ဘန်ကောက်-October 02, 2010
တပ်ဖြန့် လေ့ကျင့်ရေး တာဝန်ယူထားသော အမေရိကန် ရေတပ် လေယဉ်တင် သင်္ဘော ယူအက်စ်အက်စ် ဂျော့ဒ် ဝါရှင်တန် (USS George Washington) သည် ထိုင်းနိုင်ငံ အရှေ့ပိုင်းသို့ အောက်တိုဘာလ ၂ ရက် စနေနေ့က ဆိုက်ရောက်လာသည်။ အနောက်ဖစ္စဖိတ် သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်ခန်းများ ပြီးဆုံးသောကြောင့် ထိုင်းနိုင်ငံသို့ ၅ ရက်ကြာ ကမ်းကပ်၍ ချစ်ကြည်ရေး လည်ပါတ်ခြင်းဖြစ်သည်။




ယခုတစ်ကြိမ် ထိုင်နိုင်ငံသို့ ကမ်းကပ် ချစ်ကြည်ရေး လည်ပါတ်ခြင်းသည် ယူအက်စ်အက်စ် ဂျော့ဒ် ဝါရှင်တန် ၏ ယခုနှစ် နွေရာသီအတွင်း ၄ ကြိမ်မြောက် ကမ်းကပ် ချစ်ကြည်ရေး လည်ပါတ်ခြင်း ဖြစ်ကာ ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိ လည်ပါတ်ခြင်းလည်း ဖြစ်သည်။
PatheinCity News | Source:Xinhua

















