ရန်ကုန် – October 25, 2010
ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်းသည် ကရင်ပြည်နယ် ကိုယ်စားပြု ဇွဲကပင် ယူနိုက်တက် အသင်းကို ၁ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
ယနေ့ပွဲတွင် ပထမပိုင်း၌ ဂိုးမရှိ သရေကျနေခဲ့ပြီး ဒုတိယပိုင်း ၇၂ မိနစ်တွင် ဇွဲကပင် အသင်းမှ ပင်နယ်တီ ကန်ခွင့်ရခဲ့သည်။ ယင်းပင်နယ်တီကို ဇွဲကပင် ကွင်းလယ်ကစားသမား ညွန့်ဝင်းက အမှားအယွင်း မရှိကန်သွင်းယူ နိုင်ခဲ့ပြီး ပွဲကို ဦးဆောင်နိုင်ခဲ့သည်။ ဒယ်လ်တာ ယူနိုက်တက် အသင်းသည် ချေပဂိုး ရရှိရေး ကြိုးပမ်းခဲ့ကြသော်လည်း ဇွဲကပင် အသင်းမှ ကစားသမားများသည် ပွဲပြီးသည် အထိ တသင်းလုံး ကြံကြံခံ ခုခံကာကွယ် ဖျက်ထုတ်သွား နိုင်ကြောင်း တွေ့ရသည်။
ထို့ကြောင့် ဇွဲကပင်အသင်းသည် ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းအနိုင်ရလဒ်မှာ ဇွဲကပင်ယူနိုက်တက်အတွက် မြန်မာနေရှင်နယ်လိဂ်တွင် ပထမဆုံးရရှိသည့် သမိုင်းဝင် နိုင်ပွဲလည်း ဖြစ်သည်။ ဒယ်လ်တာ အသင်းမှာမူ ယခုပွဲရှုံးနိမ့်မှုကြောင့် နေရာ အပြောင်းအလဲ မရှိဘဲ အဆင့်(၈) နေရာ၌ ဆက်လက်ရပ်တည် ခဲ့သော်လည်း ဇွဲကပင် ယူနိုက်တက်ကို ပထမဆုံး ရှုံးဖူးသည့် မြန်မာနေရှင်နယ်လိဂ် အသင်းအဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။
ဒယ်လ်တာ ယူနိုက်တက်သည် ယမန်နှစ် ဘောလုံးရာသီက ဒုတိယရခဲ့သော အသင်းဖြစ်သော်လည်း၊ ယခုနှစ် ဘောလုံးရာသီတွင်မူ ရလဒ်မှား ဆိုးဝါးနေပြီး အသင်းသစ်များ ဖြစ်သော ဇွဲကပင် ယူနိုက်တက်နှင့် မနောမြေ အက်ဖ်စီ တို့ကိုပါ ရှုံးနိမ့်ခဲ့ကြောင်း တွေ့ရသည်။
၂၀၀၉-၂၀၁၀ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ကိုယ်စားပြုသော ဘောလုံးအသင်း(၁၁)သင်း ပါဝင် ယှဉ်ပြိုင်လျက် ရှိသည်။
Reporter:ဧရာဝတီသား | PatheinCity News


















စိတ်ပျက်စရာပါလားနော်…
ဘယ်သူမှမရှုံ့းဘူးတဲ့အသင်းကိုရှုံးဖူးခဲ့တာဂုဏ်ယူရမလိုဖြစ်နေပြီ..
Like or Dislike:
0
0
ဒါမှ တို့ ဒယ်လ်တာ ယူနိုက်တက် အသင်းကွ….ဂုဏ်ယူလိုက်ကြ စမ်းပါ…
Like or Dislike:
0
0
အဲ့လိုလုပ်ပါဇွဲကပင်ရ..ကြိုးစားထား..ကရင်ပြည်နယ်သားဟ….^_^
Like or Dislike:
0
0