မြန်မာနိုင်ငံတွင် လက်ရှိ ဟိုတယ်အရေအတွက် ၆၄၆ ခု နှင့် အခန်းပေါင်း ၂၁၃၆၈ ခန်းရှိရာ လာမည့် ၂၀၁၁ ခုနှစ်အတွင်း ဟိုတယ် အသစ်များစွာ ဆက်လက် ထွက်ပေါ်လာဦးမည် ဖြစ်ကြောင်း ဟိုတယ် လုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံ အဖွဲ့အစည်း HVS Internation ၏ ဝဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အသစ်ထွက်ပေါ်လာမည့် ဟိုတယ်များမှာ အင်းလေးကန်တွင် တည်ရှိမည့် ဘန်ဂလို ၆၆ ခု ပါဝင်သော Inle Max ဟိုတယ်၊ ငပလိ ကမ်းခြေတွင် တည်ရှိမည့် ဘန်ဂလို အလုံး ၇၀ ပါဝင်သော Ngapali Max ဟိုတယ်၊ ရန်ကုန်မြို့တော်တွင် တည်ရှိမည့် အခန်း ၃၀၀ ပါဝင်သော Centerpoint Towers Hotel ၊ နေပြည်တော်တွင် တည်ရှိမည့် အခန်း ၁၂၀ ပါဝင်သော Sky Blue Hotel နှင့် ငပလီ ကမ်းခြေရှိ အခန်း ၉၀ ပါ Myanmar Treasure Resort Ngapali တို့ ဖြစ်ကြသည်။
ဟိုတည်သစ်များ တည်ဆောက်မည့် အစီအစဉ်သည် စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပြီး ယခုနှစ်အတွင်း နိုင်ငံ၏ မြို့တော်တွင်လည်း ဟိုတယ်ခန်းပေါင်း ၂၀၀ ကျော် ထပ်မံ တိုးချဲ့လာဖွယ်ရှိသည်ဟု သိရသည်။
PatheinCity News | Source:HVS Internation


















အဲဒီဟော်တယ်တွေထဲက ငပလီ Ngapali Max မှာ ချစ်သူလေးနဲ့ အတူတူ သွားတည်းပစ်လိုက်မယ်….ဟီးဟီး
Like or Dislike:
1
1