကယ်ရှိမယ်လို့တော့ မထင်ဘူး…..ဇာတ်လမ်းလေးက အရမ်းဖတ်လို့ကောင်းပါတယ်……ဒီဆိုဒ်လေးကို အရင်က ၀င်မကြည့်ဖူးဘူး…..facebook မှာ link လေးတင်ထားတာတွေ့လို့ ၀င်ကြည့်ဖြစ်သွားတာပါ…….. ကဏ္ဍစုံစုံလင်လင်နဲ့ ဖတ်စရာတွေလဲ အများကြီးဖြစ်လို့ ဒီဆိုဒ်လေးကို တည်ထောင်ထားတဲ့သူတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ…………
      Like or Dislike: Thumb up 3 Thumb down 0
    5. အဲဒီအချစ်ကိုပိုင်ဆိုင်တဲ.မိန်းကလေးက ဒီောကမှာကံအကောင်းဆုံးပဲ
      Like or Dislike: Thumb up 0 Thumb down 0
  • Leave a Reply
    Let us know what you thought.
    ဤ အကြောင်းအရာနှင့် ပါတ်သက်၍ လူကြီးမင်း၏ သဘောထား အမြင်ကိုလည်း ရေးသားစေလိုပါသည်။
  • Name (required):
    Email (required):
    Website:
    Message: